ဒေါ်လာ(၆၅)သန်းတန် ဂျန်နီဖာလိုပက်ဇ်ရဲ့ ဇိမ်ခံစံအိမ်ကို ဝယ်မည့်သူမရှိသေး

 206

Pika (NP News) - ဇွန် ၃ဝ

အမေရိကန်ရုပ်ရှင်သရုပ်ဆောင်နှင့်အဆိုတော် တစ်ဦးဖြစ်သူ ဂျန်နီဖာလိုပက်ဇ်နှင့် ရုပ်ရှင် သရုပ်ဆောင် ဘန်အဖလက်ခ်တို့သည် ကယ်လီဖိုးနီးယား ပြည်နယ် Bel Air ရပ်ကွက်ရှိ ၎င်းတို့၏ဇိမ်ခံအိမ်ကြီးကို ပြီးခဲ့သည့်သီတင်း ပတ်(၃)ပတ်ခန့်က စာရင်းသွင်းခဲ့ပြီး ဈေးနှုန်းမှာမျှတသော်လည်း လက်ရှိအချိန်အထိ ရောင်းထွက်ခြင်းမျိုးမရှိသေးကြောင်း TMZ သတင်းဌာန၏ဖော်ပြချက်အရသိရသည်။

သို့သော်လည်း အဆိုပါဈေးနှုန်းမှာ ၎င်းတို့ပေးချေခဲ့သည့်ဈေးနှုန်းထက် အမေရိကန်ဒေါ်လာ(၄)သန်းပိုများ ကြောင်းသိရသည်။ ဂျန်နီဖာလိုပက်ဇ်နှင့် ဘန်အဖလက်ခ်တို့သည် အဆိုပါဇိမ်ခံအိမ်ကြီးအတွက် အမေရိကန်ဒေါ်လာ သန်း(၆၀)ကုန်ကျခဲ့သော်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အမှန်တကယ် ကုန်ကျခဲ့သည်မှာ အမေရိကန် ဒေါ်လာ (၆၀ ဒသမ ၈၅၀)သန်း ဖြစ်ကြောင်းလည်းသိရသည်။ ဂျန်နီဖာလိုးပက်ဇ်နှင့်ဘန်အဖလက်ခ်တို့သည် ကွာရှင်း ပြတ်စဲကြောင်း ထုတ်ပြန်ကြေညာခြင်းမျိုးမရှိသေးသော်လည်း အဆိုပါသတင်းမှာ လာမည့် ဇူလိုင်လ (၄)ရက်နေ့မတိုင်မီ ထွက်ပေါ်လာနိုင်ဖွယ်ရှိနေကြောင်း သတင်းရင်းမြစ်များက DailyMail သတင်းစာကို ပြောကြားခဲ့သည်။ ဂျန်နီဖာလို ပက်ဇ်နှင့် ဘန်အဖလက်ခ်တို့သည် အကြောင်းအရင်းအမျိုးမျိုးကြောင့် အဆိုပါနေအိမ်ကို ရောင်းချလိုနေခြင်းဖြစ်ကြောင်း လည်းသိရသည်။ ဂျန်နီဖာလိုးပက်ဇ်အတွက် အဆိုပါနေအိမ်မှာ အလွန်ကြီးနေခြင်းဖြစ်ပြီး ဘန်အဖလက်ခ်က ယင်းနေအိမ်မှာ Brentwo သိမြို့ရှိ ၎င်း၏ကလေးများနှင့်အလွန်ဝေးနေသည်ဟု တွေးခဲ့ခြင်းဖြစ်ကြောင်း သတင်းများအရ သိရသည်။

သတင်းရင်းမြစ်တစ်ခုက "ဘန်အဖလက်ခ်ဟာ အဲ့ဒီနေအိမ်ကို ဘယ်တုန်းကမှ မကြိုက်ခဲ့ပါဘူး။ ဒီနေ အိမ်က သူ့ကလေးတွေနဲ့ အရမ်းဝေးနေလို့ပါ"ဟုပြောဆိုခဲ့သည်။ ၎င်းတို့နှစ်ဦးသည် အဆိုပါ နေအိမ်ကိုရောင်းချရန်အတွက် အိမ်ခြံမြေအကျိုးဆောင် Santiago Arana ကို ငှားရမ်းခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင်၎င်းတို့နှစ်ဦးသည် အဆိုပါဇိမ်ခံ အိမ်အတွက် ဈေးနှုန်းကို အမေရိကန်ဒေါ်လာ(၆၅)သန်းဝန်းကျင် သတ်မှတ်ထားကြောင်း သတင်းရင်းမြစ် တစ်ခုက ပြောကြားခဲ့သည်။

zawgyi version
ေဒၚလာ(၆၅)သန္းတန္ ဂ်န္နီဖာလိုပက္ဇ္ရဲ႕ ဇိမ္ခံစံအိမ္ကို ဝယ္မည့္သူမရွိေသး
Pika (NP News) - ဇြန္ ၃ဝ

