Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ

 306

ရောင်နီ (NP News) - အောက်တိုဘာ ၄

နာမည်ကျော် စွန့်ရုပ်ရှင်စီးရီးတစ်ခုဖြစ်တဲ့ Stranger Things ထဲက ဇာတ်လိုက်သရုပ်ဆောင် မီလီဘော်ဘီဘရောင်း နဲ့ ချစ်သူ ဂျိတ်ဘွန်ဂျီအိုဗီ တို့ဟာ မကြာသေးခင်က အီတလီမှာ မင်္ဂလာပွဲ ကျင်းပခဲ့ကြပါတယ်။

အဲဒီပုံရိပ်တွေကို The Stranger Things မင်းသမီး မီလီ၊ ဖခင်ဖြစ်သူ Rock ဂီတသမား ဂျွန်ဘွန်ဂျိုဗီ၊ မီလီရဲ့ခင်ပွန်းဖြစ်သူတို့က Instagram မှာ မျှဝေခဲ့ပါတယ်။ မီလီက သူမရဲ့ post မှာ "forever and always, your wife" လို့ ရေးသားခဲ့သလို ခင်ပွန်းဖြစ်သူ ဂျိတ်ကလည်း သူ့ရဲ့အင်စတာဂရမ်မှာ "forever and always, your husband” ဆိုတဲ့ caption နဲ့ ပုံရိပ်တွေ မျှဝေခဲ့ပါတယ်။ မင်္ဂလာပွဲကို Stranger Things ဇာတ်လမ်းထဲက "ပါးပါး(ဒေါက်တာ မင်တင်ဘန်နာ) အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသား မက်သောမိုဒင်လည်း တတ်ရောက်ခဲ့တယ်လို့ သိရပါတယ်။ People မဂ္ဂဇင်းရဲ့ ပုံရိပ်တွေအရ မီလီဟာ မင်္ဂလာပွဲမှာ Monveive တံဆိပ်မှ ပါးလွှာတဲ့ ပုဝါရှည်၊ Galia Lahav တံဆိပ် အဖြူရောင် ဂါဝန်ရှည်ကို ဝတ်ဆင်ခဲ့တာ တွေ့ရပါတယ်။

မီလီနဲ့ ဂျိတ်ဟာ ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလကစလို့ Instagram မှာ official ချပြခဲ့ပြီး ၂ဝ၂၃ ခုနှစ် ဧပြီလမှာ စေ့စပ်ကြောင်းလမ်းခဲ့တာ ဖြစ်ပါတယ်။

zawgyi version
Stranger Things သ႐ုပ္ေဆာင္ မင္းသမီး မီလီေဘာ္ဘီဘေရာင္း၊ ခ်စ္သူ ဂ်တ္ဘြန္ဂ်ီအိုဗီနဲ႔အီတလီမွာ မဂၤလာပြဲက်င္းပ
ေရာင္နီ (NP News) - ေအာက္တိုဘာ ၄

နာမည္ေက်ာ္ စြန႔္႐ုပ္ရွင္စီးရီးတစ္ခုျဖစ္တဲ့ Stranger Things ထဲက ဇာတ္လိုက္သ႐ုပ္ေဆာင္ မီလီေဘာ္ဘီဘေရာင္း နဲ႔ ခ်စ္သူ ဂ်ိတ္ဘြန္ဂ်ီအိုဗီ တို႔ဟာ မၾကာေသးခင္က အီတလီမွာ မဂၤလာပြဲ က်င္းပခဲ့ၾကပါတယ္။

အဲဒီပုံရိပ္ေတြကို The Stranger Things မင္းသမီး မီလီ၊ ဖခင္ျဖစ္သူ Rock ဂီတသမား ဂြၽန္ဘြန္ဂ်ိဳဗီ၊ မီလီရဲ႕ခင္ပြန္းျဖစ္သူတို႔က Instagram မွာ မွ်ေဝခဲ့ပါတယ္။ မီလီက သူမရဲ႕ post မွာ "forever and always, your wife" လို႔ ေရးသားခဲ့သလို ခင္ပြန္းျဖစ္သူ ဂ်ိတ္ကလည္း သူ႔ရဲ႕အင္စတာဂရမ္မွာ "forever and always, your husband” ဆိုတဲ့ caption နဲ႔ ပုံရိပ္ေတြ မွ်ေဝခဲ့ပါတယ္။ မဂၤလာပြဲကို Stranger Things ဇာတ္လမ္းထဲက "ပါးပါး(ေဒါက္တာ မင္တင္ဘန္နာ) အျဖစ္သ႐ုပ္ေဆာင္ခဲ့တဲ့ မင္းသား မက္ေသာမိုဒင္လည္း တတ္ေရာက္ခဲ့တယ္လို႔ သိရပါတယ္။ People မဂၢဇင္းရဲ႕ ပုံရိပ္ေတြအရ မီလီဟာ မဂၤလာပြဲမွာ Monveive တံဆိပ္မွ ပါးလႊာတဲ့ ပုဝါရွည္၊ Galia Lahav တံဆိပ္ အျဖဴေရာင္ ဂါဝန္ရွည္ကို ဝတ္ဆင္ခဲ့တာ ေတြ႕ရပါတယ္။

မီလီနဲ႔ ဂ်ိတ္ဟာ ၂ဝ၂၁ ခုႏွစ္ ႏိုဝင္ဘာလကစလို႔ Instagram မွာ official ခ်ျပခဲ့ၿပီး ၂ဝ၂၃ ခုႏွစ္ ဧၿပီလမွာ ေစ့စပ္ေၾကာင္းလမ္းခဲ့တာ ျဖစ္ပါတယ္။

Picture

09425296423

05/10/2024 04:02

ဘွန်ဂျိုဗီ က သတို့သမီး ဖခင်မဟုတ်နိုင်ဘူး သတို့သား ဖခင်ဖြစ်လိမ့်မယ်ထင်တယ်။ ဘာကြောင့်လည်းဆိုတော့ နာမည်တွေက သတို့သားနဲ့ နီးစပ်တယ် သတို့သမီးနဲ့က တခြားစီပဲ လုံးဝမနီးစပ်ဘူးလေ သေချာတယ် သူတို့သားဖခင်ပဲ ဖြစ်လိမ့်မယ် ။ သတို့သမီး ဖခင်ဆိုတာ တကယ်ရောသေချာလို့လား မဟုတ်နိင်လောက်ဘူး နော်။

Picture

09425296423

05/10/2024 04:07

တွေးတော မှားရင်

Related news

© 2021. All rights reserved.