တောင်ကိုရီးယား သရုပ်ဆောင် ဆောင်အီဂွတ်နဲ့ အမွှာသား(၃)ယောက်ရဲ့ 'You Quiz on the Block' က rating အမြင့်ဆုံး ဖြစ်လာ

 1564

ရောင်နီ(NP News) - ဇူလိုင် ၇

tvN ရဲ့ ဟောပြောပွဲရှိုးတစ်ခုဖြစ်တဲ့ 'You Quiz on the Block' မှာ တောင်ကိုရီးယား မင်းသား ဆောင်အီဂွတ် နဲ့ သူ့ရဲ့အမွှာသား ၃ ယောက် ဖြစ်တဲ့ ဒယ်ဟန်၊ မင်ဂု၊ မန်းဆယ် တို့ ပါဝင်ခဲ့တဲ့ အပိုင်းဟာ ရှိုးရဲ့ episode အားလုံးထဲမှာ ကြည့်ရှုသူအမြင့်ဆုံး စံချိန်ကို ရရှိခဲ့ပါတယ်။

Nielsen Korea ရဲ့ အဆိုအရ 'You Quiz on the Block' မှ ဇူလိုင်လ ၃ ရက်နေ့က ထုတ်လွှင့်ခဲ့တဲ့ အပိုင်းဟာ ပျမ်းမျှတစ်နိုင်ငံလုံးကြည့်ရှုမှုအဆင့်သတ်မှတ်ချက် ၆.၈ ရာခိုင်နှုန်း၊ မြို့အနှံ့ကြည့်ရှုမှုအဆင့် ပျမ်းမျှ ၇.၈ ရာခိုင်နှုန်းထိရှိခဲ့ပြီး ၂၀၁၈ ခုနှစ်က စတင်ခဲ့တဲ့ 'You Quiz on the Block' ရှိုးရဲ့ ကြည့်ရှုသူ အမြင့်ဆုံးအဆင့် သတ်မှတ်မှုစံချိန် ဖြစ်ခဲ့ပါတယ်။

ဒီအစီအစဉ်ဟာ ဆောင်အီဂွတ်နဲ့ သူ့ရဲ့ သားသုံးယောက်ရဲ့ ၁၀ နှစ်အတွင်း ပထမဆုံးအကြိမ် တီဗီအစီအစဉ်တစ်ခုမှာ ပါဝင်လာခြင်း ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဆောင်အီဂွတ်ရဲ့ သားတွေဖြစ်တဲ့ ဒယ်ဟန်၊ မင်ကု၊ မန်ဆယ်ဆိုတဲ့ အမွှာလေး ၃ ယောက်ဟာ အသက် ၁၂ နှစ် ရှိပြီဖြစ်ပြီး ပညာအရည်အချင်း ၆ တန်းမှာ ပညာသင်ကြားနေဆဲ ဖြစ်ပါတယ်။ The return of Superman" နဲ့ လူသိများခဲ့တဲ့ သူတို့အတွက် ဒီအစီအစဉ်ဟာ ပရိသတ်တွေကို အလွမ်းပြေစရာ ဖြစ်ခဲ့ပါတယ်။

zawgyi version
ေတာင္ကိုရီးယား သ႐ုပ္ေဆာင္ ေဆာင္အီဂြတ္နဲ႔ အမႊာသား(၃)ေယာက္ရဲ႕ 'You Quiz on the Block' က rating အျမင့္ဆုံး ျဖစ္လာ
ေရာင္နီ(NP News) - ဇူလိုင္ ၇

tvN ရဲ႕ ေဟာေျပာပြဲရႈိးတစ္ခုျဖစ္တဲ့ 'You Quiz on the Block' မွာ ေတာင္ကိုရီးယား မင္းသား ေဆာင္အီဂြတ္ နဲ႔ သူ႔ရဲ႕အမႊာသား ၃ ေယာက္ ျဖစ္တဲ့ ဒယ္ဟန္၊ မင္ဂု၊ မန္းဆယ္ တို႔ ပါဝင္ခဲ့တဲ့ အပိုင္းဟာ ရႈိးရဲ႕ episode အားလုံးထဲမွာ ၾကည့္ရႈသူအျမင့္ဆုံး စံခ်ိန္ကို ရရွိခဲ့ပါတယ္။

Nielsen Korea ရဲ႕ အဆိုအရ 'You Quiz on the Block' မွ ဇူလိုင္လ ၃ ရက္ေန႔က ထုတ္လႊင့္ခဲ့တဲ့ အပိုင္းဟာ ပ်မ္းမွ်တစ္ႏိုင္ငံလုံးၾကည့္ရႈမႈအဆင့္သတ္မွတ္ခ်က္ ၆.၈ ရာခိုင္ႏႈန္း၊ ၿမိဳ႕အႏွံ႔ၾကည့္ရႈမႈအဆင့္ ပ်မ္းမွ် ၇.၈ ရာခိုင္ႏႈန္းထိရွိခဲ့ၿပီး ၂၀၁၈ ခုႏွစ္က စတင္ခဲ့တဲ့ 'You Quiz on the Block' ရႈိးရဲ႕ ၾကည့္ရႈသူ အျမင့္ဆုံးအဆင့္ သတ္မွတ္မႈစံခ်ိန္ ျဖစ္ခဲ့ပါတယ္။

ဒီအစီအစဥ္ဟာ ေဆာင္အီဂြတ္နဲ႔ သူ႔ရဲ႕ သားသုံးေယာက္ရဲ႕ ၁၀ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ တီဗီအစီအစဥ္တစ္ခုမွာ ပါဝင္လာျခင္း ျဖစ္ပါတယ္။ အခုအခ်ိန္မွာေတာ့ ေဆာင္အီဂြတ္ရဲ႕ သားေတြျဖစ္တဲ့ ဒယ္ဟန္၊ မင္ကု၊ မန္ဆယ္ဆိုတဲ့ အမႊာေလး ၃ ေယာက္ဟာ အသက္ ၁၂ ႏွစ္ ရွိၿပီျဖစ္ၿပီး ပညာအရည္အခ်င္း ၆ တန္းမွာ ပညာသင္ၾကားေနဆဲ ျဖစ္ပါတယ္။ The return of Superman" နဲ႔ လူသိမ်ားခဲ့တဲ့ သူတို႔အတြက္ ဒီအစီအစဥ္ဟာ ပရိသတ္ေတြကို အလြမ္းေျပစရာ ျဖစ္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.