ကွန်ပျူတာကျောင်းသားတစ်ဦး Facebook တွင် နောက်ဆုံးနှုတ်ဆက်ကာ စစ်တောင်းတံတားပေါ်မှ ခုန်ချမှုဖြစ်ပွားခဲ့

 19771

သန့်ဇင် (NP News) - ဇွန် ၂၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ စစ်တောင်းတံတားပေါ်မှ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားတစ်ဦး Facebook တွင် နောက်ဆုံးနှုတ်ဆက်ကာ ခုန်ချသွားခဲ့ကြောင်း ကရုဏာရင်ခွင်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၂၆ ရက်)၊ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်ခန့်က တောင်ငူမြို့၊ စစ်တောင်းတံတားပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ခုန်ချသွားတဲ့ သူက တောင်ငူကွန်ပျူတာတက္ကသိုလ်က ဒုတိယနှစ်ကျောင်းသားလေးပါ။ ကျောင်းဆင်းတဲ့အချိန် တံတားကို ဆိုင်ကယ်နဲ့ လာတာ။ အဲဒီနောက် တံတားပေါ်လမ်းဆင်းလျှောက်ပြီး တံတားအလယ်လောက် အရောက်မှာ ခုန်ချသွားတာပါ။ Facebook မှာလည်း ပိုစ့်တင်သွားတယ်။ သူ့အမေကိုယ်တိုင်ကလည်း ဘာကြောင့် အခုလိုလုပ်သွားတာလည်းမသိပါဘူး ပြောတယ်” ဟု ကရုဏာရှင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါခုန်ချသွားသူမှာ တောင်ငူမြို့ရှိ ကွန်ပျူတာတက္ကသိုလ်၊ ဒုတိယနှစ်မှ အသက်(၂၄)နှစ်အရွယ် ကျောင်းသား တစ်ဦးဖြစ်ပြီး ၎င်း၏ လူမှုကွန်ရက် Facebook စာမျက်နှာတွင် “လေလွှင့်ချင်ရာ လွှင့်ပြီးတဲ့နောက် ဒီတစ်ခါတော့ မျောပါတော့မယ်၊ ကိုယ်လမ်းကိုရွေးချယ်ခြင်းသာ” ဟုလည်းကောင်း၊ Facebook Myday တွင်လည်း” အားလုံးပဲ တာ့တာပါခင်ဗျာ စစ်တောင်းမြစ်” ဟုလည်းကောင်း နောက်ဆုံးနှုတ်ဆက်ကာ ခုန်ချသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူခုန်ချသွားတဲ့အချိန်ကတော့ စစ်တောင်းမြစ်ရေကတက်နေတဲ့အချိန်ပါ။ ကျွန်တော်တို့လည်း အခြားအသင်းတွေ နဲ့ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ခဲ့တယ်။ အခုအချိန်တော့ မြစ်ရေကျနေပေမယ့် ရှာနေတာ မတွေ့သေး ပါဘူး။ အဲဒီတံတားပေါ်က ခုန်ချတာ အခုကလေးအပါအဝင်ဆို (၂)ယောက်ရှိသွားပြီ” ဟု ၎င်းက ဆက်လက်ပြော သည်။

ခုန်ချသွားသူအမျိုးသားကို တောင်ငူမြို့နယ်မီးသတ်တပ်ဖွဲ့ အပါအဝင် မြို့ခံပရဟိတအသင်းများနှင့် အခြားကူညီ ကယ်ဆယ်ရေးအသင်းများက ဆက်ရှာဖွေနေလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ကြန္ပ်ဴတာေက်ာင္းသားတစ္ဦး Facebook တြင္ ေနာက္ဆုံးႏႈတ္ဆက္ကာ စစ္ေတာင္းတံတားေပၚမွ ခုန္ခ်မႈျဖစ္ပြားခဲ့

