ရေဘေးအန္တရာယ်ကြုံတွေ့ရပါက ကူညီကယ်ဆယ်ရေးတွင် အသုံးချရန် အခမဲ့ရေကူးသင်တန်းပေးရန်စီစဉ်နေ

 699

သန့်ဇင် (NP News) - ဇွန် ၂၈

ရေဘေးအန္တရာယ်ကြုံတွေ့ရပါက ကူညီကယ်ဆယ်ရေးတွင် အသုံးချရန် အခမဲ့ရေကူး သင် တန်းပေးရန် စီစဉ်နေကြောင်း တစ်ကိုယ်တော်ပရဟိတလုပ်ငန်းများကိုလုပ်ဆောင်နေသူ ဦးမောင်က NP News ကိုပြောသည်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကြောင့် ယခုနောက်ပိုင်းကာလများတွင် မြန်မာနိုင်ငံ၌ ရေဘေးကြုံတွေ့ရမှုများပိုမိုများပြားလာကာ မြန်မာနိုင်ငံအတွင်းရှိ လူမှုကယ်ဆယ်ရေးအသင်းများအနေဖြင့်လည်း ရေဘေးအန္တရာယ်နှင့် ပတ်သက်ကာ ဂရုတစိုက်ဦးတည် ပြင်ဆင်လာကြကြောင်း တွေ့မြင်ရသည်။

၎င်းအနေဖြင့် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ ကူညီကယ်ဆယ်ရေး သင်တန်းများကို ၂၀၁၇ ခုနှစ်ကပင် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ပရဟိတအသင်းများအား ရေဘေးနှင့်ပတ်သက်သည့် အသိပညာများမျှ ဝေသင်ကြားပေးခဲ့ကြောင်း သိရသည်။ “၂၀၁၇ လောက်မှာ ရေဘေးနဲ့ပတ် သက်တဲ့ သင်တန်းတွေ ပေးတယ်ပေါ့နော်။ ပရဟိတအသင်းတွေကို ဆောင်ရန် ရှောင်ရန်အချက်တွေ။ နောက်တစ်ခုက ပရဟိတသမားတွေလုပ်ဆောင်ရမယ့် အရာတွေ၊ ကြိုတင်စီမံရမယ့် ပစ္စည်းတွေအဲဒါတွေကို သိသလောက် မျှဝေပေးတယ်။ နောက်ပြီး လက်တွေ့သင်တန်းတွေလည်း သင်ကြားပေးခဲ့ပါတယ်။ အခုကတော့ သင်တန်းပေးတဲ့နေရာမှာ အဓိကက အခြေခံရေ ကူးနည်းပေါ့နော်။ ရေထဲမှာ နေတတ်အောင်ရယ်၊ ရေထဲမှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိအောင်ရယ်၊ အဲဒါတွေသင်ပြီးရင် ဘယ်လိုကယ်ရမလဲ။ နီးစပ်ရာဘာပစ္စည်းနဲ့ကယ်မလဲ။ နောက်ဆုံးရေကူးပြီးသွားသယ်နိုင်အောင်ထိ ကျွန်တော်တို့သင်ပေးတယ်။ နောက်တစ်ခုက အုပ်စုလိုက်ကယ်တာ။ ဒီလူအုပ်ကြီးနဲ့ ရေကိုဘယ်လိုဖြတ်သန်းသွားရမလဲပေါ့ အဲလိုမျိုးတွေ သင်ကြားပေးမှာပါ။ ကျွန်တော်ဘက်က နိုင်သလောက်ပြန်ပြီးဝေမျှတာပေါ့ ”ဟု ၎င်းကဆိုသည်။

