ကျုံကပြင်-တက်ဆိပ်ဒေသခံ ထိန်းသိမ်းရေးဧရိယာအတွင်း ရှားရှားပါးပါး မှတ်တမ်းရရှိခဲ့သော ကြောင်တံငါမျိုးစိတ်ကို မသတ်ဖြတ်ရန်အတွက် အသိပညာ ဗဟုသုတများပေးနေ

 3513

စော(NP News) - ဇွန် ၂၆

ကျုံကပြင်-တက်ဆိပ် ဒေသခံထိန်းသိမ်းရေးဧရိယာအတွင်းရှိ ကင်မရာထောင်ချောက်တွင်ရှား ရှားပါးပါးမှတ်တမ်းရရှိခဲ့သော ကြောင်တံငါမျိုးစိတ်ကို မသတ်ဖြတ်ရန်အတွက် အသိပညာဗဟုသုတများ ပေးနေကြောင်း ကျုံကပြင်-တက်ဆိပ်ဒေသခံ သားငှက်ထိန်းသိမ်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

၂၀၁၉ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၌ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)မှ ကင်မရာထောင်ချောက်များတင်ဆင်ထားခဲ့ရာ ကြောင်တံငါမျိုးစိတ်ကို မှတ်တမ်းရရှိခဲ့သောကြောင့် ဧရာဝတီတိုင်းတွင် အဆိုပါမျိုးစိတ်များ ကျန်နေသေးသည်ကို ပထမဆုံးအကြိမ်မှတ်တမ်းတင်နိုင် ခဲ့ပြီး ကြားကာလများတွင် ဒေတာအထောက်အထား တိတိကျကျ မှတ်တမ်းမပြုလုပ်နိုင်ကြောင်း သိရသည်။

သို့သော် ပြီးခဲ့သည့် ၂၀၂၃ခုနှစ်တွင် ကင်မရာများ တပ်ဆင်စောင့်ကြည့်ခဲ့ရာ ဝါးခယ်မမြို့နယ်၊ ကျုံကပြင်-တက်ဆိပ် ဒေသခံထိန်းသိမ်းရေးဧရိယာအတွင်း၌ ကြောင်တံငါမျိုးစိတ် (Fishing Cat)ကို အတည်ပြုမှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။

“ ဒေသခံအဖွဲ့ဆိုတော့ ကိုယ်ဒေသမှာရှိတဲ့ ရှားပါးမျိုးစိတ်တွေ အဲဒါတွေကို ရေရှည်ထိန်းသိမ်း သွားမှာပေါ့နော်။ ကျွန်တော်တို့ဒေသမှာ ကြောင်တံငါ ရှိတာတော့ သိတယ်။ သိပြီးတော့ အကောင်ကို သိပ်ပြီးတော့ မပြနိုင်ဘူးပေါ့နော်။ မျက်လုံးနဲ့ပဲမြင်တော့။ အခုလို ကင်မရာတွေဘာတွေထောင်တော့မှပဲ ရှားပါးကြောင်တံငါ ဆိုတာသိလာရတာပေါ့နော်။ ကျွန်တော်တို့ဒေသ ကျုံကပြင်ထဲမှာပဲ မြက်ခင်းတော တွေရှိတယ်။ သူတို့အတွက် အစာပေါ့နော်။ ငါးဆိုတာရှိတယ်။ သူတို့က ငါးစားတဲ့ မျိုးနွယ်တွေပေါ့။ သူတို့က မြက်ခင်းတောထဲမှာ၊ နောက်ပြီး ကုန်းမြင့်တဲ့နေရာတွေမှာ အခုလိုမိုးတွင်းဘက်ပေါ့။ ကျွန်တော် တို့ဒေသက ရေမြုပ်ကွင်းဖြစ်တဲ့အတွက် သူတို့က အဲဒီဘောင်ပေါ်တွေ၊ မြက်ခင်း ကျွန်တော်တို့က ကိုင်းတောခေါ်တာပေါ့နော်။ ကိုင်းတောတွေထဲမှာနေတယ်။ သူတို့က ညဘက်မှ ထွက်တာ။ နေ့ဘက်မထွက်ဘူး” ဟု ၎င်းကပြောသည်။

