'Inside Out 2' ၂ဝ၂၄ ခုနှစ်အတွင်း Box Office မှာ ဝင်ငွေ ဒေါ်လာ ၁ ဘီလျံထိ ရရှိတဲ့ ပထမဆုံးရုပ်ရှင်ဖြစ်လာ

 732

ရောင်နီ (NP News) - ဇူလိုင် ၂

"Inside Out 2” ဟာ ရုံတင်ပြီး ၁၉ ရက်အကြာမှာပဲ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဒေါ်လာ ၁ ဘီလျံကျော် ရရှိတဲ့ ဝင်ငွေအကောင်းဆုံးကာတွန်းရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။

"ဒီလို ထူးထူးခြားခြား အောင်မြင်မှုဟာ Pixar အဖွဲ့ရဲ့ မယုံနိုင်လောက်စရာ တီထွင်ဖန်တီးမှုတွေ အတွက်သာမက အကောင်းဆုံးဖြစ်အောင် ရိုက်ကူးခဲ့တယ်ဆိုတာကိုလည်း ပြသနေပါတယ်" လို့ Disney ရဲ့ပြဇာတ်ဖြန့်ချိရေးဆိုင်ရာ အမှုဆောင် ဒုတိယဥက္ကဋ္ဌ တိုနီချန်ဘာစ် က တနင်္ဂနွေနေ့(ဇွန် ၃၀ ရက်) မှာ ပြောကြားခဲ့ပါတယ်။

ကိုဗစ်ကူးစက်မှုတွေနဲ့ ဟောလိဝုဒ်သရုပ်ဆောင်တွေရဲ့ဆန္ဒပြမှုတွေကြောင့် တစ်နှစ်ထက်တစ်နှစ် ပြည်တွင်း box office ရဲ့ ဝင်ငွေ ၂၇ ရာခိုင်နှုန်း မှ ၁၉ ရာခိုင်နှုန်းထိ ကျဆင်းသွားနေချိန် အခုလို ရလဒ်မျိုး ရရှိလာခြင်းဟာ အံ့သြစရာကောင်း Pixer ရဲ့စွမ်းဆောင်ရည်ကြောင့်ပဲ" လို့ Comscore မှ အကြီးတန်း မီဒီယာခွဲခြမ်းစိတ်ဖြာသူ ပေါလ်ဒါဂါရာဘယ်ဒီယန် က ပြောပါတယ်။

"Inside Out 2" ဟာ ၂၀၂၄ ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်ပြီး “The Incredibles 2” “Finding Dory”၊ “Frozen” နဲ့ “Toy Story” လို ဒေါ်လာ ၁ ဘီလျံကျော် ဝင်ငွေရှိတဲ့ Disney - Pixar ရုပ်ရှင် ရှစ်ကားအဆင့်မှာ ပါဝင်လာခဲ့ပါတယ်။

Zawgyi Version;
'Inside Out 2' ၂ဝ၂၄ ခုႏွစ္အတြင္း Box Office မွာ ဝင္ေငြ ေဒၚလာ ၁ ဘီလ်ံထိ ရရွိတဲ့ ပထမဆုံး႐ုပ္ရွင္ျဖစ္လာ
ေရာင္နီ (NP News) - ဇူလိုင္ ၂

"Inside Out 2” ဟာ ႐ုံတင္ၿပီး ၁၉ ရက္အၾကာမွာပဲ တစ္ကမာၻလုံးအတိုင္းအတာနဲ႔ ေဒၚလာ ၁ ဘီလ်ံေက်ာ္ ရရွိတဲ့ ဝင္ေငြအေကာင္းဆုံးကာတြန္း႐ုပ္ရွင္ျဖစ္လာခဲ့ပါတယ္။

"ဒီလို ထူးထူးျခားျခား ေအာင္ျမင္မႈဟာ Pixar အဖြဲ႕ရဲ႕ မယုံႏိုင္ေလာက္စရာ တီထြင္ဖန္တီးမႈေတြ အတြက္သာမက အေကာင္းဆုံးျဖစ္ေအာင္ ႐ိုက္ကူးခဲ့တယ္ဆိုတာကိုလည္း ျပသေနပါတယ္" လို႔ Disney ရဲ႕ျပဇာတ္ျဖန႔္ခ်ိေရးဆိုင္ရာ အမႈေဆာင္ ဒုတိယဥကၠ႒ တိုနီခ်န္ဘာစ္ က တနဂၤေႏြေန႔(ဇြန္ ၃၀ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။

ကိုဗစ္ကူးစက္မႈေတြနဲ႔ ေဟာလိဝုဒ္သ႐ုပ္ေဆာင္ေတြရဲ႕ဆႏၵျပမႈေတြေၾကာင့္ တစ္ႏွစ္ထက္တစ္ႏွစ္ ျပည္တြင္း box office ရဲ႕ ဝင္ေငြ ၂၇ ရာခိုင္ႏႈန္း မွ ၁၉ ရာခိုင္ႏႈန္းထိ က်ဆင္းသြားေနခ်ိန္ အခုလို ရလဒ္မ်ိဳး ရရွိလာျခင္းဟာ အံ့ၾသစရာေကာင္း Pixer ရဲ႕စြမ္းေဆာင္ရည္ေၾကာင့္ပဲ" လို႔ Comscore မွ အႀကီးတန္း မီဒီယာခြဲျခမ္းစိတ္ျဖာသူ ေပါလ္ဒါဂါရာဘယ္ဒီယန္ က ေျပာပါတယ္။

"Inside Out 2" ဟာ ၂၀၂၄ ခုႏွစ္ရဲ႕ ဝင္ေငြအေကာင္းဆုံးဇာတ္ကားျဖစ္ၿပီး “The Incredibles 2” “Finding Dory”၊ “Frozen” နဲ႔ “Toy Story” လို ေဒၚလာ ၁ ဘီလ်ံေက်ာ္ ဝင္ေငြရွိတဲ့ Disney - Pixar ႐ုပ္ရွင္ ရွစ္ကားအဆင့္မွာ ပါဝင္လာခဲ့ပါတယ္။

Related news

© 2021. All rights reserved.