မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ဘဏ်များပါဝင်နေပြီး အရေးယူပေးရန် တောင်းဆိုရေးသားမှုမှာ ပြည်သူများ၏အကျိုးစီးပွားကို ထိခိုက်စေကြောင်း ဗဟိုဘဏ်ပြန်လည်တုံ့ပြန်

 3125

ယွန်း (NP News) - ဇွန် ၂၉

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏အစီရင်ခံစာတွင် ပါဝင်သည့် အပြည်ပြည်ဆိုင်ရာဘဏ်များ အပါအဝင် ဘဏ်အချို့ကို အရေးယူပေးရန် တောင်းဆိုရေးသားမှုမှာ ပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေခြင်းကြောင့် ပြင်းထန်စွာကန့်ကွက်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇွန်လ(၂၈)ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

လူ့အခွင့်အရေးကောင်စီက ပြီးခဲ့သည့် ဇွန်လ(၂၆)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်းနိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့မှပါဝင်ဆောင်ရွက်နေပြီး အရေးယူပေးရန် တောင်းဆိုမှုများ ဖော်ပြထားကြောင်း သိရသည်။ လက်ရှိတွင် နိုင်ငံပိုင်ဘဏ်များအပါအဝင် ပြည်တွင်းဘဏ်များအားလုံးအနေဖြင့် ဗဟိုဘဏ်မှ ချမှတ်ထားသည့် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူများ၏ အချက်အလက်များကို သေချာစွာစိစစ်ရယူခြင်းဆိုင်ရာ Due Diligence Procedure များကို တိကျစွာလိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် နိုင်ငံပိုင်ဘဏ်များအပါအဝင် ပြည်တွင်းဘဏ်များအားလုံး၏ အပြည်ပြည်ဆိုင်ရာ အဆက်အသွယ်ဘဏ်များအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပ ငွေကြေးလွှဲပြောင်းမှုများကို ဆောင်ရွက်ပေးရာတွင် လိုအပ်သည့် အထောက်အထားများအားရယူ၍ အလေးထားစိစစ်ခြင်းကို တိုးမြှင့်ဆောင်ရွက်ခြင်း (Enhanced Due Diligence - EDD) ကို ဆောင်ရွက်နေကြောင်း သိရသည်။

အလားတူ ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF) ၏ စံသတ်မှတ်ချက်များနှင့်အညီ မြန်မာနိုင်ငံ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ တိုးတက်မှုအစီရင်ခံစာများကို အာရှ-ပစိဖိတ်ပူးတွဲ အဖွဲ့ (APJG) သို့ တင်ပြချက်များနှင့် မျက်နှာချင်းဆိုင်အစည်းအဝေးတွင် ဆွေးနွေးပြောဆိုချက်များအရ FATF နှင့် APJG တို့က အသိအမှတ်ပြုပြီး နှစ်စဉ်စံနှုန်းသတ်မှတ်ချက်အဆင့်များ တိုးမြှင့်ပေးခဲ့ခြင်း တို့ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇွန်လ(၉)ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း ဗဟိုဘဏ်၏ထုတ်ပြန်ချက်တွင် အတိအလင်းရေးသားထားသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပငွေကြေးလွှဲပြောင်းမှုများမှာလည်း မြန်မာနိုင်ငံသားများအတွက် အဓိကမရှိမဖြစ်လိုအပ်သော အခြေခံကုန်စည်များ ဖြစ်သည့် ဆေးနှင့်ဆေးအထောက်အကူပြုပစ္စည်းများ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းသုံးပစ္စည်းများ၊ ဓာတ်မြေဩဇာ၊ စက်သုံးဆီ၊ စားသုံးဆီများ တင်သွင်းမှု များအတွက်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်က ဆိုထားသည်။ ထို့ပြင် ဘဏ်များအနေဖြင့် အဆိုပါကုန်စည်များတင်သွင်းခြင်းအတွက် ငွေပေးချေမှုများပြုလုပ်ရာတွင် ကုန်သွယ်မှုဆိုင်ရာ သက်သေခံစာရွက်စာတမ်း အထောက်အထားများရယူ၍ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏အစီရင်ခံစာပါ မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ၌ အပြည်ပြည်ဆိုင်ရာဘဏ်များ၊ ပြည်တွင်းနိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကဘဏ်အချို့မှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အရေးယူပေးရန် တောင်းဆိုမှုများ ရေးသားဖော်ပြချက်များမှာ မြန်မာပြည်သူများ၏ အကျိုးစီးပွားကို ထိခိုက်စေသည့် အပြင် မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား ဆက်ဆံရေးကိုလည်း ထိခိုက်စေသဖြင့် အဆိုပါရေးသားချက်အပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း မြန်မာနိုင်ငံတော်‌ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