သန႔္ဇင္ (NP News) - ဇြန္ ၂၇

ပဲခူးတိုင္းေဒသႀကီး၊ ေတာင္ငူၿမိဳ႕ရွိ စစ္ေတာင္းတံတားေပၚမွ ကြန္ပ်ဴတာတကၠသိုလ္ေက်ာင္းသားတစ္ဦး Facebook တြင္ ေနာက္ဆုံးႏႈတ္ဆက္ကာ ခုန္ခ်သြားခဲ့ေၾကာင္း က႐ုဏာရင္ခြင္လူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဇြန္လ ၂၆ ရက္)၊ ညေန ၄ နာရီ ၁၅ မိနစ္အခ်ိန္ခန႔္က ေတာင္ငူၿမိဳ႕၊ စစ္ေတာင္းတံတားေပၚတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ခုန္ခ်သြားတဲ့ သူက ေတာင္ငူကြန္ပ်ဴတာတကၠသိုလ္က ဒုတိယႏွစ္ေက်ာင္းသားေလးပါ။ ေက်ာင္းဆင္းတဲ့အခ်ိန္ တံတားကို ဆိုင္ကယ္နဲ႔ လာတာ။ အဲဒီေနာက္ တံတားေပၚလမ္းဆင္းေလွ်ာက္ၿပီး တံတားအလယ္ေလာက္ အေရာက္မွာ ခုန္ခ်သြားတာပါ။ Facebook မွာလည္း ပိုစ့္တင္သြားတယ္။ သူ႔အေမကိုယ္တိုင္ကလည္း ဘာေၾကာင့္ အခုလိုလုပ္သြားတာလည္းမသိပါဘူး ေျပာတယ္” ဟု က႐ုဏာရွင္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါခုန္ခ်သြားသူမွာ ေတာင္ငူၿမိဳ႕ရွိ ကြန္ပ်ဴတာတကၠသိုလ္၊ ဒုတိယႏွစ္မွ အသက္(၂၄)ႏွစ္အ႐ြယ္ ေက်ာင္းသား တစ္ဦးျဖစ္ၿပီး ၎၏ လူမႈကြန္ရက္ Facebook စာမ်က္ႏွာတြင္ “ေလလႊင့္ခ်င္ရာ လႊင့္ၿပီးတဲ့ေနာက္ ဒီတစ္ခါေတာ့ ေမ်ာပါေတာ့မယ္၊ ကိုယ္လမ္းကိုေ႐ြးခ်ယ္ျခင္းသာ” ဟုလည္းေကာင္း၊ Facebook Myday တြင္လည္း” အားလုံးပဲ တာ့တာပါခင္ဗ်ာ စစ္ေတာင္းျမစ္” ဟုလည္းေကာင္း ေနာက္ဆုံးႏႈတ္ဆက္ကာ ခုန္ခ်သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သူခုန္ခ်သြားတဲ့အခ်ိန္ကေတာ့ စစ္ေတာင္းျမစ္ေရကတက္ေနတဲ့အခ်ိန္ပါ။ ကြၽန္ေတာ္တို႔လည္း အျခားအသင္းေတြ နဲ႔ပူးေပါင္းၿပီး ရွာေဖြကယ္ဆယ္ေရးေတြ လုပ္ခဲ့တယ္။ အခုအခ်ိန္ေတာ့ ျမစ္ေရက်ေနေပမယ့္ ရွာေနတာ မေတြ႕ေသး ပါဘူး။ အဲဒီတံတားေပၚက ခုန္ခ်တာ အခုကေလးအပါအဝင္ဆို (၂)ေယာက္ရွိသြားၿပီ” ဟု ၎က ဆက္လက္ေျပာ သည္။

ခုန္ခ်သြားသူအမ်ိဳးသားကို ေတာင္ငူၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ အပါအဝင္ ၿမိဳ႕ခံပရဟိတအသင္းမ်ားႏွင့္ အျခားကူညီ ကယ္ဆယ္ေရးအသင္းမ်ားက ဆက္ရွာေဖြေနလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.