အေမရိကန္႐ုပ္ရွင္သ႐ုပ္ေဆာင္ႏွင့္အဆိုေတာ္ တစ္ဦးျဖစ္သူ ဂ်န္နီဖာလိုပက္ဇ္ႏွင့္ ႐ုပ္ရွင္ သ႐ုပ္ေဆာင္ ဘန္အဖလက္ခ္တို႔သည္ ကယ္လီဖိုးနီးယား ျပည္နယ္ Bel Air ရပ္ကြက္ရွိ ၎တို႔၏ဇိမ္ခံအိမ္ႀကီးကို ၿပီးခဲ့သည့္သီတင္း ပတ္(၃)ပတ္ခန႔္က စာရင္းသြင္းခဲ့ၿပီး ေဈးႏႈန္းမွာမွ်တေသာ္လည္း လက္ရွိအခ်ိန္အထိ ေရာင္းထြက္ျခင္းမ်ိဳးမရွိေသးေၾကာင္း TMZ သတင္းဌာန၏ေဖာ္ျပခ်က္အရသိရသည္။

သို႔ေသာ္လည္း အဆိုပါေဈးႏႈန္းမွာ ၎တို႔ေပးေခ်ခဲ့သည့္ေဈးႏႈန္းထက္ အေမရိကန္ေဒၚလာ(၄)သန္းပိုမ်ား ေၾကာင္းသိရသည္။ ဂ်န္နီဖာလိုပက္ဇ္ႏွင့္ ဘန္အဖလက္ခ္တို႔သည္ အဆိုပါဇိမ္ခံအိမ္ႀကီးအတြက္ အေမရိကန္ေဒၚလာ သန္း(၆၀)ကုန္က်ခဲ့ေသာ္ေၾကာင္း သတင္းမ်ားထြက္ေပၚေနေသာ္လည္း အမွန္တကယ္ ကုန္က်ခဲ့သည္မွာ အေမရိကန္ ေဒၚလာ (၆၀ ဒသမ ၈၅၀)သန္း ျဖစ္ေၾကာင္းလည္းသိရသည္။ ဂ်န္နီဖာလိုးပက္ဇ္ႏွင့္ဘန္အဖလက္ခ္တို႔သည္ ကြာရွင္း ျပတ္စဲေၾကာင္း ထုတ္ျပန္ေၾကညာျခင္းမ်ိဳးမရွိေသးေသာ္လည္း အဆိုပါသတင္းမွာ လာမည့္ ဇူလိုင္လ (၄)ရက္ေန႔မတိုင္မီ ထြက္ေပၚလာႏိုင္ဖြယ္ရွိေနေၾကာင္း သတင္းရင္းျမစ္မ်ားက DailyMail သတင္းစာကို ေျပာၾကားခဲ့သည္။ ဂ်န္နီဖာလို ပက္ဇ္ႏွင့္ ဘန္အဖလက္ခ္တို႔သည္ အေၾကာင္းအရင္းအမ်ိဳးမ်ိဳးေၾကာင့္ အဆိုပါေနအိမ္ကို ေရာင္းခ်လိုေနျခင္းျဖစ္ေၾကာင္း လည္းသိရသည္။ ဂ်န္နီဖာလိုးပက္ဇ္အတြက္ အဆိုပါေနအိမ္မွာ အလြန္ႀကီးေနျခင္းျဖစ္ၿပီး ဘန္အဖလက္ခ္က ယင္းေနအိမ္မွာ Brentwo သိၿမိဳ႕ရွိ ၎၏ကေလးမ်ားႏွင့္အလြန္ေဝးေနသည္ဟု ေတြးခဲ့ျခင္းျဖစ္ေၾကာင္း သတင္းမ်ားအရ သိရသည္။

သတင္းရင္းျမစ္တစ္ခုက "ဘန္အဖလက္ခ္ဟာ အဲ့ဒီေနအိမ္ကို ဘယ္တုန္းကမွ မႀကိဳက္ခဲ့ပါဘူး။ ဒီေန အိမ္က သူ႔ကေလးေတြနဲ႔ အရမ္းေဝးေနလို႔ပါ"ဟုေျပာဆိုခဲ့သည္။ ၎တို႔ႏွစ္ဦးသည္ အဆိုပါ ေနအိမ္ကိုေရာင္းခ်ရန္အတြက္ အိမ္ၿခံေျမအက်ိဳးေဆာင္ Santiago Arana ကို ငွားရမ္းခဲ့ေၾကာင္းလည္း သိရသည္။ ထို႔ျပင္၎တို႔ႏွစ္ဦးသည္ အဆိုပါဇိမ္ခံ အိမ္အတြက္ ေဈးႏႈန္းကို အေမရိကန္ေဒၚလာ(၆၅)သန္းဝန္းက်င္ သတ္မွတ္ထားေၾကာင္း သတင္းရင္းျမစ္ တစ္ခုက ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.