ရေဘေးအသက်ကယ်သင်တန်းကို မြန်မာနိုင်ငံအတွင်းမည်သည့်ဒေသတွင်မဆို ပရဟိတအသင်းများက သင်တန်းပေးရန် တောင်းဆိုပါက သွားရောက်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသားဦးရေကန့်သက်ခြင်းမရှိကြောင်း နှင့် အသက်ကယ်အင်္ကျီရှိသည့် မည်သူမဆို အခမဲ့လာရောက် သင်ယူနိုင်ကြောင်း သိရသည်။ “ကျွန်တော်တို့က အခုလိုကာလပေါ့။ ရေဘေးမကျခင်မှာ ပရဟိတအသင်းတွေအများကြီးရှိတယ်။ အဲဒီအဖွဲ့တွေက လိုအပ်လို့ရှိရင် ကျွန်တော့်ကို လှမ်းပြီးဆက်သွယ်ထားတာတွေရှိတယ်ပေါ့နော်။ အဲဒါတွေမှာ သင်တန်းလိုက်ပေးရတယ်။ သင်တန်းအတွက် သင်တန်းသားဦးရေ ကန့်သက်ထားတာမရှိပါဘူး။ ဒါပေမဲ့ တစ်ခုတော့ ရှိတာပေါ့ သင်တန်းတက်မယ်ဆိုရင် အသက်ကယ်အင်္ကျီပါရမယ် ပေါ့နော်။ အသက်ကယ်အင်္ကျီရှိတဲ့လူ ၁၀ ယောက်ပဲ ရှိရင် ကျွန်တော်တို့က ၁၀ယောက်ပဲသင်ပေးမှာပါ။ ဘယ်လိုလူမျိုးတွေမတက်သင့်ဘူးလဲဆိုတော့ နှလုံးရောဂါသမား၊ ခြေကျိုးလက်ကျိုးသမားနဲ့ နောက်ပြီး အတက်ရောဂါရှိတဲ့လူပေါ့ဗျာ။ သူတို့ကတော့မတက်သင့်ဘူးပေါ့ဗျာ။ ကျန်တဲ့လူတွေကတော တက်လို့ရပါတယ်။ သက်ကြီးရွယ်အိုပဲ ဖြစ်ဖြစ်၊ ဘယ်သူပဲ ဖြစ်ဖြစ် ရေထဲမဆင်းနိုင်ရင်တောင် ထိုင်နားထောင်နေပေါ့။ အဲဒီမှာ သူတို့အသိတစ်ခုရတယ်လေ။ အကယ်၍ ဖြစ်လာခဲ့ရင် သူတို့မလုပ်နိုင်ပေမယ့်လည်း ပါးစပ်ကနေထိုင်ပြောပြပေးလို့ရတယ်” ဟု ဦးမောင်ကဆိုသည်။

zawgyi version
ေရေဘးအႏၲရာယ္ႀကဳံေတြ႕ရပါက ကူညီကယ္ဆယ္ေရးတြင္ အသုံးခ်ရန္ အခမဲ့ေရကူးသင္တန္းေပးရန္စီစဥ္ေန
သန႔္ဇင္ (NP News) - ဇြန္ ၂၈

ေရေဘးအႏၲရာယ္ႀကဳံေတြ႕ရပါက ကူညီကယ္ဆယ္ေရးတြင္ အသုံးခ်ရန္ အခမဲ့ေရကူး သင္ တန္းေပးရန္ စီစဥ္ေနေၾကာင္း တစ္ကိုယ္ေတာ္ပရဟိတလုပ္ငန္းမ်ားကိုလုပ္ေဆာင္ေနသူ ဦးေမာင္က NP News ကိုေျပာသည္။

ကမာၻ႔ရာသီဥတုေျပာင္းလဲမႈျဖစ္စဥ္မ်ားႏွင့္ သဘာဝပတ္ဝန္းက်င္ထိခိုက္မႈမ်ားေၾကာင့္ ယခုေနာက္ပိုင္းကာလမ်ားတြင္ ျမန္မာႏိုင္ငံ၌ ေရေဘးႀကဳံေတြ႕ရမႈမ်ားပိုမိုမ်ားျပားလာကာ ျမန္မာႏိုင္ငံအတြင္းရွိ လူမႈကယ္ဆယ္ေရးအသင္းမ်ားအေနျဖင့္လည္း ေရေဘးအႏၲရာယ္ႏွင့္ ပတ္သက္ကာ ဂ႐ုတစိုက္ဦးတည္ ျပင္ဆင္လာၾကေၾကာင္း ေတြ႕ျမင္ရသည္။

