ဒီမိုကရက်တစ်ပါတီအနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဂျိုးဘိုင်ဒန်နေရာမှာ အခြားသူတစ်ဦးနဲ့အစားထိုးသင့်ဟု ဆို

 843

ဂျန်ဇက် (NP News) - ဇွန် ၃ဝ

အမေရိကန်နိုင်ငံရဲ့အာဏာရပါတီဖြစ်တဲ့ ဒီမိုကရက်တစ်ပါတီက သမ္မတဂျိုးဘိုင်ဒန်ဟာ နိုဝင်ဘာလအတွင်း ကျင်းပမယ့် ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန်ပါတီကိုယ်စားပြုယှဉ်ပြိုင်မယ့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို အနိုင်ရဖို့ ကြိုးပမ်းရာမှာ အချိန်အတန်ကြာ လုပ်ဆောင်နိုင်ဖွယ်မရှိကြောင်း၊ ပါတီအနေနဲ့ ဂျိုးဘိုင်ဒန်နေရာမှာ အစားထိုးဖို့ အခြားသမ္မတလောင်းတစ်ဦးကို ရွေးချယ်ဖို့ လိုအပ်နေကြောင်း ဝန်ခံပြောဆိုလိုက်ပါတယ်။

ဂျိုးဘိုင်ဒန်ဟာ ဒေါ်နယ်ထရမ့်နဲ့ပြုလုပ်တဲ့ စကားစစ်ထိုးပွဲအတွင်း ကျန်းမာကြံ့ခိုင်တဲ့ ပုံစံမျိုးမဟုတ်ဘဲ ခပ်ယဲ့ယဲ့ ပုံစံမျိုးဖြစ်သလို စိတ်ရှုပ်နေတဲ့ပုံစံမျိုးဖြစ်နေကြောင်း၊ ဒါ့အပြင် ဂျိုးဘိုင်ဒန်ပြောဆိုတဲ့စကားတွေဟာ ရှုပ်ယှက်ခတ် နေပြီး သူရဲ့ပြောစကားတွေကို အဆုံးသတ်နိုင်ဖို့ ရုန်းကန်နေရကြောင်း ဝေဖန်သုံးသပ်မှုတွေ ရှိနေပါတယ်။

အမေရိကန်အခြေစိုက် နယူးယောက်တိုင်းသတင်းစာရဲ့ဘုတ်အဖွဲ့က "ဂျိုးဘိုင်ဒန်ဟာ ဒီနှစ်အတွင်း ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီရဲ့သမ္မတလောင်းအဖြစ်ရေရှည်ရပ်တည် ကြိုးပမ်းဖို့ မဖြစ်နိုင်ဘူး။ ဂျိုးဘိုင်ဒန်ရဲ့ပုံစံဟာ ပြီးခဲ့တဲ့လေးနှစ်တုန်းက ပုံစံမျိုး မဟုတ်တော့ဘူး" လို့ ဝေဖန်ရေးသားထားပါတယ်။

ဂျိုးဘိုင်ဒန်ဟာ ဒေါ်နယ်ထရမ့်နဲ့ပြုလုပ်တဲ့စကားစစ်ထိုးပွဲအတွင်း ရုန်းကန်နေခဲ့ရကြောင်း၊ အရိုးရှင်းဆုံးပြောရမယ် ဆိုရင် ဂျိုးဘိုင်ဒန်ရဲ့အသက်အရွယ်ဟာ အလွန်ကြီးနေပြီဖြစ်ကြောင်း နယူးယောက်တိုင်းမ် သတင်းစာက ရေးသား ဖော်ပြခဲ့ပါတယ်။ ဒီမိုရက်တစ်ပါတီခေါင်းဆောင်တွေအနေနဲ့ ဂျိုးဘိုင်ဒန်ဟာ သမ္မတရွေးကောက်ပွဲမှာ ဆက်လက် မယှဉ်ပြိုင်သင့်ကြောင်း လက်ခံယူဆတယ်ဆိုရင် ရွေးကောက်ပွဲမှာ သမ္မတဟောင်းဒေါ်နယ်ထရမ့်ကို အနိုင်ရယူနိုင် မယ့် အခွင့်အလမ်းကောင်းတွေရယူနိုင်ဖွယ်ရှိနေကြောင်း နယူးယောက်တိုင်းမ် သတင်းစာက ဖော်ပြထားပါတယ်။

