ထိုင်ဝမ်ပြည်သူတွေအနေနဲ့ စိုးရိမ်မှုတွေမရှိဘဲ နိုင်ငံတွင်းကို လာရောက်လည်ပတ်နိုင်တယ်လို့ တရုတ်အစိုးရပြော

 218

Pika (NP News) - ဇွန် ၂၉

ထိုင်ဝမ်ပြည်သူအများစုဟာ စိုးရိမ်မှုတွေမရှိဘဲ စိတ်အားထက်သန်စွာနဲ့ တရုတ်နိုင်ငံကို လာရောက်လည်ပတ်နိုင်တယ်လို့ တရုတ်အစိုးရကပြောကြားခဲ့ပါတယ်။ ထိုင်ဝမ်လွတ်လပ်ရေးကို ထောက်ခံတဲ့လူတွေကို ကွပ်မျက်ပစ်မယ်လို့ တရုတ်အစိုးရက ခြိမ်းခြောက်ပြောဆိုပြီးနောက်ပိုင်း တရုတ်နိုင်ငံကို ခရီးသွားတာမျိုးမလုပ်ဆောင်ဖို့ ထိုင်ဝမ်အစိုးရက ယခုသီတင်းပတ်အတွင်း သတိပေးပြောဆိုခဲ့ပါတယ်။

ထိုင်ဝမ်အစိုးရရဲ့သတိပေးချက်ကို တရုတ်ဘက်က ပြစ်တင်ရှုတ်ချခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် တရုတ်အစိုးရရဲ့ကွပ်မျက်မှုနဲ့ပတ်သက်တဲ့ထုတ်ပြန်ချက်က ထိုင်ဝမ်ခွဲထွက်ရေးသမားအနည်းငယ်အတွက် ရည်ရွယ်ထားတာဖြစ်တယ်လို့ တရုတ်ရဲ့ထိုင်ဝမ်ရေးရာရုံးက ဇွန်လ(၂၈)ရက်နေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ တရုတ်ရဲ့ထိုင်ဝမ်ရေးရာရုံးက 'ထိုင်ဝမ်ပြည်သူတွေဟာ ရေလက်ကြားဖြတ်ကျော်ဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ပါဝင်နိုင်ပါတယ်။ တရုတ်နိုင်ငံကို ခရီးသွားလာဖို့နဲ့ပတ်သက်ပြီး စိုးရိမ်စရာမလိုပါဘူး။ သူတို့တွေက စိတ်အားထက်သန်စွာလာရောက်နိုင်ပြီး ကောင်းကောင်းမွန်မွန်နဲ့ပဲ ပြန်လည်ထွက်ခွါသွားနိုင်ပါတယ်'လို့ သတင်းထုတ်ပြန်ထားပါတယ်။

တရုတ်တရားရုံးတွေဟာ ထိုင်ဝမ်မှာ တရားစီရင်ပိုင်ခွင့်မရှိပေမယ့်လည်း ထိုင်ဝမ်ခွဲထွက်ရေးသမားတွေလို့ယူဆထားတဲ့လူတွေကို ဆက်လက်ခြေရာခံသွားမယ်လို့ တရုတ်အစိုးရက ကတိပြုခဲ့ပါတယ်။ ဒါ့ပြင် တရုတ်အစိုးရဟာ ၎င်းရဲ့ပိုင်နက်နယ်မြေအပြင်ဖက်မှာ တရားစီရင်ဖို့ ဘယ်လိုကြိုးပမ်းသွားမလဲဆိုတာကိုတော့ ယခုအချိန်အထိ ရှင်းရှင်းလင်းလင်းမသိရှိရသေးဘူးလို့လည်း သိရပါတယ်။ ထိုင်ဝမ်ရဲ့ခရီးသွားသတိပေးချက်ဟာ တရုတ်မြို့တွေဖြစ်တဲ့ ဟောင်ကောင်နဲ့ မကာအိုမြို့တွေအတွက်လည်း ပါဝင်တယ်လို့ သိရပါတယ်။

zawgyi version
ထိုင္ဝမ္ျပည္သူေတြအေနနဲ႔ စိုးရိမ္မႈေတြမရွိဘဲ ႏိုင္ငံတြင္းကို လာေရာက္လည္ပတ္ႏိုင္တယ္လို႔ တ႐ုတ္အစိုးရေျပာ
Pika (NP News) - ဇြန္ ၂၉

