ပုပ္ပားတောင်၌ သစ်ခွမျိုးစိတ်သစ်ရှာဖွေရေး သုတေသန မကြာခင်စတင်မည်

 325

စော (NP News) - ဇွန် ၂၉

အခြားဒေသများတွင်တွေ့ရသော မြေပေါက်သစ်ခွမျိုးစိတ်များ၊ မျိုးစိတ်သစ်များ ပုပ္ပားတောင်တွင် ရှိ၊ မရှိရှာဖွေရေးလုပ်ငန်းများဆောင်ရွက်ရန်စီစဉ်နေကြောင်း မဟာဂီရိ Community Base Geotou­rism Services မှ ကိုတင်ကိုမင်းက NP News ကိုပြောသည်။

အဆိုပါအဖွဲ့အစည်းအနေဖြင့် လက်ရှိတွင် ပုပ္ပားတောင်တက် ဝန်ဆောင်မှုလုပ်ငန်း၊ ပု ပ္ပားမျောက်မြီးရှည်ထိန်းသိမ်းရေးလုပ်ငန်းကိုလည်း လုပ်ကိုင်နေသည့်အပြင် ဘူမိအခြေပြုခရီးသွားလုပ်ငန်းတို့ကို တိုးချဲ့လုပ်ကိုင်ရန်ဆောင်ရွက်နေပြီး ပုပ္ပားဒေသက ရှားပါးတိရစ္ဆာန်များဖြစ်သည့် ပုပ္ပားမြွေးပွေးတက်တူ၊ ပုပ္ပားတောက်တက်ပျံများကိုလည်း ထိန်းသိမ်းရေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“အခုလာမယ့် ၈လပိုင်း၊ ၉လပိုင်းကျရင် မြေပေါက်သစ်ခွတွေ စပြီပေါ့နော်။ အဲဒီကျရင်တော့ မြေပေါက်သစ်ခွရှာတဲ့ဟာလုပ်ဖို့တော့ PLAN တော့ ဆွဲတော့ဆွဲထားတယ်။ အခုထပ်ပြီးတော့ အပင်ဘက်ပိုင်းကို နည်းနည်းလေး ထပ်ချဲ့မယ်။ တချို့အပင်တွေက မတွေ့သေးတဲ့ မျိုးစိတ်အသစ်တွေလည်း ကျွန်တော်တို့ တွေ့တာတွေလည်းရှိနေတာကို အဲဒီကျတော့ ကျွန်တော်တို့ အပင်နဲ့ပတ်သက်ပြီးတော့ NSCI (Native Species Conservation & Identification)အဖွဲ့နဲ့ပဲပေါင်းပြီးတော့ လုပ်မယ်လို့ လုပ်ထား တာတော့ရှိတယ်။ မျိုးစိတ်အသစ်လည်း ရှာမယ်။ ကျွန်တော်တို့တခြားနေရာမှာတွေ့ထားတဲ့ဟာ ဒီမှာ မှတ်တမ်းမဝင်သေးတဲ့ဟာ ဥပမာ နတ်မောက်တောင်မှာတွေ့တဲ့မျိုးစိတ်က ကျွန်တော် တို့ပုပ္ပားမှာ တွေ့လား၊မတွေ့လားဆိုတာ၊ ဒီမှာသူတို့မှတ်တမ်းရှိမရှိတော့ ကျွန်တော်တို့ မသိသေးဘူး ပေါ့နော်။ အဲဒါကို ရှိတယ်ဆိုရင်လည်း ဒီဘက်က မှတ်တမ်းလည်း ထပ်ဝင်နိုင်အောင်ပေါ့” ဟု ကိုတင်ကိုမင်းက ပြောသည်။

ပင်ကပ်သစ်ခွနှင့် မြေပေါက်သစ်ခွမျိုးတို့အပြင် သက်မဲ့ပစ္စည်းများ၌ တွယ်ကပ်ပေါက် ရောက်တတ်သော သစ်ခွမျိုးတို့လည်းရှိကြောင်း အခမဲ့အင်တာနက် စွယ်စုံကျမ်းဖြစ်သော ဝီကီပီးဒီးယား၏ အ ချက်အလက်များအရ သိရသည်။ ထို့ပြင် ပင်ကပ်သစ်ခွနှင့် မြေပေါက်သစ်ခွ နှစ်မျိုးအနက် မြေပေါက်သစ်ခွမျိုးများသည် ပင်ကပ်သစ်ခွမျိုးများကဲ့သို့ အခိုင်လိုက်၊ အပွင့်များစွာပွင့်သော အမျိုးအစားနည်းပါးပြီး အပွင့်သုံးပွင့်မှ လေးပွင့်ခန့်သာ ပွင့်တတ်ကာ အဖူး၊ အပွင့်မှာ ပင်ကပ်သစ်ခွထက် ပိုမိုကြီးမားတတ်ကြောင်း သိရသည်။

zawgyi version
ပုပၸားေတာင္၌ သစ္ခြမ်ိဳးစိတ္သစ္ရွာေဖြေရး သုေတသန မၾကာခင္စတင္မည္
ေစာ (NP News) - ဇြန္ ၂၉

