ပေါ်ဆန်းမွှေးဆန်များကို ဇူလိုင်(၁)ရက်နေ့မှစ၍ အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချပေးမည်

 491

ယွန်း (NP News) - ဇွန် ၂၆

ပေါ်ဆန်းမွှေးဆန်များ အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဇွန်လ(၂၅)ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အပါအဝင် မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပေါ်ဆန်းမွှေးဆန်များကို လာမည့် ဇူလိုင်(၁)ရက်နေ့မှစ၍ ဖြန့်ဖြူးရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအစီအစဥ်အရ ရန်ကုန်မြို့ အပါအဝင် နေပြည်တော်နှင့် မန္တလေးမြို့တို့၌ အိမ်အရောက်ပို့စနစ်ဖြင့် ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဆိုထားသည်။ ရောင်းချမည့် ဆန်များတွင် ရွှေဘိုပေါ်ဆန်း(၁၀၈)ပေါင် (၂၄)ပြည်တစ်အိတ်လျှင် အိမ်အရောက်ဈေးနှုန်း ငွေကျပ်(၁၅၂၀၀၀)၊ ဧရာဝတီပေါ်ဆန်း (၁၀၈)‌ပေါင် (၂၄)ပြည်တစ်အိတ်လျှင် ငွေကျပ် (၁၃၀၀၀၀) နှင့် ဧရာဝတီပေါ်ဆန်း (၁၀)ကီလို (၅)ပြည်ခန့် တစ်အိတ်လျှင် (၂၆၅၀၀)ကျပ် သတ်မှတ်ထားကြောင်း သိရသည်။

ဝယ်ယူလိုသူများအနေဖြင့် Viber ဖုန်းနံပါတ်ဖြစ်သည့် ၀၉-၄၀၀၀၆၇၂၄၀၊ ၀၉-၄၀၀၀၆၇၂၅၀၊ ၀၉-၄၀၀၀၆၇၂၆၀ နှင့် Email နံပါတ် [email protected] ကို ဆက်သွယ်မှာကြားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ငွေပေးချေမှုကို KBZ Pay သို့မဟုတ် အခြားနည်းလမ်းဖြင့် ဆောင်ရွက်နိုင်ပြီး ငွေပေးသွင်းပြီးသည့် အချိန်မှစတင်၍ အများဆုံး (၃)ရက်အတွင်း ဆန်အိတ်များကို လိပ်စာပါအတိုင်း အိမ်အရောက်ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ MRF အနေဖြင့် အခြားဆန်အမျိုးအစားများနှင့် ထုပ်ပိုးမှုပုံစံအမျိုးမျိုးကိုလည်း အိမ်အရောက်ပို့စနစ်ဖြင့် ဖြန့်ဖြူးနိုင်ရေးကို တိုးချဲ့ဆောင်ရွက်နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။ ထို့ပြင် အဆိုပါသတ်မှတ်ဈေးနှုန်းများသည် ရည်ညွှန်းဈေးများနှင့်အညီ သင့်တင့်မျှတသောဈေးနှုန်းများဖြစ်ပြီး ထပ်မံလျော့ချနိုင်ရေးကိုလည်း ဆောင်ရွက်နေခြင်းကြောင့် အမှန်လိုအပ်မှုအတွက်သာမှာယူရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထည့်သွင်းအသိပေးထားသည်။

zawgyi version
ေပၚဆန္းေမႊးဆန္မ်ားကို ဇူလိုင္(၁)ရက္ေန႔မွစ၍ အိမ္အေရာက္ပို႔စနစ္ျဖင့္ ေရာင္းခ်ေပးမည္

ယြန္း (NP News) - ဇြန္ ၂၆

ေပၚဆန္းေမႊးဆန္မ်ား အိမ္အေရာက္ပို႔စနစ္ျဖင့္ ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္က ဇြန္လ(၂၅)ရက္ေန႔တြင္ အသိေပးထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ အပါအဝင္ ျမန္မာႏိုင္ငံဆန္စက္လုပ္ငန္းရွင္မ်ားအသင္း၊ ျမန္မာႏိုင္ငံဆန္စပါးကုန္သည္မ်ားအသင္းတို႔၏ ပူးေပါင္းေဆာင္႐ြက္မႈျဖင့္ ေပၚဆန္းေမႊးဆန္မ်ားကို လာမည့္ ဇူလိုင္(၁)ရက္ေန႔မွစ၍ ျဖန႔္ျဖဴးေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း သိရသည္။