၎အေနျဖင့္ ေရေဘးအႏၲရာယ္ႏွင့္ပတ္သက္၍ ကူညီကယ္ဆယ္ေရး သင္တန္းမ်ားကို ၂၀၁၇ ခုႏွစ္ကပင္ ဖြင့္လွစ္သင္ၾကားေပးခဲ့ၿပီး ပရဟိတအသင္းမ်ားအား ေရေဘးႏွင့္ပတ္သက္သည့္ အသိပညာမ်ားမွ် ေဝသင္ၾကားေပးခဲ့ေၾကာင္း သိရသည္။ “၂၀၁၇ ေလာက္မွာ ေရေဘးနဲ႔ပတ္ သက္တဲ့ သင္တန္းေတြ ေပးတယ္ေပါ့ေနာ္။ ပရဟိတအသင္းေတြကို ေဆာင္ရန္ ေရွာင္ရန္အခ်က္ေတြ။ ေနာက္တစ္ခုက ပရဟိတသမားေတြလုပ္ေဆာင္ရမယ့္ အရာေတြ၊ ႀကိဳတင္စီမံရမယ့္ ပစၥည္းေတြအဲဒါေတြကို သိသေလာက္ မွ်ေဝေပးတယ္။ ေနာက္ၿပီး လက္ေတြ႕သင္တန္းေတြလည္း သင္ၾကားေပးခဲ့ပါတယ္။ အခုကေတာ့ သင္တန္းေပးတဲ့ေနရာမွာ အဓိကက အေျခခံေရ ကူးနည္းေပါ့ေနာ္။ ေရထဲမွာ ေနတတ္ေအာင္ရယ္၊ ေရထဲမွာ ကိုယ့္ကိုယ္ကိုယုံၾကည္မႈရွိေအာင္ရယ္၊ အဲဒါေတြသင္ၿပီးရင္ ဘယ္လိုကယ္ရမလဲ။ နီးစပ္ရာဘာပစၥည္းနဲ႔ကယ္မလဲ။ ေနာက္ဆုံးေရကူးၿပီးသြားသယ္ႏိုင္ေအာင္ထိ ကြၽန္ေတာ္တို႔သင္ေပးတယ္။ ေနာက္တစ္ခုက အုပ္စုလိုက္ကယ္တာ။ ဒီလူအုပ္ႀကီးနဲ႔ ေရကိုဘယ္လိုျဖတ္သန္းသြားရမလဲေပါ့ အဲလိုမ်ိဳးေတြ သင္ၾကားေပးမွာပါ။ ကြၽန္ေတာ္ဘက္က ႏိုင္သေလာက္ျပန္ၿပီးေဝမွ်တာေပါ့ ”ဟု ၎ကဆိုသည္။

ေရေဘးအသက္ကယ္သင္တန္းကို ျမန္မာႏိုင္ငံအတြင္းမည္သည့္ေဒသတြင္မဆို ပရဟိတအသင္းမ်ားက သင္တန္းေပးရန္ ေတာင္းဆိုပါက သြားေရာက္သင္ၾကားေပးမည္ျဖစ္ၿပီး သင္တန္းသားဦးေရကန႔္သက္ျခင္းမရွိေၾကာင္း ႏွင့္ အသက္ကယ္အက်ႌရွိသည့္ မည္သူမဆို အခမဲ့လာေရာက္ သင္ယူႏိုင္ေၾကာင္း သိရသည္။ “ကြၽန္ေတာ္တို႔က အခုလိုကာလေပါ့။ ေရေဘးမက်ခင္မွာ ပရဟိတအသင္းေတြအမ်ားႀကီးရွိတယ္။ အဲဒီအဖြဲ႕ေတြက လိုအပ္လို႔ရွိရင္ ကြၽန္ေတာ့္ကို လွမ္းၿပီးဆက္သြယ္ထားတာေတြရွိတယ္ေပါ့ေနာ္။ အဲဒါေတြမွာ သင္တန္းလိုက္ေပးရတယ္။ သင္တန္းအတြက္ သင္တန္းသားဦးေရ ကန႔္သက္ထားတာမရွိပါဘူး။ ဒါေပမဲ့ တစ္ခုေတာ့ ရွိတာေပါ့ သင္တန္းတက္မယ္ဆိုရင္ အသက္ကယ္အက်ႌပါရမယ္ ေပါ့ေနာ္။ အသက္ကယ္အက်ႌရွိတဲ့လူ ၁၀ ေယာက္ပဲ ရွိရင္ ကြၽန္ေတာ္တို႔က ၁၀ေယာက္ပဲသင္ေပးမွာပါ။ ဘယ္လိုလူမ်ိဳးေတြမတက္သင့္ဘူးလဲဆိုေတာ့ ႏွလုံးေရာဂါသမား၊ ေျခက်ိဳးလက္က်ိဳးသမားနဲ႔ ေနာက္ၿပီး အတက္ေရာဂါရွိတဲ့လူေပါ့ဗ်ာ။ သူတို႔ကေတာ့မတက္သင့္ဘူးေပါ့ဗ်ာ။ က်န္တဲ့လူေတြကေတာ တက္လို႔ရပါတယ္။ သက္ႀကီး႐ြယ္အိုပဲ ျဖစ္ျဖစ္၊ ဘယ္သူပဲ ျဖစ္ျဖစ္ ေရထဲမဆင္းႏိုင္ရင္ေတာင္ ထိုင္နားေထာင္ေနေပါ့။ အဲဒီမွာ သူတို႔အသိတစ္ခုရတယ္ေလ။ အကယ္၍ ျဖစ္လာခဲ့ရင္ သူတို႔မလုပ္ႏိုင္ေပမယ့္လည္း ပါးစပ္ကေနထိုင္ေျပာျပေပးလို႔ရတယ္” ဟု ဦးေမာင္ကဆိုသည္။

Related news

© 2021. All rights reserved.