ရန်ကုန်မြို့တွင် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ဦးခေါင်းကို YBS ယာဉ်အကြိတ်ခံရ၍ ပွဲချင်းပြီးသေဆုံး

 27270

သန့်ဇင် (NP News) - ဇွန် ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့တွင် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး ဦးခေါင်းကို YBS ယာဉ်အကြိတ်ခံရ၍ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ရှင်သန်ရေးလူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဇွန်လ ၂၈ ရက်)၊ ညနေ ၄နာရီ ၃၅မိနစ်အချိန်ခန့်က ပုဇွန်တောင်မြို့နယ်၊ အောက်ပုဇွန်တောင်လမ်းမ၊ ညောင်တန်းအိမ်ယာအရှေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ “ကျွန်တော်တို့ရောက်သွားတော့ အမျိုးသမီးက ခေါင်းပြားပြီးဆုံးနေတာပေါ့။ ဘေးကပြောကြတဲ့ပုံစံကတော့ အမျိုးသမီးက ကားလမ်းဖြတ်ကူးတာကနေ YBS(100)နဲ့တိုက်မိပြီး ခေါင်းကကားအောက်ရောက်သွားတဲ့အချိန်မှာ နောက်ဘီးနဲ့ကြိတ်မိတာမျိုးပါ။ ဖြစ်သွားတဲ့ နေရာကလည်း လမ်းအရှင်းကြီးပါ”ဟု ရှင်သန်ရေးလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် အသက်(၆၆)နှစ်အရွယ် အမျိုးသမီးတွင် ဦးခေါင်းကြေမွဒဏ်ရာဖြင့် အခင်းဖြစ်နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။ “သွေးတွေကတော့ အိုင်နေတာပါပဲ။ ယာဉ်တိုက်မှုဖြစ်ရင်တော့ နှစ်ဖက်လုံးအတွက်ထိခိုက်နစ်နာမှုတွေရှိကြတာပေါ့။ ယာဉ်မောင်းတွေကလည်း သတိကပ်ပြီးမောင်းသင့်တယ်။ နောက်ပြီးအခုချိန်မှာက လူတွေက သတိမကပ်နိုင်တဲ့အခြေအနေတွေ ရှိကြတယ်။ စားဝတ်နေရေးအတွက်တို့ ဘာကြောင့် ညာကြောင့်ပေါ့ဗျာ။ အဲဒီအချိန်တွေမှာ ကားလမ်းကူးကြရင်တောင် သတိမကပ်မိတဲ့အတွက်တိုက်မိတာတွေရှိကြတယ်။ အဲဒါကြောင့် ကားလမ်းကူးရင်လည်း သတိလေးကပ်ပြီးကူးကြပါလို့ အကြံပြုချင်ပါတယ်” ဟု ၎င်းဆက်လက်ပြောသည်။

ထို့နောက် သေဆုံးသူအမျိုးသမီးကို ရှင်သန်ရေးလူမှုကူညီရေးအသင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ ၂၇ ရက် နေ့လယ် ၁ နာရီခန့်ကလည်း မန္တလေးတိုင်း၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ ၄၄ လမ်း၊ ၁၀၉ (B) လမ်းနှင့် ၁၀၉ (C) လမ်းကြားတွင် ဒိုင်နာယာဥ်မှ ဆိုင်ကယ်အား တိုက်မိခဲ့ရာ ဆိုင်ကယ်မောင်းသည့် တိုင်းရင်းဆေးအကြောပြင်ဆရာ ဦးခေါင်းကြေမွ၍ သေဆုံးခဲ့ရဖူးသည်။

zawgyi version
ရန္ကုန္ၿမိဳ႕တြင္ သက္ႀကီးပိုင္းအမ်ိဳးသမီးတစ္ဦး ဦးေခါင္းကို YBS ယာဥ္အႀကိတ္ခံရ၍ ပြဲခ်င္းၿပီးေသဆုံး
သန႔္ဇင္ (NP News) - ဇြန္ ၂၉

