နှစ်(၃ဝ)ကြာလာသည်အထိ အထည်ချုပ်ကဏ္ဍ FOB စနစ် မပြောင်းနိုင်ခြင်း၏ အဓိကအချက်လုပ်ငန်းရှင်များ ဖွင့်ဟ
1395
ယွန်း (NP News) - ဇွန် ၂၇
ပြည်တွင်း၌အထည်ချုပ်လုပ်ငန်းကို နှစ်ပေါင်း (၃၀)နီးပါး လက်ခစားစနစ်(CMP)ဖြင့် လုပ်ကိုင်လာခဲ့ရာ အစအဆုံး ထုတ်လုပ်သည့်စနစ် (FOB)သို့ ပြောင်းလဲနိုင်ရေးအတွက် နိုင်ငံတော်၏ ထိထိမိမိ အားပေးမှုလိုအပ်ကြောင်း ပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်းရှင်များက NP News က တစ်ဆင့် သုံးသပ်ပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် CMP စနစ်ဖြင့်ဆောင်ရွက်နေသော ပုဂ္ဂလိကပိုင် အထည်ချုပ်စက်ရုံပေါင်း (၅၀ဝ) ကျော်ရှိပြီး အထည်ချုပ်လုပ်သား (၄)သိန်းခန့်ကို အလုပ်အကိုင်အခွင့်အလမ်းပေးထားနိုင်ကြောင်း သိရသည်။ အဆိုပါ CMP စနစ်ကို ၁၉၉၀ ပြည့်နှစ် နောက်ပိုင်းကာလမှစ၍ မြန်မာနိုင်ငံက အထည်ချုပ် လုပ်ငန်းများဖြင့် စတင်ကာ ယနေ့ အထိ ဆောင်ရွက်ခဲ့ရာ နှစ်ပေါင်း (၃၀)ကျော်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း FOB စနစ်သို့ ပြောင်းလဲလုပ်ကိုင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
“ကျွန်တော်တို့က CMP လုပ်လာတာ နှစ်(၃၀)ကျော်တော့မယ်။ ဗီယက်နမ်တို့ဘာတို့ဆိုရင် (၁၀)နှစ်ဆို FOB ပြောင်း တယ်။ FOB ဆိုတာဘာလဲဆိုတော့ အစအဆုံးအကုန်လုပ်တာ။ ချည်ကနေ ပိတ် လုပ်တယ်။ ပိတ်ကနေအရောင်ဆိုး တယ်။ ဝတ်တဲ့အထိကို အစအဆုံးလုပ်တာ။ ဒါတွေကို ကျွန်တော်တို့ဆီမှာ အားပေးဖို့လိုတယ်။ ကျွန်တော်တို့ မျက်စိ မှိတ်ပြီး underwear ကအစ သတို့သမီးဝတ်စုံအထိ အကုန်ကျွမ်းကျင်နေပြီ။ ဒါပေမဲ့ ခက်တာက ကျွန်တော် တို့ဆီမှာ ဘာမှမရှိဘူး” ဟု ပြည်တွင်းရှိ အထည်ချုပ်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်တွင်းထုတ်လုပ်မှုအားနည်းခြင်းအပြင် နည်းပညာအခက်အခဲများကြောင့် FOB စနစ်ပြောင်း လဲနိုင်ရန်ခက်ခဲနေ ပြီး လက်ရှိတွင် ပိတ်စသာမက အပ်ကိုပါ နိုင်ငံခြားမှတင်သွင်းနေရကြောင်း ၎င်းက ဆိုသည်။ “ အပ်ချည်ကအစ အပ် အဆုံး နိုင်ငံခြားက နေပဲမှာနေရတာ။ မှာပြီဆိုတာနဲ့ အချိန်ယူရပြီလေ။ အပ်ချည်ဆိုတာ လာရင်ဗိုင်းငင်လိုဟာမျိုး အခွေကြီးတွေနဲ့လာတာ။ အဲဒါကို ကျွန်တော်တို့က ဘီးလေးတွေမှာ ရစ်ပြီးတော့ အပ်ချုပ်စက်တွေမှာ ပြန်သုံးလို့ ရအောင်လုပ်ရတဲ့အခါကျတော့ အဲဒါတွေက SME