အဆိုပါအစီအစဥ္အရ ရန္ကုန္ၿမိဳ႕ အပါအဝင္ ေနျပည္ေတာ္ႏွင့္ မႏၲေလးၿမိဳ႕တို႔၌ အိမ္အေရာက္ပို႔စနစ္ျဖင့္ ျဖန႔္ျဖဴးေရာင္းခ်သြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္က ဆိုထားသည္။ ေရာင္းခ်မည့္ ဆန္မ်ားတြင္ ေ႐ႊဘိုေပၚဆန္း(၁၀၈)ေပါင္ (၂၄)ျပည္တစ္အိတ္လွ်င္ အိမ္အေရာက္ေဈးႏႈန္း ေငြက်ပ္(၁၅၂၀၀၀)၊ ဧရာဝတီေပၚဆန္း (၁၀၈)‌ေပါင္ (၂၄)ျပည္တစ္အိတ္လွ်င္ ေငြက်ပ္ (၁၃၀၀၀၀) ႏွင့္ ဧရာဝတီေပၚဆန္း (၁၀)ကီလို (၅)ျပည္ခန႔္ တစ္အိတ္လွ်င္ (၂၆၅၀၀)က်ပ္ သတ္မွတ္ထားေၾကာင္း သိရသည္။

ဝယ္ယူလိုသူမ်ားအေနျဖင့္ Viber ဖုန္းနံပါတ္ျဖစ္သည့္ ၀၉-၄၀၀၀၆၇၂၄၀၊ ၀၉-၄၀၀၀၆၇၂၅၀၊ ၀၉-၄၀၀၀၆၇၂၆၀ ႏွင့္ Email နံပါတ္ [email protected] ကို ဆက္သြယ္မွာၾကားႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။ ထို႔ျပင္ ေငြေပးေခ်မႈကို KBZ Pay သို႔မဟုတ္ အျခားနည္းလမ္းျဖင့္ ေဆာင္႐ြက္ႏိုင္ၿပီး ေငြေပးသြင္းၿပီးသည့္ အခ်ိန္မွစတင္၍ အမ်ားဆုံး (၃)ရက္အတြင္း ဆန္အိတ္မ်ားကို လိပ္စာပါအတိုင္း အိမ္အေရာက္ေပးပို႔သြားမည္ျဖစ္ေၾကာင္း သိရသည္။

အလားတူ MRF အေနျဖင့္ အျခားဆန္အမ်ိဳးအစားမ်ားႏွင့္ ထုပ္ပိုးမႈပုံစံအမ်ိဳးမ်ိဳးကိုလည္း အိမ္အေရာက္ပို႔စနစ္ျဖင့္ ျဖန႔္ျဖဴးႏိုင္ေရးကို တိုးခ်ဲ႕ေဆာင္႐ြက္ႏိုင္ရန္ စီစဥ္သြားမည္ျဖစ္ေၾကာင္း အသိေပးထုတ္ျပန္ထားသည္။ ထို႔ျပင္ အဆိုပါသတ္မွတ္ေဈးႏႈန္းမ်ားသည္ ရည္ၫႊန္းေဈးမ်ားႏွင့္အညီ သင့္တင့္မွ်တေသာေဈးႏႈန္းမ်ားျဖစ္ၿပီး ထပ္မံေလ်ာ့ခ်ႏိုင္ေရးကိုလည္း ေဆာင္႐ြက္ေနျခင္းေၾကာင့္ အမွန္လိုအပ္မႈအတြက္သာမွာယူရန္ ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္က ထည့္သြင္းအသိေပးထားသည္။

Picture

09651283457

26/06/2024 21:34

လောဘစိတ်နဲ့ မှာပြီး ပြန်ရောင်းမှာကိုလည်း ထည့်စဥ်းစားပြီး ထိန်းသိမ်းပေးပါ

Picture

Zhoxiao Yang

27/06/2024 03:59

Yuor

Related news

© 2021. All rights reserved.