အလားတူ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ကလည်း အဆိုပါ အစီရင်ခံစာနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများအကြား စီးပွားရေးအရ ဆက်ဆံမှုကိုလည်း ထိခိုက်စေနိုင်မည်ဖြစ်သဖြင့် စိုးရိမ်ပူပန်မိကြောင်း နှင့် အသင်းချုပ်သည် နိုင်ငံ့စီးပွားရေးနှင့်သာမာန်ပြည်သူများ၏ လူမှုစီးပွားဘဝများ ရှင်သင်ရေးတို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရသည်။

zawgyi version
ျမန္မာႏိုင္ငံ၏ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားတြင္ ဘဏ္မ်ားပါဝင္ေနၿပီး အေရးယူေပးရန္ ေတာင္းဆိုေရးသားမႈမွာ ျပည္သူမ်ား၏အက်ိဳးစီးပြားကို ထိခိုက္ေစေၾကာင္း ဗဟိုဘဏ္ျပန္လည္တုံ႔ျပန္
ယြန္း (NP News) - ဇြန္ ၂၉

ကမာၻ႔ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ၏အစီရင္ခံစာတြင္ ပါဝင္သည့္ အျပည္ျပည္ဆိုင္ရာဘဏ္မ်ား အပါအဝင္ ဘဏ္အခ်ိဳ႕ကို အေရးယူေပးရန္ ေတာင္းဆိုေရးသားမႈမွာ ျပည္သူမ်ား၏ အက်ိဳးစီးပြားကို ထိခိုက္ေစျခင္းေၾကာင့္ ျပင္းထန္စြာကန႔္ကြက္ေၾကာင္း ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ဇြန္လ(၂၈)ရက္တြင္ အသိေပးထုတ္ျပန္ထားသည္။

လူ႔အခြင့္အေရးေကာင္စီက ၿပီးခဲ့သည့္ ဇြန္လ(၂၆)ရက္ေန႔တြင္ ထုတ္ျပန္ခဲ့သည့္ အစီရင္ခံစာ၌ ျမန္မာႏိုင္ငံ၏ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ားတြင္ အျပည္ျပည္ဆိုင္ရာဘဏ္မ်ား၊ ျပည္တြင္းႏိုင္ငံပိုင္ဘဏ္ႏွင့္ ပုဂၢလိကဘဏ္အခ်ိဳ႕မွပါဝင္ေဆာင္႐ြက္ေနၿပီး အေရးယူေပးရန္ ေတာင္းဆိုမႈမ်ား ေဖာ္ျပထားေၾကာင္း သိရသည္။ လက္ရွိတြင္ ႏိုင္ငံပိုင္ဘဏ္မ်ားအပါအဝင္ ျပည္တြင္းဘဏ္မ်ားအားလုံးအေနျဖင့္ ဗဟိုဘဏ္မွ ခ်မွတ္ထားသည့္ ဘဏ္ႏွင့္ဆက္သြယ္ေဆာင္႐ြက္သူမ်ား၏ အခ်က္အလက္မ်ားကို ေသခ်ာစြာစိစစ္ရယူျခင္းဆိုင္ရာ Due Diligence Procedure မ်ားကို တိက်စြာလိုက္နာေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထို႔ျပင္ ႏိုင္ငံပိုင္ဘဏ္မ်ားအပါအဝင္ ျပည္တြင္းဘဏ္မ်ားအားလုံး၏ အျပည္ျပည္ဆိုင္ရာ အဆက္အသြယ္ဘဏ္မ်ားအေနျဖင့္လည္း ျမန္မာႏိုင္ငံ၏ ျပည္တြင္းျပည္ပ ေငြေၾကးလႊဲေျပာင္းမႈမ်ားကို ေဆာင္႐ြက္ေပးရာတြင္ လိုအပ္သည့္ အေထာက္အထားမ်ားအားရယူ၍ အေလးထားစိစစ္ျခင္းကို တိုးျမႇင့္ေဆာင္႐ြက္ျခင္း (Enhanced Due Diligence - EDD) ကို ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

