မကြာခင် ရင်သွေးလေး မွေးဖွားတော့မယ့်အကြောင်း တောင်ကိုရီးယားမင်းသမီး လီရိုယောင်း အသိပေးလာ

 114

ရောင်နီ (NP News) - ဇူလိုင် ၄

"Tunnel" ဇာတ်ကားနဲ့ လူသိများတဲ့ တောင်ကိုရီးယားသရုပ်ဆောင် မင်းသမီးချော လီရိုယောင်းဟာ မကြာခင် ရင်သွေးလေး ရရှိတော့မယ့်အကြောင်း သူမရဲ့အေဂျင်စီကနေတစ်ဆင့် ပရိသတ်တွေကို သတင်းပါးလာခဲ့ပါတယ်။

ဒီအကြောင်းကို သူမရဲ့အေဂျင်စီ ACE FACTORY က ဇူလိုင်လ ၃ ရက်နေ့က ကြေညာခဲ့တာဖြစ်ပါတယ်။ ကြေညာစာထဲမှာတော့ "လီရိုယောင်း ရဲ့ မင်္ဂလာသတင်းကို တင်ဆက်ပေးချင်ပါတယ်။ လီရိုယောင်းဟာ အခုနှစ် မေလမှာ သူမရဲ့ celebrity ခင်ပွန်းဖြစ်သူနဲ့ လက်ထပ်မှတ်ပုံတင်ခဲ့ပြီး တရားဝင် လက်ထပ်ထားတဲ့ စုံတွဲဖြစ်ပါတယ်၊ တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်ရင်းနှီးမှုအပေါ် အခြေခံပြီး လက်ထပ်ထားတဲ့ စုံတွဲဖြစ်လာတဲ့ သူတို့နှစ်ဦးဟာ လာမယ့် စက်တင်ဘာလမှာ သားဦးလေးမွေးလို့ မိဘတွေဖြစ်လာတော့မှာပါ။ ရင်သွေးလေးရဖို့ ရက်နီးလာတာ နဲ့အမျှ ဒီအချိန်ထိ ၎င်းတို့စုံတွဲဟာ သီးခြားမင်္ဂလာဆောင်ဖို့တော့ အစီအစဉ်မရှိပါဘူး" လို့ အသိပေး ပြောကြားခဲ့ပါ တယ်။
မင်းသမီး လီရိုယောင်းဟာ လတ်တလောမှာတော့ ၂၀၂၄ ခုနှစ်ထွက် "Dare to Love Me” ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ထားပြီး ပရိသတ်ရဲ့ နှစ်ခြိုက်အားပေးမှုကို ရရှိထားပါတယ်။

Zawgyi Version;
မၾကာခင္ ရင္ေသြးေလး ေမြးဖြားေတာ့မယ့္အေၾကာင္း ေတာင္ကိုရီးယားမင္းသမီး လီ႐ိုေယာင္း အသိေပးလာ
ေရာင္နီ (NP News) - ဇူလိုင္ ၄

"Tunnel" ဇာတ္ကားနဲ႔ လူသိမ်ားတဲ့ ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ မင္းသမီးေခ်ာ လီ႐ိုေယာင္းဟာ မၾကာခင္ ရင္ေသြးေလး ရရွိေတာ့မယ့္အေၾကာင္း သူမရဲ႕ေအဂ်င္စီကေနတစ္ဆင့္ ပရိသတ္ေတြကို သတင္းပါးလာခဲ့ပါတယ္။

ဒီအေၾကာင္းကို သူမရဲ႕ေအဂ်င္စီ ACE FACTORY က ဇူလိုင္လ ၃ ရက္ေန႔က ေၾကညာခဲ့တာျဖစ္ပါတယ္။ ေၾကညာစာထဲမွာေတာ့ "လီ႐ိုေယာင္း ရဲ႕ မဂၤလာသတင္းကို တင္ဆက္ေပးခ်င္ပါတယ္။ လီ႐ိုေယာင္းဟာ အခုႏွစ္ ေမလမွာ သူမရဲ႕ celebrity ခင္ပြန္းျဖစ္သူနဲ႔ လက္ထပ္မွတ္ပုံတင္ခဲ့ၿပီး တရားဝင္ လက္ထပ္ထားတဲ့ စုံတြဲျဖစ္ပါတယ္၊ တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ခင္ရင္းႏွီးမႈအေပၚ အေျခခံၿပီး လက္ထပ္ထားတဲ့ စုံတြဲျဖစ္လာတဲ့ သူတို႔ႏွစ္ဦးဟာ လာမယ့္ စက္တင္ဘာလမွာ သားဦးေလးေမြးလို႔ မိဘေတြျဖစ္လာေတာ့မွာပါ။ ရင္ေသြးေလးရဖို႔ ရက္နီးလာတာ နဲ႔အမွ် ဒီအခ်ိန္ထိ ၎တို႔စုံတြဲဟာ သီးျခားမဂၤလာေဆာင္ဖို႔ေတာ့ အစီအစဥ္မရွိပါဘူး" လို႔ အသိေပး ေျပာၾကားခဲ့ပါ တယ္။
မင္းသမီး လီ႐ိုေယာင္းဟာ လတ္တေလာမွာေတာ့ ၂၀၂၄ ခုႏွစ္ထြက္ "Dare to Love Me” ဇာတ္ကားမွာ ပါဝင္ သ႐ုပ္ေဆာင္ထားၿပီး ပရိသတ္ရဲ႕ ႏွစ္ၿခိဳက္အားေပးမႈကို ရရွိထားပါတယ္။

Related news

© 2021. All rights reserved.