အဆိုပါအဖွဲ့အနေဖြင့် ၂၀၁၈ ခုနှစ်မှစတင်ကာ ဒေသအတွင်း ငှက်မျိုးပေါင်း (၁၀ဝ) ကျော်ရှိသည့်အနက် ရှားပါးတိရစ္ဆာန်များဖြစ်သည့် ကြိုးကြာ ခေါင်းနီ၊ ကိုင်းစွေ့ငှက်၊ စာဝါကျားငှက်များကို ထိန်းသိမ်း စောင့်ရှောက်ခဲ့ရာ ကြောင်တံငါမျိုးစိတ်ကိုလည်း သုတေသနမှတ်တမ်းတင်နိုင်ခဲ့သည့်အတွက် ထိန်းသိမ်းဖြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့က ကိုယ့်ဒေသကလူတွေပေါ့နော်။ ဒီဒေသမှာနေတဲ့လူတွေအားလုံးကို ဒီမျိုးစိတ် တွေ မသတ်မဖြတ်ဖို့ပေါ့။ ကျွန်တော်တို့က အမျိုးမျိုး ဗီနိုင်းတွေကပ်တယ်။ ရေရှည်မျိုးပွားအောင် ကျွန်တော်တို့ အမြဲတမ်းလည်း စောင့်ရှောက်တယ်။သူတို့ကို မသတ်ဖြတ်ဖို့လည်း ကင်းသဘောပေါ့။ ညဘက်တွေဘာတွေ ကိုယ့်ဒေသမှာပဲ ကင်းလှည့်တယ်ပေါ့နော်” ဟု ၎င်းကဆက်လက်ပြောသည်။

ကြောင်တံငါမျိုးစိတ်သည် ကမ္ဘာပေါ်ရှိ ကြောင်မျိုးစိတ်များတွင် ရှားပါးမျိုးစိတ်တစ်မျိုးဖြစ်ပြီး ၎င်းတို့ကို မျိုးတုံးအန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်အဖြစ် အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့ (IUCN)တွင် သတ်မှတ်ထားသည်။

zawgyi version
က်ဳံကျပင္-တက္ဆိပ္ေဒသခံ ထိန္းသိမ္းေရးဧရိယာအတြင္း ရွားရွားပါးပါး မွတ္တမ္းရရွိခဲ့ေသာ ေၾကာင္တံငါမ်ိဳးစိတ္ကို မသတ္ျဖတ္ရန္အတြက္ အသိပညာ ဗဟုသုတမ်ားေပးေန
ေစာ(NP News) - ဇြန္ ၂၆

က်ဳံကျပင္-တက္ဆိပ္ ေဒသခံထိန္းသိမ္းေရးဧရိယာအတြင္းရွိ ကင္မရာေထာင္ေခ်ာက္တြင္ရွား ရွားပါးပါးမွတ္တမ္းရရွိခဲ့ေသာ ေၾကာင္တံငါမ်ိဳးစိတ္ကို မသတ္ျဖတ္ရန္အတြက္ အသိပညာဗဟုသုတမ်ား ေပးေနေၾကာင္း က်ဳံကျပင္-တက္ဆိပ္ေဒသခံ သားငွက္ထိန္းသိမ္းေရးအဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

၂၀၁၉ ခုႏွစ္တြင္ ဧရာဝတီတိုင္းေဒသႀကီး၊ မအူပင္ၿမိဳ႕နယ္၌ သားငွက္ထိန္းသိမ္းေရးအဖြဲ႕ (WCS)မွ ကင္မရာေထာင္ေခ်ာက္မ်ားတင္ဆင္ထားခဲ့ရာ ေၾကာင္တံငါမ်ိဳးစိတ္ကို မွတ္တမ္းရရွိခဲ့ေသာေၾကာင့္ ဧရာဝတီတိုင္းတြင္ အဆိုပါမ်ိဳးစိတ္မ်ား က်န္ေနေသးသည္ကို ပထမဆုံးအႀကိမ္မွတ္တမ္းတင္ႏိုင္ ခဲ့ၿပီး ၾကားကာလမ်ားတြင္ ေဒတာအေထာက္အထား တိတိက်က် မွတ္တမ္းမျပဳလုပ္ႏိုင္ေၾကာင္း သိရသည္။

သို႔ေသာ္ ၿပီးခဲ့သည့္ ၂၀၂၃ခုႏွစ္တြင္ ကင္မရာမ်ား တပ္ဆင္ေစာင့္ၾကည့္ခဲ့ရာ ဝါးခယ္မၿမိဳ႕နယ္၊ က်ဳံကျပင္-တက္ဆိပ္ ေဒသခံထိန္းသိမ္းေရးဧရိယာအတြင္း၌ ေၾကာင္တံငါမ်ိဳးစိတ္ (Fishing Cat)ကို အတည္ျပဳမွတ္တမ္းတင္ႏိုင္ခဲ့ေၾကာင္း သိရသည္။