ရန္ကုန္တိုင္းေဒသႀကီး၊ ပုဇြန္ေတာင္ၿမိဳ႕တြင္ သက္ႀကီးပိုင္းအမ်ိဳးသမီးတစ္ဦး ဦးေခါင္းကို YBS ယာဥ္အႀကိတ္ခံရ၍ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း ရွင္သန္ေရးလူမႈကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ဇြန္လ ၂၈ ရက္)၊ ညေန ၄နာရီ ၃၅မိနစ္အခ်ိန္ခန႔္က ပုဇြန္ေတာင္ၿမိဳ႕နယ္၊ ေအာက္ပုဇြန္ေတာင္လမ္းမ၊ ေညာင္တန္းအိမ္ယာအေရွ႕တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။ “ကြၽန္ေတာ္တို႔ေရာက္သြားေတာ့ အမ်ိဳးသမီးက ေခါင္းျပားၿပီးဆုံးေနတာေပါ့။ ေဘးကေျပာၾကတဲ့ပုံစံကေတာ့ အမ်ိဳးသမီးက ကားလမ္းျဖတ္ကူးတာကေန YBS(100)နဲ႔တိုက္မိၿပီး ေခါင္းကကားေအာက္ေရာက္သြားတဲ့အခ်ိန္မွာ ေနာက္ဘီးနဲ႔ႀကိတ္မိတာမ်ိဳးပါ။ ျဖစ္သြားတဲ့ ေနရာကလည္း လမ္းအရွင္းႀကီးပါ”ဟု ရွင္သန္ေရးလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါျဖစ္စဥ္ေၾကာင့္ အသက္(၆၆)ႏွစ္အ႐ြယ္ အမ်ိဳးသမီးတြင္ ဦးေခါင္းေၾကမြဒဏ္ရာျဖင့္ အခင္းျဖစ္ေနရာတြင္ ပြဲခ်င္းၿပီးေသဆုံးသြားခဲ့ေၾကာင္း သိရသည္။ “ေသြးေတြကေတာ့ အိုင္ေနတာပါပဲ။ ယာဥ္တိုက္မႈျဖစ္ရင္ေတာ့ ႏွစ္ဖက္လုံးအတြက္ထိခိုက္နစ္နာမႈေတြရွိၾကတာေပါ့။ ယာဥ္ေမာင္းေတြကလည္း သတိကပ္ၿပီးေမာင္းသင့္တယ္။ ေနာက္ၿပီးအခုခ်ိန္မွာက လူေတြက သတိမကပ္ႏိုင္တဲ့အေျခအေနေတြ ရွိၾကတယ္။ စားဝတ္ေနေရးအတြက္တို႔ ဘာေၾကာင့္ ညာေၾကာင့္ေပါ့ဗ်ာ။ အဲဒီအခ်ိန္ေတြမွာ ကားလမ္းကူးၾကရင္ေတာင္ သတိမကပ္မိတဲ့အတြက္တိုက္မိတာေတြရွိၾကတယ္။ အဲဒါေၾကာင့္ ကားလမ္းကူးရင္လည္း သတိေလးကပ္ၿပီးကူးၾကပါလို႔ အႀကံျပဳခ်င္ပါတယ္” ဟု ၎ဆက္လက္ေျပာသည္။

ထို႔ေနာက္ ေသဆုံးသူအမ်ိဳးသမီးကို ရွင္သန္ေရးလူမႈကူညီေရးအသင္းက ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

အလားတူ ဇြန္လ ၂၇ ရက္ ေန႔လယ္ ၁ နာရီခန္႔ကလည္း မႏၲေလးတိုင္း၊ မဟာေအာင္ေျမခ႐ိုင္၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ေအာင္သာယာရပ္ကြက္၊ ၄၄ လမ္း၊ ၁၀၉ (B) လမ္းႏွင့္ ၁၀၉ (C) လမ္းၾကားတြင္ ဒိုင္နာယာဥ္မွ ဆိုင္ကယ္အား တိုက္မိခဲ့ရာ ဆိုင္ကယ္ေမာင္းသည့္ တိုင္းရင္းေဆးအေၾကာျပင္ဆရာ ဦးေခါင္းေၾကမြ၍ ေသဆုံးခဲ့ရဖူးသည္။

Related news

© 2021. All rights reserved.