စင်ကာပူမှာ အသားဖြူလိမ်းဆေးနဲ့ ကိုယ်အလေးချိန်ကျဆေး အသုံးပြုခြင်းကြောင့် လူ ၂ ဦးကို ဆေးရုံတင်ထားရ

 510

ရောင်နီ (NP News) - ဇွန် ၂၉

စင်ကာပူမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အလှအပထုတ်ကုန်တွေကို အသုံးပြုပြီး လူသုံးဦး ဘေးထွက်ဆိုးကျိုး ခံစားခဲ့ရကာ ၎င်းတို့ထဲက ၂ ဦး ဆေးရုံ တင်ရတယ်လို့ ကျန်းမာရေးသိပ္ပံအာဏာပိုင်အဖွဲ့ (HSA) က ဇွန် ၂၈ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် 88 Total White Underarm Cream၊ Sausando Cellulite Pills နဲ့ Pelangsing Double Strong ဆိုတဲ့ ထုတ်ကုန်တွေကို ဝယ်ယူသုံးစွဲခြင်း မပြုဖို့ HSA မှ အကြံပြုထားပါတယ်။ ထုတ်ကုန်သုံးခုစလုံးဟာ Shopee၊ Lazada လို ဒေသတွင်း e-commerce ပလပ်ဖောင်းတွေမှာ တွေ့ရလေ့ရှိသလို Lucky Plaza ရှိ လက်လီ အရောင်းဆိုင်တွေမှာလည်း ရောင်းချလေ့ ရှိတယ်လို့ သိရပါတယ်။

HSA ဟာ Lucky Plaza ဆိုင်မှ အဆိုပါ ဆေးဝါး စတော့ အားလုံး သိမ်းဆည်းရပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ အဆိုပါအေဂျင်စီက ပြောကြားပါတယ်။ ဒါအပြင် စီမံခန့်ခွဲသူတွေရဲ့ အကူအညီနဲ့ e-commerce ပလပ်ဖောင်းတွေမှ ဖယ်ရှားပြီး အွန်လိုင်းရောင်းချသူတွေကိုလည်း အရေးယူမယ်လို့ သိရပါတယ်။
HSA ရဲ့အဆိုအရ အဆိုပါ အလှအပထုတ်ကုန်တွေမှာ မာကျူရီအဆင့်မြင့်မားပြီး အစွမ်းထက်တဲ့ ဆေးဖက်ဝင် ပစ္စည်းတွေဖြစ်တဲ့ betamethasone၊ betamethasone နဲ့ salicylic acid တွေလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။ အကျိုးဆက်အနေနဲ့ အဲဒီလိုအလှအပ ပစ္စည်းကို အသုံးပြုမိသူတွေမှာ အရေပြားနီမြန်းခြင်း၊ အသည်းကို ထိခိုက်စေ တယ်လို့ သိရပါတယ်။

Zawgyi Version;
စင္ကာပူမွာ အသားျဖဴလိမ္းေဆးနဲ႔ ကိုယ္အေလးခ်ိန္က်ေဆး အသုံးျပဳျခင္းေၾကာင့္ လူ ၂ ဦးကို ေဆး႐ုံတင္ထားရ
ေရာင္နီ (NP News) - ဇြန္ ၂၉

စင္ကာပူမွာ က်န္းမာေရးနဲ႔ မညီၫြတ္တဲ့ အလွအပထုတ္ကုန္ေတြကို အသုံးျပဳၿပီး လူသုံးဦး ေဘးထြက္ဆိုးက်ိဳး ခံစားခဲ့ရကာ ၎တို႔ထဲက ၂ ဦး ေဆး႐ုံ တင္ရတယ္လို႔ က်န္းမာေရးသိပၸံအာဏာပိုင္အဖြဲ႕ (HSA) က ဇြန္ ၂၈ ရက္မွာ ေျပာၾကားခဲ့ပါတယ္။

ဒီျဖစ္ရပ္ေၾကာင့္ 88 Total White Underarm Cream၊ Sausando Cellulite Pills နဲ႔ Pelangsing Double Strong ဆိုတဲ့ ထုတ္ကုန္ေတြကို ဝယ္ယူသုံးစြဲျခင္း မျပဳဖို႔ HSA မွ အႀကံျပဳထားပါတယ္။ ထုတ္ကုန္သုံးခုစလုံးဟာ Shopee၊ Lazada လို ေဒသတြင္း e-commerce ပလပ္ေဖာင္းေတြမွာ ေတြ႕ရေလ့ရွိသလို Lucky Plaza ရွိ လက္လီ အေရာင္းဆိုင္ေတြမွာလည္း ေရာင္းခ်ေလ့ ရွိတယ္လို႔ သိရပါတယ္။

HSA ဟာ Lucky Plaza ဆိုင္မွ အဆိုပါ ေဆးဝါး စေတာ့ အားလုံး သိမ္းဆည္းရၿပီး စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ အဆိုပါေအဂ်င္စီက ေျပာၾကားပါတယ္။ ဒါအျပင္ စီမံခန႔္ခြဲသူေတြရဲ႕ အကူအညီနဲ႔ e-commerce ပလပ္ေဖာင္းေတြမွ ဖယ္ရွားၿပီး အြန္လိုင္းေရာင္းခ်သူေတြကိုလည္း အေရးယူမယ္လို႔ သိရပါတယ္။
HSA ရဲ႕အဆိုအရ အဆိုပါ အလွအပထုတ္ကုန္ေတြမွာ မာက်ဴရီအဆင့္ျမင့္မားၿပီး အစြမ္းထက္တဲ့ ေဆးဖက္ဝင္ ပစၥည္းေတြျဖစ္တဲ့ betamethasone၊ betamethasone နဲ႔ salicylic acid ေတြလည္း ပါဝင္ေနတယ္လို႔ ဆိုပါတယ္။ အက်ိဳးဆက္အေနနဲ႔ အဲဒီလိုအလွအပ ပစၥည္းကို အသုံးျပဳမိသူေတြမွာ အေရျပားနီျမန္းျခင္း၊ အသည္းကို ထိခိုက္ေစ တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.