“ ေဒသခံအဖြဲ႕ဆိုေတာ့ ကိုယ္ေဒသမွာရွိတဲ့ ရွားပါးမ်ိဳးစိတ္ေတြ အဲဒါေတြကို ေရရွည္ထိန္းသိမ္း သြားမွာေပါ့ေနာ္။ ကြၽန္ေတာ္တို႔ေဒသမွာ ေၾကာင္တံငါ ရွိတာေတာ့ သိတယ္။ သိၿပီးေတာ့ အေကာင္ကို သိပ္ၿပီးေတာ့ မျပႏိုင္ဘူးေပါ့ေနာ္။ မ်က္လုံးနဲ႔ပဲျမင္ေတာ့။ အခုလို ကင္မရာေတြဘာေတြေထာင္ေတာ့မွပဲ ရွားပါးေၾကာင္တံငါ ဆိုတာသိလာရတာေပါ့ေနာ္။ ကြၽန္ေတာ္တို႔ေဒသ က်ဳံကျပင္ထဲမွာပဲ ျမက္ခင္းေတာ ေတြရွိတယ္။ သူတို႔အတြက္ အစာေပါ့ေနာ္။ ငါးဆိုတာရွိတယ္။ သူတို႔က ငါးစားတဲ့ မ်ိဳးႏြယ္ေတြေပါ့။ သူတို႔က ျမက္ခင္းေတာထဲမွာ၊ ေနာက္ၿပီး ကုန္းျမင့္တဲ့ေနရာေတြမွာ အခုလိုမိုးတြင္းဘက္ေပါ့။ ကြၽန္ေတာ္ တို႔ေဒသက ေရျမဳပ္ကြင္းျဖစ္တဲ့အတြက္ သူတို႔က အဲဒီေဘာင္ေပၚေတြ၊ ျမက္ခင္း ကြၽန္ေတာ္တို႔က ကိုင္းေတာေခၚတာေပါ့ေနာ္။ ကိုင္းေတာေတြထဲမွာေနတယ္။ သူတို႔က ညဘက္မွ ထြက္တာ။ ေန႔ဘက္မထြက္ဘူး” ဟု ၎ကေျပာသည္။

အဆိုပါအဖြဲ႕အေနျဖင့္ ၂၀၁၈ ခုႏွစ္မွစတင္ကာ ေဒသအတြင္း ငွက္မ်ိဳးေပါင္း (၁၀ဝ) ေက်ာ္ရွိသည့္အနက္ ရွားပါးတိရစာၦန္မ်ားျဖစ္သည့္ ႀကိဳးၾကာ ေခါင္းနီ၊ ကိုင္းေစြ႕ငွက္၊ စာဝါက်ားငွက္မ်ားကို ထိန္းသိမ္း ေစာင့္ေရွာက္ခဲ့ရာ ေၾကာင္တံငါမ်ိဳးစိတ္ကိုလည္း သုေတသနမွတ္တမ္းတင္ႏိုင္ခဲ့သည့္အတြက္ ထိန္းသိမ္းျဖစ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ “ကြၽန္ေတာ္တို႔က ကိုယ့္ေဒသကလူေတြေပါ့ေနာ္။ ဒီေဒသမွာေနတဲ့လူေတြအားလုံးကို ဒီမ်ိဳးစိတ္ ေတြ မသတ္မျဖတ္ဖို႔ေပါ့။ ကြၽန္ေတာ္တို႔က အမ်ိဳးမ်ိဳး ဗီႏိုင္းေတြကပ္တယ္။ ေရရွည္မ်ိဳးပြားေအာင္ ကြၽန္ေတာ္တို႔ အၿမဲတမ္းလည္း ေစာင့္ေရွာက္တယ္။သူတို႔ကို မသတ္ျဖတ္ဖို႔လည္း ကင္းသေဘာေပါ့။ ညဘက္ေတြဘာေတြ ကိုယ့္ေဒသမွာပဲ ကင္းလွည့္တယ္ေပါ့ေနာ္” ဟု ၎ကဆက္လက္ေျပာသည္။

ေၾကာင္တံငါမ်ိဳးစိတ္သည္ ကမာၻေပၚရွိ ေၾကာင္မ်ိဳးစိတ္မ်ားတြင္ ရွားပါးမ်ိဳးစိတ္တစ္မ်ိဳးျဖစ္ၿပီး ၎တို႔ကို မ်ိဳးတုံးအႏၲရာယ္က်ေရာက္ႏိုင္ေသာ မ်ိဳးစိတ္အျဖစ္ အျပည္ျပည္ဆိုင္ရာ သဘာဝထိန္းသိမ္းေရးအဖြဲ႕ (IUCN)တြင္ သတ္မွတ္ထားသည္။

Related news

© 2021. All rights reserved.