တွေပဲ။ ရပ်ကွက်ထဲမှာလည်း လုပ်လို့ရတယ်။ စက်ချုပ်တဲ့ အပ်ကလေးတွေလည်း လုပ်လို့ရတယ်။ ဘာမှမခက်ဘူး။ နည်းပညာပဲ။ တံဆိပ်ရိုက်တဲ့ဟာလေးတွေ ကွန်ပျူတာနဲ့ လုပ်တာပဲလေ။ မခက်ဘူး။ ဒါလေး တွေကအစ ကျွန်တော်တို့ဆီမှာ မပြည့်စုံသေးဘူး။ ပိတ်စဆို ဝေလာဝေးပေါ့ဗျာ။ အစိုးရစက်ရုံတွေတော့ ရှိတယ်။ အဆင့်မမီဘူး” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။
မြန်မာနိုင်ငံအတွင်း CMP စနစ်ဖြင့် လုပ်ကိုင်သော အထည်ချုပ်စက်ရုံများထဲတွင် ပိတ်သိမ်းသွားသော စက်ရုံအချို့ ရှိသကဲ့သို့ အသစ်ထပ်မံဖွင့်ကာ ရင်နှီးမြှုပ်နှံနေသည့်စက်ရုံများလည်းရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းမှ အမေရိကန်ဒေါ်လာ (၅ ဒသမ ၃) ဘီလျံရရှိခဲ့ပြီး နိုင်ငံပေါင်း (၁၀ဝ)ကျော် သို့တင်ပို့နိုင်ခဲ့ကာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လည်း နိုင်ငံပေါင်း(၈၀) ကျော်ကို အဓိကတင်ပို့ခဲ့ ကြောင်း သိရသည်။
ပြည်တွင်း၌ CMP လက်ခစားစနစ်ကို အထည်ချုပ်လုပ်ငန်းအပြင် ဖိနပ်ချုပ်၊ ဆံပင်တု အပါအဝင် အခြားသော လုပ်ငန်းများတွင်လည်း လုပ်ကိုင်နေကြောင်း အလုပ်သမားဝန်ကြီးဌာန၏ အချက်အလက်များအရသိရသည်။
Zawgyi Version;
ႏွစ္(၃ဝ)ၾကာလာသည္အထိ အထည္ခ်ဳပ္က႑ FOB စနစ္ မေျပာင္းႏိုင္ျခင္း၏ အဓိကအခ်က္လုပ္ငန္းရွင္မ်ား ဖြင့္ဟ
ယြန္း (NP News) - ဇြန္ ၂၇
ျပည္တြင္း၌အထည္ခ်ဳပ္လုပ္ငန္းကို ႏွစ္ေပါင္း (၃၀)နီးပါး လက္ခစားစနစ္(CMP)ျဖင့္ လုပ္ကိုင္လာခဲ့ရာ အစအဆုံး ထုတ္လုပ္သည့္စနစ္ (FOB)သို႔ ေျပာင္းလဲႏိုင္ေရးအတြက္ ႏိုင္ငံေတာ္၏ ထိထိမိမိ အားေပးမႈလိုအပ္ေၾကာင္း ျပည္တြင္းရွိ အထည္ခ်ဳပ္လုပ္ငန္းရွင္မ်ားက NP News က တစ္ဆင့္ သုံးသပ္ေျပာဆိုထားသည္။
ျမန္မာႏိုင္ငံတြင္ CMP စနစ္ျဖင့္ေဆာင္႐ြက္ေနေသာ ပုဂၢလိကပိုင္ အထည္ခ်ဳပ္စက္႐ုံေပါင္း (၅၀ဝ) ေက်ာ္ရွိၿပီး အထည္ခ်ဳပ္လုပ္သား (၄)သိန္းခန႔္ကို အလုပ္အကိုင္အခြင့္အလမ္းေပးထားႏိုင္ေၾကာင္း သိရသည္။ အဆိုပါ CMP စနစ္ကို ၁၉၉၀ ျပည့္ႏွစ္ ေနာက္ပိုင္းကာလမွစ၍ ျမန္မာႏိုင္ငံက အထည္ခ်ဳပ္ လုပ္ငန္းမ်ားျဖင့္ စတင္ကာ ယေန႔ အထိ ေဆာင္႐ြက္ခဲ့ရာ ႏွစ္ေပါင္း (၃၀)ေက်ာ္ၾကာျမင့္ခဲ့ၿပီျဖစ္ေသာ္လည္း FOB စနစ္သို႔ ေျပာင္းလဲလုပ္ကိုင္ႏိုင္ျခင္း မရွိေသးေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔က CMP လုပ္လာတာ ႏွစ္(၃၀)ေက်ာ္ေတာ့မယ္။ ဗီယက္နမ္တို႔ဘာတို႔ဆိုရင္ (၁၀)ႏွစ္ဆို FOB ေျပာင္း တယ္။ FOB ဆိုတာဘာလဲဆိုေတာ့ အစအဆုံးအကုန္လုပ္တာ။ ခ်ည္ကေန ပိတ္ လုပ္တယ္။ ပိတ္ကေနအေရာင္ဆိုး တယ္။ ဝတ္တဲ့အထိကို အစအဆုံးလုပ္တာ။ ဒါေတြကို ကြၽန္ေတာ္တို႔ဆီမွာ အားေပးဖို႔လိုတယ္။ ကြၽန္ေတာ္တို႔ မ်က္စိ မွိတ္ၿပီး underwear ကအစ သတို႔သမီးဝတ္စုံအထိ အကုန္ကြၽမ္းက်င္ေနၿပီ။ ဒါေပမဲ့ ခက္တာက ကြၽန္ေတာ္ တို႔ဆီမွာ ဘာမွမရွိဘူး” ဟု ျပည္တြင္းရွိ အထည္ခ်ဳပ္လုပ္ငန္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
ျပည္တြင္းထုတ္လုပ္မႈအားနည္းျခင္းအျပင္ နည္းပညာအခက္အခဲမ်ားေၾကာင့္ FOB စနစ္ေျပာင္း လဲႏိုင္ရန္ခက္ခဲေန ၿပီး လက္ရွိတြင္ ပိတ္စသာမက အပ္ကိုပါ ႏိုင္ငံျခားမွတင္သြင္းေနရေၾကာင္း ၎က ဆိုသည္။ “ အပ္ခ်ည္ကအစ အပ္ အဆုံး ႏိုင္ငံျခားက ေနပဲမွာေနရတာ။ မွာၿပီဆိုတာနဲ႔ အခ်ိန္ယူရၿပီေလ။ အပ္ခ်ည္ဆိုတာ လာရင္ဗိုင္းငင္လိုဟာမ်ိဳး အေခြႀကီးေတြနဲ႔လာတာ။ အဲဒါကို ကြၽန္ေတာ္တို႔က ဘီးေလးေတြမွာ ရစ္ၿပီးေတာ့ အပ္ခ်ဳပ္စက္ေတြမွာ ျပန္သုံးလို႔ ရေအာင္လုပ္ရတဲ့အခါက်ေတာ့ အဲဒါေတြက SME ေတြပဲ။ ရပ္ကြက္ထဲမွာလည္း လုပ္လို႔ရတယ္။ စက္ခ်ဳပ္တဲ့ အပ္ကေလးေတြလည္း လုပ္လို႔ရတယ္။ ဘာမွမခက္ဘူး။ နည္းပညာပဲ။ တံဆိပ္႐ိုက္တဲ့ဟာေလးေတြ ကြန္ပ်ဴတာနဲ႔ လုပ္တာပဲေလ။ မခက္ဘူး။ ဒါေလး ေတြကအစ ကြၽန္ေတာ္တို႔ဆီမွာ မျပည့္စုံေသးဘူး။ ပိတ္စဆို ေဝလာေဝးေပါ့ဗ်ာ။ အစိုးရစက္႐ုံေတြေတာ့ ရွိတယ္။ အဆင့္မမီဘူး” ဟု အထက္ပါတာဝန္ရွိသူက ေျပာသည္။
ျမန္မာႏိုင္ငံအတြင္း CMP စနစ္ျဖင့္ လုပ္ကိုင္ေသာ အထည္ခ်ဳပ္စက္႐ုံမ်ားထဲတြင္ ပိတ္သိမ္းသြားေသာ စက္႐ုံအခ်ိဳ႕ ရွိသကဲ့သို႔ အသစ္ထပ္မံဖြင့္ကာ ရင္ႏွီးျမႇဳပ္ႏွံေနသည့္စက္႐ုံမ်ားလည္းရွိေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ ၂၀၂၂-၂၀၂၃ ဘ႑ာႏွစ္တြင္ ျမန္မာႏိုင္ငံအထည္ခ်ဳပ္လုပ္ငန္းမွ အေမရိကန္ေဒၚလာ (၅ ဒသမ ၃) ဘီလ်ံရရွိခဲ့ၿပီး ႏိုင္ငံေပါင္း (၁၀ဝ)ေက်ာ္ သို႔တင္ပို႔ႏိုင္ခဲ့ကာ ၂၀၂၃-၂၀၂၄ ဘ႑ာႏွစ္တြင္ လည္း ႏိုင္ငံေပါင္း(၈၀) ေက်ာ္ကို အဓိကတင္ပို႔ခဲ့ ေၾကာင္း သိရသည္။
ျပည္တြင္း၌ CMP လက္ခစားစနစ္ကို အထည္ခ်ဳပ္လုပ္ငန္းအျပင္ ဖိနပ္ခ်ဳပ္၊ ဆံပင္တု အပါအဝင္ အျခားေသာ လုပ္ငန္းမ်ားတြင္လည္း လုပ္ကိုင္ေနေၾကာင္း အလုပ္သမားဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရသိရသည္။