ထိုင္ဝမ္ျပည္သူအမ်ားစုဟာ စိုးရိမ္မႈေတြမရွိဘဲ စိတ္အားထက္သန္စြာနဲ႔ တ႐ုတ္ႏိုင္ငံကို လာေရာက္လည္ပတ္ႏိုင္တယ္လို႔ တ႐ုတ္အစိုးရကေျပာၾကားခဲ့ပါတယ္။ ထိုင္ဝမ္လြတ္လပ္ေရးကို ေထာက္ခံတဲ့လူေတြကို ကြပ္မ်က္ပစ္မယ္လို႔ တ႐ုတ္အစိုးရက ၿခိမ္းေျခာက္ေျပာဆိုၿပီးေနာက္ပိုင္း တ႐ုတ္ႏိုင္ငံကို ခရီးသြားတာမ်ိဳးမလုပ္ေဆာင္ဖို႔ ထိုင္ဝမ္အစိုးရက ယခုသီတင္းပတ္အတြင္း သတိေပးေျပာဆိုခဲ့ပါတယ္။

ထိုင္ဝမ္အစိုးရရဲ႕သတိေပးခ်က္ကို တ႐ုတ္ဘက္က ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ တ႐ုတ္အစိုးရရဲ႕ကြပ္မ်က္မႈနဲ႔ပတ္သက္တဲ့ထုတ္ျပန္ခ်က္က ထိုင္ဝမ္ခြဲထြက္ေရးသမားအနည္းငယ္အတြက္ ရည္႐ြယ္ထားတာျဖစ္တယ္လို႔ တ႐ုတ္ရဲ႕ထိုင္ဝမ္ေရးရာ႐ုံးက ဇြန္လ(၂၈)ရက္ေန႔မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ တ႐ုတ္ရဲ႕ထိုင္ဝမ္ေရးရာ႐ုံးက 'ထိုင္ဝမ္ျပည္သူေတြဟာ ေရလက္ၾကားျဖတ္ေက်ာ္ဖလွယ္မႈနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြမွာ ပါဝင္ႏိုင္ပါတယ္။ တ႐ုတ္ႏိုင္ငံကို ခရီးသြားလာဖို႔နဲ႔ပတ္သက္ၿပီး စိုးရိမ္စရာမလိုပါဘူး။ သူတို႔ေတြက စိတ္အားထက္သန္စြာလာေရာက္ႏိုင္ၿပီး ေကာင္းေကာင္းမြန္မြန္နဲ႔ပဲ ျပန္လည္ထြက္ခြါသြားႏိုင္ပါတယ္'လို႔ သတင္းထုတ္ျပန္ထားပါတယ္။

တ႐ုတ္တရား႐ုံးေတြဟာ ထိုင္ဝမ္မွာ တရားစီရင္ပိုင္ခြင့္မရွိေပမယ့္လည္း ထိုင္ဝမ္ခြဲထြက္ေရးသမားေတြလို႔ယူဆထားတဲ့လူေတြကို ဆက္လက္ေျခရာခံသြားမယ္လို႔ တ႐ုတ္အစိုးရက ကတိျပဳခဲ့ပါတယ္။ ဒါ့ျပင္ တ႐ုတ္အစိုးရဟာ ၎ရဲ႕ပိုင္နက္နယ္ေျမအျပင္ဖက္မွာ တရားစီရင္ဖို႔ ဘယ္လိုႀကိဳးပမ္းသြားမလဲဆိုတာကိုေတာ့ ယခုအခ်ိန္အထိ ရွင္းရွင္းလင္းလင္းမသိရွိရေသးဘူးလို႔လည္း သိရပါတယ္။ ထိုင္ဝမ္ရဲ႕ခရီးသြားသတိေပးခ်က္ဟာ တ႐ုတ္ၿမိဳ႕ေတြျဖစ္တဲ့ ေဟာင္ေကာင္နဲ႔ မကာအိုၿမိဳ႕ေတြအတြက္လည္း ပါဝင္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.