အျခားေဒသမ်ားတြင္ေတြ႕ရေသာ ေျမေပါက္သစ္ခြမ်ိဳးစိတ္မ်ား၊ မ်ိဳးစိတ္သစ္မ်ား ပုပၸားေတာင္တြင္ ရွိ၊ မရွိရွာေဖြေရးလုပ္ငန္းမ်ားေဆာင္႐ြက္ရန္စီစဥ္ေနေၾကာင္း မဟာဂီရိ Community Base Geotou­rism Services မွ ကိုတင္ကိုမင္းက NP News ကိုေျပာသည္။

အဆိုပါအဖြဲ႕အစည္းအေနျဖင့္ လက္ရွိတြင္ ပုပၸားေတာင္တက္ ဝန္ေဆာင္မႈလုပ္ငန္း၊ ပု ပၸားေမ်ာက္ၿမီးရွည္ထိန္းသိမ္းေရးလုပ္ငန္းကိုလည္း လုပ္ကိုင္ေနသည့္အျပင္ ဘူမိအေျချပဳခရီးသြားလုပ္ငန္းတို႔ကို တိုးခ်ဲ႕လုပ္ကိုင္ရန္ေဆာင္႐ြက္ေနၿပီး ပုပၸားေဒသက ရွားပါးတိရစာၦန္မ်ားျဖစ္သည့္ ပုပၸားေႁမြးေပြးတက္တူ၊ ပုပၸားေတာက္တက္ပ်ံမ်ားကိုလည္း ထိန္းသိမ္းေရးလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“အခုလာမယ့္ ၈လပိုင္း၊ ၉လပိုင္းက်ရင္ ေျမေပါက္သစ္ခြေတြ စၿပီေပါ့ေနာ္။ အဲဒီက်ရင္ေတာ့ ေျမေပါက္သစ္ခြရွာတဲ့ဟာလုပ္ဖို႔ေတာ့ PLAN ေတာ့ ဆြဲေတာ့ဆြဲထားတယ္။ အခုထပ္ၿပီးေတာ့ အပင္ဘက္ပိုင္းကို နည္းနည္းေလး ထပ္ခ်ဲ႕မယ္။ တခ်ိဳ႕အပင္ေတြက မေတြ႕ေသးတဲ့ မ်ိဳးစိတ္အသစ္ေတြလည္း ကြၽန္ေတာ္တို႔ ေတြ႕တာေတြလည္းရွိေနတာကို အဲဒီက်ေတာ့ ကြၽန္ေတာ္တို႔ အပင္နဲ႔ပတ္သက္ၿပီးေတာ့ NSCI (Native Species Conservation & Identification)အဖြဲ႕နဲ႔ပဲေပါင္းၿပီးေတာ့ လုပ္မယ္လို႔ လုပ္ထား တာေတာ့ရွိတယ္။ မ်ိဳးစိတ္အသစ္လည္း ရွာမယ္။ ကြၽန္ေတာ္တို႔တျခားေနရာမွာေတြ႕ထားတဲ့ဟာ ဒီမွာ မွတ္တမ္းမဝင္ေသးတဲ့ဟာ ဥပမာ နတ္ေမာက္ေတာင္မွာေတြ႕တဲ့မ်ိဳးစိတ္က ကြၽန္ေတာ္ တို႔ပုပၸားမွာ ေတြ႕လား၊မေတြ႕လားဆိုတာ၊ ဒီမွာသူတို႔မွတ္တမ္းရွိမရွိေတာ့ ကြၽန္ေတာ္တို႔ မသိေသးဘူး ေပါ့ေနာ္။ အဲဒါကို ရွိတယ္ဆိုရင္လည္း ဒီဘက္က မွတ္တမ္းလည္း ထပ္ဝင္ႏိုင္ေအာင္ေပါ့” ဟု ကိုတင္ကိုမင္းက ေျပာသည္။

ပင္ကပ္သစ္ခြႏွင့္ ေျမေပါက္သစ္ခြမ်ိဳးတို႔အျပင္ သက္မဲ့ပစၥည္းမ်ား၌ တြယ္ကပ္ေပါက္ ေရာက္တတ္ေသာ သစ္ခြမ်ိဳးတို႔လည္းရွိေၾကာင္း အခမဲ့အင္တာနက္ စြယ္စုံက်မ္းျဖစ္ေသာ ဝီကီပီးဒီးယား၏ အ ခ်က္အလက္မ်ားအရ သိရသည္။ ထို႔ျပင္ ပင္ကပ္သစ္ခြႏွင့္ ေျမေပါက္သစ္ခြ ႏွစ္မ်ိဳးအနက္ ေျမေပါက္သစ္ခြမ်ိဳးမ်ားသည္ ပင္ကပ္သစ္ခြမ်ိဳးမ်ားကဲ့သို႔ အခိုင္လိုက္၊ အပြင့္မ်ားစြာပြင့္ေသာ အမ်ိဳးအစားနည္းပါးၿပီး အပြင့္သုံးပြင့္မွ ေလးပြင့္ခန႔္သာ ပြင့္တတ္ကာ အဖူး၊ အပြင့္မွာ ပင္ကပ္သစ္ခြထက္ ပိုမိုႀကီးမားတတ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.