ကမ္ဘာ့အသက်အကြီးဆုံး ရထားအော်ပရေတာအဖြစ် ဂင်းနစ်စံချိန်ရရှိခဲ့တဲ့ အသက် (၈၁) နှစ် အရွယ်အမျိုးသမီး

 134

Pika (NP News) - ဇွန် ၂၈

အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပင် လယ်အော်သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့အတွက် ရထားမောင်းနှင်ပေးနေသည့် ဘော်စတွန်မြို့မှ အသက်(၈၁)နှစ်အရွယ်အမျိုးသမီးကို ကမ္ဘာ့ အသက် အကြီးဆုံး ရထားအော်ပရေတာအဖြစ် ဂင်းနစ်စံချိန်မှတ်တမ်းများက သတ်မှတ်ခဲ့သည်။ ၁၉၉၅ ခုနှစ် အသက်(၅၃)နှစ်အရွယ်၌ MBTAတွင် စတင် အလုပ်လုပ်ကိုင်ခဲ့သော ဟယ်လင်အန်တန်ယူဆီ သည် Blue Line ရထားများကို မောင်းနှင်ပေးခဲ့သည်မှာ ဆယ်စုနှစ်(၃)စုနီးပါးရှိပြီဖြစ်ကြောင်းလည်း သိရ သည်။

၎င်းက “ ကျွန်မမှာ သမီး(၅)ယောက်ရှိပါတယ်။ ဒီအလုပ်က ကျွန်မကို အိမ်ထဲကနေ အပြင် ကိုထွက်စေပြီး ငြိမ်းချမ်းမှုနဲ့တိတ်ဆိတ်ငြိမ်သက်မှုကို ရရှိစေတဲ့အလုပ်ပဲဖြစ်ပါတယ်” ဟု ပြောဆိုခဲ့သည်။ ဟယ်လင်အန်တန်ယူဆီ၏ လုပ်ဖော်ကိုင်ဖက် တစ် ဦးက ၎င်းကိုယ်စား ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းတင် ရန်လျှောက်ထားခဲ့ပြီးနောက် ယခုကဲ့သို့ကမ္ဘာ့အသက် အကြီးဆုံးရထားအော်ပရေတာအဖြစ် သတ်မှတ်ခံ ခဲ့ရခြင်းဖြစ်သည်။ အဆိုပါဂင်းနစ်မှတ်တမ်းကို တရားဝင် မထုတ်ပြန်မီအချိန်အထိ လျှောက်လွှာ အကြောင်းကို ဟယ်လင်အန်တန်ယူဆီက မသိရှိခဲ့ကြောင်းလည်း သိရသည်။ ၎င်းက “ နေ့တိုင်း အံ့ဩစရာကောင်းတဲ့ ခရီးတစ်ခုဖြစ်အောင် ကူညီပံ့ပိုးပေးခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ မိသားစု၊ သူငယ်ချင်းတွေနဲ့ ခရီးသည်တွေကို ကျေးဇူးတင်ပါတယ်လို့ ကျွန်မပြောချင်ပါတယ်” ဟု ပြောဆိုခဲ့သည်။

အသက်(၈၂)နှစ်ပြည့်ရန် အနည်းငယ် သာလိုတော့သော ဟယ်လင်အန်တန်ယူဆီက ၎င်းအနေဖြင့် အနားယူရန်စီစဉ်ထားခြင်းမျိုးမရှိကြောင်းပြောကြားခဲ့သည်။ ၎င်းက “ကျွန်မရဲ့ အဖွဲ့အစည်းက အနား ယူဖို့မပြောမချင်း ခရီးသည်တွေကို သူတို့ သွားချင်တဲ့နေရာတွေကို ဆက်လက်ပို့ဆောင်ပေးသွားမှာပါ။ ဒါပေမဲ့ လောလောဆယ်အနားယူဖို့ကတော့ မဖြစ်နိုင်ပါဘူး” ဟု ပြောဆိုခဲ့သည်။

zawgyi version
ကမာၻ႔အသက္အႀကီးဆုံး ရထားေအာ္ပေရတာအျဖစ္ ဂင္းနစ္စံခ်ိန္ရရွိခဲ့တဲ့ အသက္ (၈၁) ႏွစ္ အ႐ြယ္ အမ်ိဳးသမီး
Pika (NP News) - ဇြန္ ၂၈