အလားတူ ေငြေၾကးဆိုင္ရာအေရးယူေဆာင္႐ြက္ေရးအဖြဲ႕ (FATF) ၏ စံသတ္မွတ္ခ်က္မ်ားႏွင့္အညီ ျမန္မာႏိုင္ငံ၏ အေကာင္အထည္ေဖာ္ေဆာင္႐ြက္မႈဆိုင္ရာ တိုးတက္မႈအစီရင္ခံစာမ်ားကို အာရွ-ပစိဖိတ္ပူးတြဲ အဖြဲ႕ (APJG) သို႔ တင္ျပခ်က္မ်ားႏွင့္ မ်က္ႏွာခ်င္းဆိုင္အစည္းအေဝးတြင္ ေဆြးေႏြးေျပာဆိုခ်က္မ်ားအရ FATF ႏွင့္ APJG တို႔က အသိအမွတ္ျပဳၿပီး ႏွစ္စဥ္စံႏႈန္းသတ္မွတ္ခ်က္အဆင့္မ်ား တိုးျမႇင့္ေပးခဲ့ျခင္း တို႔ကို ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ဇြန္လ(၉)ရက္ေန႔တြင္ သတင္းထုတ္ျပန္ခဲ့ၿပီးျဖစ္ေၾကာင္း ဗဟိုဘဏ္၏ထုတ္ျပန္ခ်က္တြင္ အတိအလင္းေရးသားထားသည္။

ျမန္မာႏိုင္ငံ၏ ျပည္တြင္းျပည္ပေငြေၾကးလႊဲေျပာင္းမႈမ်ားမွာလည္း ျမန္မာႏိုင္ငံသားမ်ားအတြက္ အဓိကမရွိမျဖစ္လိုအပ္ေသာ အေျခခံကုန္စည္မ်ား ျဖစ္သည့္ ေဆးႏွင့္ေဆးအေထာက္အကူျပဳပစၥည္းမ်ား၊ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးလုပ္ငန္းသုံးပစၥည္းမ်ား၊ ဓာတ္ေျမဩဇာ၊ စက္သုံးဆီ၊ စားသုံးဆီမ်ား တင္သြင္းမႈ မ်ားအတြက္ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း ဗဟိုဘဏ္က ဆိုထားသည္။ ထို႔ျပင္ ဘဏ္မ်ားအေနျဖင့္ အဆိုပါကုန္စည္မ်ားတင္သြင္းျခင္းအတြက္ ေငြေပးေခ်မႈမ်ားျပဳလုပ္ရာတြင္ ကုန္သြယ္မႈဆိုင္ရာ သက္ေသခံစာ႐ြက္စာတမ္း အေထာက္အထားမ်ားရယူ၍ စိစစ္ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ကမာၻ႔ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ၏အစီရင္ခံစာပါ ျမန္မာႏိုင္ငံ၏ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈမ်ား၌ အျပည္ျပည္ဆိုင္ရာဘဏ္မ်ား၊ ျပည္တြင္းႏိုင္ငံပိုင္ဘဏ္ႏွင့္ ပုဂၢလိကဘဏ္အခ်ိဳ႕မွ ပါဝင္ေဆာင္႐ြက္လ်က္ရွိေၾကာင္းႏွင့္ အေရးယူေပးရန္ ေတာင္းဆိုမႈမ်ား ေရးသားေဖာ္ျပခ်က္မ်ားမွာ ျမန္မာျပည္သူမ်ား၏ အက်ိဳးစီးပြားကို ထိခိုက္ေစသည့္ အျပင္ ျမန္မာႏိုင္ငံႏွင့္ ျပည္ပႏိုင္ငံမ်ားအၾကား ဆက္ဆံေရးကိုလည္း ထိခိုက္ေစသျဖင့္ အဆိုပါေရးသားခ်က္အေပၚ ျပင္းထန္စြာကန႔္ကြက္ေၾကာင္း ျမန္မာႏိုင္ငံေတာ္‌ဗဟိုဘဏ္က ထုတ္ျပန္ထားသည္။

အလားတူ ကုန္သည္စက္မႈအသင္းခ်ဳပ္ (UMFCCI) ကလည္း အဆိုပါ အစီရင္ခံစာႏွင့္ပတ္သက္ၿပီး ျမန္မာႏိုင္ငံႏွင့္ ျပည္ပႏိုင္ငံမ်ားအၾကား စီးပြားေရးအရ ဆက္ဆံမႈကိုလည္း ထိခိုက္ေစႏိုင္မည္ျဖစ္သျဖင့္ စိုးရိမ္ပူပန္မိေၾကာင္း ႏွင့္ အသင္းခ်ဳပ္သည္ ႏိုင္ငံ့စီးပြားေရးႏွင့္သာမာန္ျပည္သူမ်ား၏ လူမႈစီးပြားဘဝမ်ား ရွင္သင္ေရးတို႔အတြက္ ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္ကိုလည္း ေတြ႕ရသည္။

Related news

© 2021. All rights reserved.