သာကေတမြို့နယ်ရှိ ကမာကြည်တံတားပေါ်တွင် ကားမောင်းလာသည့် အမျိုးသားတစ်ဦး ရုတ်တရက်ကားရပ်၍ တံတားပေါ်မှ ခုန်ချ
43388
သန့်ဇင် (NP News) - ဇွန်လ ၂၇
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ ကမာကြည်တံတားပေါ်တွင် ကားမောင်းလာသည့် အမျိုးသားတစ်ဦး ရုတ်တရက်ကားရပ်၍ တံတားပေါ်မှခုန်ချမှုဖြစ်ပွား သာကေတမြို့နယ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဇွန် ၂၇ ရက်)၊ နံနက် ၁ နာရီ ၅ဝ မိနစ်အချိန်ခန့်က သာကေတမြို့နယ်၊ ကမာကြည်တံတား အမှတ်(၁)ပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ကတော့ ရှာဖွေတဲ့အချိန်မှရောက်တာပါ။ ပြောကြတာတော့ အမျိုးသားတစ်ယောက်က Nissan ကား အခုံးလေးနဲ့ရောက်လာပြီး တံတားအယ်နားမရောက်ခင်မှာ ကားကိုရပ်ပြီးခုန်ချသွားတာလို့ သိရတယ်” ဟု သာကေတမြို့နယ်လူမှု ကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
တံတားပေါ်မှ ခုန်ချသွားသူမှာ အသက်(၄၀)ကျော်ဝန်းကျင် အမျိုးသားတစ်ဦးဖြစ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူများ က မိသားစုနှင့်ဆက်သွယ်ခဲ့ပြီးနောက် ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
“မိသားစုကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆက်သွယ်တော့ ရတယ်ဗျ။ ခုန်ချသွားတဲ့လူကိုတော့ လက်ရှိ အချိန်ထိတော့ မတွေ့သေးဘူး။ အဲဒီတံတားပေါ်မှာက ခဏခဏခုန်ချတယ်။ အခုနှစ်ကတော့ ခုန်ချတာမရှိသေး ဘူး။ အရင်နှစ်တွေကတော့ ခုန်ချတာတွေ ရှိတယ်။ ကျွန်တော်တို့အသင်းကပဲ အဲဒီတံတားပေါ်ကနေ ခုန်ချမယ့် လူကယ်နိုင်လိုက်တာ(၂)ယောက်လောက်ရှိပြီ” ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် တံတားပေါ်မှခုန်ချသွားသူအမျိုးသားကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပရဟိတအသင်းများပူးပေါင်း ကာ ရှာဖွေကယ်ဆယ်ရေးများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Zawgyi Version;
သာေကတၿမိဳ႕နယ္ရွိ ကမာၾကည္တံတားေပၚတြင္ ကားေမာင္းလာသည့္ အမ်ိဳးသားတစ္ဦး ႐ုတ္တရက္ကားရပ္၍ တံတားေပၚမွ ခုန္ခ်
သန႔္ဇင္ (NP News) - ဇြန္လ ၂၇
ရန္ကုန္တိုင္း၊ သာေကတၿမိဳ႕နယ္ရွိ ကမာၾကည္တံတားေပၚတြင္ ကားေမာင္းလာသည့္ အမ်ိဳးသားတစ္ဦး ႐ုတ္တရက္ကားရပ္၍ တံတားေပၚမွခုန္ခ်မႈျဖစ္ပြား သာေကတၿမိဳ႕နယ္လူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ဇြန္ ၂၇ ရက္)၊ နံနက္ ၁ နာရီ ၅ဝ မိနစ္အခ်ိန္ခန႔္က သာေကတၿမိဳ႕နယ္၊ ကမာၾကည္တံတား အမွတ္(၁)ေပၚတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ကေတာ့ ရွာေဖြတဲ့အခ်ိန္မွေရာက္တာပါ။ ေျပာၾကတာေတာ့ အမ်ိဳးသားတစ္ေယာက္က Nissan ကား အခုံးေလးနဲ႔ေရာက္လာၿပီး တံတားအယ္နားမေရာက္ခင္မွာ ကားကိုရပ္ၿပီးခုန္ခ်သြားတာလို႔ သိရတယ္” ဟု သာေကတၿမိဳ႕နယ္လူမႈ ကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
တံတားေပၚမွ ခုန္ခ်သြားသူမွာ အသက္(၄၀)ေက်ာ္ဝန္းက်င္ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး သက္ဆိုင္ရာတာဝန္ရွိသူမ်ား က မိသားစုႏွင့္ဆက္သြယ္ခဲ့ၿပီးေနာက္ ရွာေဖြကယ္ဆယ္ေရးမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
“မိသားစုကိုေတာ့ သက္ဆိုင္ရာတာဝန္ရွိသူေတြက ဆက္သြယ္ေတာ့ ရတယ္ဗ်။ ခုန္ခ်သြားတဲ့လူကိုေတာ့ လက္ရွိ အခ်ိန္ထိေတာ့ မေတြ႕ေသးဘူး။ အဲဒီတံတားေပၚမွာက ခဏခဏခုန္ခ်တယ္။ အခုႏွစ္ကေတာ့ ခုန္ခ်တာမရွိေသး ဘူး။ အရင္ႏွစ္ေတြကေတာ့ ခုန္ခ်တာေတြ ရွိတယ္။ ကြၽန္ေတာ္တို႔အသင္းကပဲ အဲဒီတံတားေပၚကေန ခုန္ခ်မယ့္ လူကယ္ႏိုင္လိုက္တာ(၂)ေယာက္ေလာက္ရွိၿပီ” ဟု ၎က ဆက္လက္ေျပာသည္။
လက္ရွိတြင္ တံတားေပၚမွခုန္ခ်သြားသူအမ်ိဳးသားကို သက္ဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ပရဟိတအသင္းမ်ားပူးေပါင္း ကာ ရွာေဖြကယ္ဆယ္ေရးမ်ား ဆက္လက္ျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။