အေမရိကန္ႏိုင္ငံ မက္ဆာခ်ဴးဆက္ပင္ လယ္ေအာ္သယ္ယူပို႔ေဆာင္ေရးအာဏာပိုင္အဖြဲ႕အတြက္ ရထားေမာင္းႏွင္ေပးေနသည့္ ေဘာ္စတြန္ၿမိဳ႕မွ အသက္(၈၁)ႏွစ္အ႐ြယ္အမ်ိဳးသမီးကို ကမာၻ႔ အသက္ အႀကီးဆုံး ရထားေအာ္ပေရတာအျဖစ္ ဂင္းနစ္စံခ်ိန္မွတ္တမ္းမ်ားက သတ္မွတ္ခဲ့သည္။ ၁၉၉၅ ခုႏွစ္ အသက္(၅၃)ႏွစ္အ႐ြယ္၌ MBTAတြင္ စတင္ အလုပ္လုပ္ကိုင္ခဲ့ေသာ ဟယ္လင္အန္တန္ယူဆီ သည္ Blue Line ရထားမ်ားကို ေမာင္းႏွင္ေပးခဲ့သည္မွာ ဆယ္စုႏွစ္(၃)စုနီးပါးရွိၿပီျဖစ္ေၾကာင္းလည္း သိရ သည္။

၎က “ ကြၽန္မမွာ သမီး(၅)ေယာက္ရွိပါတယ္။ ဒီအလုပ္က ကြၽန္မကို အိမ္ထဲကေန အျပင္ ကိုထြက္ေစၿပီး ၿငိမ္းခ်မ္းမႈနဲ႔တိတ္ဆိတ္ၿငိမ္သက္မႈကို ရရွိေစတဲ့အလုပ္ပဲျဖစ္ပါတယ္” ဟု ေျပာဆိုခဲ့သည္။ ဟယ္လင္အန္တန္ယူဆီ၏ လုပ္ေဖာ္ကိုင္ဖက္ တစ္ ဦးက ၎ကိုယ္စား ကမာၻ႔ဂင္းနစ္စံခ်ိန္မွတ္တမ္းတင္ ရန္ေလွ်ာက္ထားခဲ့ၿပီးေနာက္ ယခုကဲ့သို႔ကမာၻ႔အသက္ အႀကီးဆုံးရထားေအာ္ပေရတာအျဖစ္ သတ္မွတ္ခံ ခဲ့ရျခင္းျဖစ္သည္။ အဆိုပါဂင္းနစ္မွတ္တမ္းကို တရားဝင္ မထုတ္ျပန္မီအခ်ိန္အထိ ေလွ်ာက္လႊာ အေၾကာင္းကို ဟယ္လင္အန္တန္ယူဆီက မသိရွိခဲ့ေၾကာင္းလည္း သိရသည္။ ၎က “ ေန႔တိုင္း အံ့ဩစရာေကာင္းတဲ့ ခရီးတစ္ခုျဖစ္ေအာင္ ကူညီပံ့ပိုးေပးခဲ့ၾကတဲ့ လုပ္ေဖာ္ကိုင္ဖက္ေတြ၊ မိသားစု၊ သူငယ္ခ်င္းေတြနဲ႔ ခရီးသည္ေတြကို ေက်းဇူးတင္ပါတယ္လို႔ ကြၽန္မေျပာခ်င္ပါတယ္” ဟု ေျပာဆိုခဲ့သည္။

အသက္(၈၂)ႏွစ္ျပည့္ရန္ အနည္းငယ္ သာလိုေတာ့ေသာ ဟယ္လင္အန္တန္ယူဆီက ၎အေနျဖင့္ အနားယူရန္စီစဥ္ထားျခင္းမ်ိဳးမရွိေၾကာင္းေျပာၾကားခဲ့သည္။ ၎က “ကြၽန္မရဲ႕ အဖြဲ႕အစည္းက အနား ယူဖို႔မေျပာမခ်င္း ခရီးသည္ေတြကို သူတို႔ သြားခ်င္တဲ့ေနရာေတြကို ဆက္လက္ပို႔ေဆာင္ေပးသြားမွာပါ။ ဒါေပမဲ့ ေလာေလာဆယ္အနားယူဖို႔ကေတာ့ မျဖစ္ႏိုင္ပါဘူး” ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.