ယူကရိန်းအတွက် ထောက်ခံမှုတွေကို ကာကွယ်ပြောဆိုခဲ့တဲ့ ဗြိတိန်အဆိုတော်ရော့ဒ်စတီးဝါ့ဒ်

 1003

Pika (NP News) - ဇွန် ၂၈

ဗြိတိန်အဆိုတော် ရော့ဒ်စတီးဝါ့ဒ်သည် ဂျာမနီနိုင်ငံ၌ကျင်းပသော ဖျော်ဖြေပွဲတစ်ခုတွင် ယူကရိန်းသမ္မတ ဇီလန်စကီး၏ဓာတ်ပုံများကို ပြသခဲ့သဖြင့် ပြစ်တင်ရှုတ်ချခံရပြီးနောက် ယူကရိန်းအ တွက် ၎င်း၏ထောက်ခံမှုများကို ကာကွယ်ပြောဆိုခဲ့ကြောင်းသိရသည်။

အသက်(၇၉)နှစ်အရွယ် ရော့ဒ် စတီးဝါ့ဒ်သည် ပြီးခဲ့သည့်ဇွန်လ(၁၄)ရက်နေ့တွင် Rhythm Of My Heart သီချင်းကို မဖျော်ဖြေမီ လိုက်ပ်ဇစ်မြို့ Quarterback Immobilien Arena ရှိ ပရိသတ်များထံမှ အော်သံများနှင့် ပြစ်တင်ရှုတ်ချခြင်းများကို ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါသီချင်းကိုမဖျော်ဖြေမီ ရော့ဒ်စတီးဝါ့ဒ်သည် ဇီလန်စကီးကိုအလေးပြုကာ ၎င်း၏ဓာတ်ပုံ များနှင့်ယူကရိန်းအလံတို့ကို ဖန်သားပြင်ပေါ်တွင် ပြသခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့နောက် ရော့ဒ်စတီးဝါ့ဒ်က ၎င်းသည် ရုရှားကယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတည်းက ယူကရိန်း ပြည်သူများကိုထောက်ခံခဲ့ခြင်းဖြစ်ကြောင်း ဇွန်လ(၁၇)ရက်နေ့တွင် ပြန်လည်တုံ့ပြန်ပြောဆိုခဲ့သည်။ ၎င်းက “ကျွန်တော့်ရဲ့မိသားစုဝင်တွေကို ယူကရိန်းအတွက် ထောက်ပံ့ရေး ပစ္စည်းတွေပေးပို့ပေးဖို့ စီစဉ်တာမျိုးတွေ၊ ယူကရိန်းမိသားစုတစ်စုအတွက် ဗြိတိန်မှာ အိမ်တစ်လုံး ငှားရမ်းပေးတာမျိုးတွေအပြင် ကျွန်တော့်ရဲ့ခရီးသွားအဖွဲ့ ဝင်အဖြစ် ယူကရိန်းနိုင်ငံသားနှစ်ဦးကိုခန့်အပ်ခဲ့ ပါတယ်။ သမ္မတဇီလန်စကီးနဲ့ ယူကရိန်းပြည်သူတွေကို ကျွန်တော်ထောက်ခံပါတယ်။ နောက်လည်း ဆက်လက် ထောက်ခံသွားဦးမှာပါ။ ရုရှားသမ္မတပူတင်ဟာ သူ့လုပ်ရပ်တွေကိုရပ်တန့်ရပါမယ်”ဟု ပြောဆိုခဲ့သည်။

ရော့ဒ်စတီးဝါ့ဒ်သည် ယခုသီတင်းပတ်နှောင်းပိုင်းတွင် ဟမ်းဘတ်မြို့ Barclays Arenar တွင်ကျင်းပမည့်ရှိုးပွဲတစ်ခုအတွက် ဂျာမနီနိုင်ငံသို့ ပြန်လာမည်ဖြစ်ပြီး ဇွန်လ(၂၅)ရက်နေ့တွင် Cologne မြို့နှင့် ဇွန်လ(၂၈)ရက်နေ့တွင် မြူးနစ်မြို့တို့၌ ဖျော်ဖြေမှုများလုပ်ဆောင်မည် ဖြစ်ကြောင်းလည်း သိရသည်။

zawgyi version
Pika (NP News) - ဇွန် ၂၈





Related news

© 2021. All rights reserved.