Girls' Generation အဖွဲ့ဝင် YoonA Valentino ရဲ့ Brand Ambassador အဖြစ် ခန့်အပ်ခံရ

 256

ရောင်နီ (NP News) - အောက်တိုဘာ ၃

Girls' Generation ရဲ့အဖွဲ့ဝင်၊ သရုပ်ဆောင် YoonAဟာ အီတလီ Luxury brand တစ်ခုဖြစ်တဲ့ Valentino ရဲ့ Brand Ambassador အဖြစ် ခန့်အပ်ခံရပါတယ်။

ဒီအကြောင်းကို YoonA ရဲ့အေဂျင်းစီ SM Entertainment က အောက်တိုဘာလ ၁ ရက်မှာ ကြေညာခဲ့ခြင်း ဖြစ်ပါတယ်။ YoonA ဟာ စက်တင်ဘာ ၂၉ ရက်က ပြင်သစ်နိုင်ငံ၊ ပါရီမြို့မှာ ကျင်းပခဲ့တဲ့ VALENTINO 2025 S/S COLLECTION အတွက် တစ်ဦးတည်းသော ဖိတ်ကြားခံရသူ ကိုရီးယားအနုပညာရှင်လည်း ဖြစ်ပါတယ်။
အဲဒီပွဲကို YoonA က Valentino's Spring 2025 collection ရဲ့ အနုစိတ်ချည်ထိုးထားတဲ့ ရင်သပ်ရှုမော စရာ မီနီဂါဝန်ကို ၀တ်ဆင်ခဲ့ပြီး ဆွဲဆောငါမှုရှိရှိ လှပနေခဲ့တာပါ။ အဲဒီပွဲဟာ Valentino ရဲ့ ဖန်တီးမှု ဒါရိုက်တာဖြစ်တဲ့ အဲလက်ဆန်ဒရိုမစ်ချယ်လ်လည်း တက်ရောက်တဲ့ပွဲလည်းဖြစ်ပြီး ပွဲအပြီးမှာဟာ မစ်ချယ်လ်နဲ့ နွေးနွေးထွေးထွေး နှုတ်ဆက် စကားပြောနေခဲ့တာ တွေ့ရပါတယ်။

Valentino ဟာ ယခင်က Brand Ambassador အဖြစ် တောင်ကိုရီးယားနိုင်ငံမှာ BTS အဖွဲ့ဝင် Suga ကိုသာ ခန့်အပ်ခဲ့တာဖြစ်ပါတယ်။

Zawgyi Version;
Girls' Generation အဖြဲ႕ဝင္ YoonA Valentino ရဲ႕ Brand Ambassador အျဖစ္ ခန႔္အပ္ခံရ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၃

Girls' Generation ရဲ႕အဖြဲ႕ဝင္၊ သ႐ုပ္ေဆာင္ YoonAဟာ အီတလီ Luxury brand တစ္ခုျဖစ္တဲ့ Valentino ရဲ႕ Brand Ambassador အျဖစ္ ခန႔္အပ္ခံရပါတယ္။

ဒီအေၾကာင္းကို YoonA ရဲ႕ေအဂ်င္းစီ SM Entertainment က ေအာက္တိုဘာလ ၁ ရက္မွာ ေၾကညာခဲ့ျခင္း ျဖစ္ပါတယ္။ YoonA ဟာ စက္တင္ဘာ ၂၉ ရက္က ျပင္သစ္ႏိုင္ငံ၊ ပါရီၿမိဳ႕မွာ က်င္းပခဲ့တဲ့ VALENTINO 2025 S/S COLLECTION အတြက္ တစ္ဦးတည္းေသာ ဖိတ္ၾကားခံရသူ ကိုရီးယားအႏုပညာရွင္လည္း ျဖစ္ပါတယ္။
အဲဒီပြဲကို YoonA က Valentino's Spring 2025 collection ရဲ႕ အႏုစိတ္ခ်ည္ထိုးထားတဲ့ ရင္သပ္ရႈေမာ စရာ မီနီဂါဝန္ကို ၀တ္ဆင္ခဲ့ၿပီး ဆြဲေဆာငါမႈရွိရွိ လွပေနခဲ့တာပါ။ အဲဒီပြဲဟာ Valentino ရဲ႕ ဖန္တီးမႈ ဒါ႐ိုက္တာျဖစ္တဲ့ အဲလက္ဆန္ဒ႐ိုမစ္ခ်ယ္လ္လည္း တက္ေရာက္တဲ့ပြဲလည္းျဖစ္ၿပီး ပြဲအၿပီးမွာဟာ မစ္ခ်ယ္လ္နဲ႔ ေႏြးေႏြးေထြးေထြး ႏႈတ္ဆက္ စကားေျပာေနခဲ့တာ ေတြ႕ရပါတယ္။

Valentino ဟာ ယခင္က Brand Ambassador အျဖစ္ ေတာင္ကိုရီးယားႏိုင္ငံမွာ BTS အဖြဲ႕ဝင္ Suga ကိုသာ ခန႔္အပ္ခဲ့တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.