Zawgyi Version;
ဒီမိုကရက္တစ္ပါတီအေနနဲ႔ ေ႐ြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ဖို႔ ဂ်ိဳးဘိုင္ဒန္ေနရာမွာ အျခားသူတစ္ဦးနဲ႔အစားထိုးသင့္ဟု ဆို
ဂ်န္ဇက္ (NP News) - ဇြန္ ၃ဝ

အေမရိကန္ႏိုင္ငံရဲ႕အာဏာရပါတီျဖစ္တဲ့ ဒီမိုကရက္တစ္ပါတီက သမၼတဂ်ိဳးဘိုင္ဒန္ဟာ ႏိုဝင္ဘာလအတြင္း က်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ ရီပတ္ဘလီကန္ပါတီကိုယ္စားျပဳယွဥ္ၿပိဳင္မယ့္ သမၼတေဟာင္း ေဒၚနယ္ထရမ့္ကို အႏိုင္ရဖို႔ ႀကိဳးပမ္းရာမွာ အခ်ိန္အတန္ၾကာ လုပ္ေဆာင္ႏိုင္ဖြယ္မရွိေၾကာင္း၊ ပါတီအေနနဲ႔ ဂ်ိဳးဘိုင္ဒန္ေနရာမွာ အစားထိုးဖို႔ အျခားသမၼတေလာင္းတစ္ဦးကို ေ႐ြးခ်ယ္ဖို႔ လိုအပ္ေနေၾကာင္း ဝန္ခံေျပာဆိုလိုက္ပါတယ္။

ဂ်ိဳးဘိုင္ဒန္ဟာ ေဒၚနယ္ထရမ့္နဲ႔ျပဳလုပ္တဲ့ စကားစစ္ထိုးပြဲအတြင္း က်န္းမာႀကံ့ခိုင္တဲ့ ပုံစံမ်ိဳးမဟုတ္ဘဲ ခပ္ယဲ့ယဲ့ ပုံစံမ်ိဳးျဖစ္သလို စိတ္ရႈပ္ေနတဲ့ပုံစံမ်ိဳးျဖစ္ေနေၾကာင္း၊ ဒါ့အျပင္ ဂ်ိဳးဘိုင္ဒန္ေျပာဆိုတဲ့စကားေတြဟာ ရႈပ္ယွက္ခတ္ ေနၿပီး သူရဲ႕ေျပာစကားေတြကို အဆုံးသတ္ႏိုင္ဖို႔ ႐ုန္းကန္ေနရေၾကာင္း ေဝဖန္သုံးသပ္မႈေတြ ရွိေနပါတယ္။

အေမရိကန္အေျခစိုက္ နယူးေယာက္တိုင္းသတင္းစာရဲ႕ဘုတ္အဖြဲ႕က "ဂ်ိဳးဘိုင္ဒန္ဟာ ဒီႏွစ္အတြင္း က်င္းပမယ့္ သမၼတေ႐ြးေကာက္ပြဲမွာ ဒီမိုကရက္တစ္ပါတီရဲ႕သမၼတေလာင္းအျဖစ္ေရရွည္ရပ္တည္ ႀကိဳးပမ္းဖို႔ မျဖစ္ႏိုင္ဘူး။ ဂ်ိဳးဘိုင္ဒန္ရဲ႕ပုံစံဟာ ၿပီးခဲ့တဲ့ေလးႏွစ္တုန္းက ပုံစံမ်ိဳး မဟုတ္ေတာ့ဘူး" လို႔ ေဝဖန္ေရးသားထားပါတယ္။

ဂ်ိဳးဘိုင္ဒန္ဟာ ေဒၚနယ္ထရမ့္နဲ႔ျပဳလုပ္တဲ့စကားစစ္ထိုးပြဲအတြင္း ႐ုန္းကန္ေနခဲ့ရေၾကာင္း၊ အ႐ိုးရွင္းဆုံးေျပာရမယ္ ဆိုရင္ ဂ်ိဳးဘိုင္ဒန္ရဲ႕အသက္အ႐ြယ္ဟာ အလြန္ႀကီးေနၿပီျဖစ္ေၾကာင္း နယူးေယာက္တိုင္းမ္ သတင္းစာက ေရးသား ေဖာ္ျပခဲ့ပါတယ္။ ဒီမိုရက္တစ္ပါတီေခါင္းေဆာင္ေတြအေနနဲ႔ ဂ်ိဳးဘိုင္ဒန္ဟာ သမၼတေ႐ြးေကာက္ပြဲမွာ ဆက္လက္ မယွဥ္ၿပိဳင္သင့္ေၾကာင္း လက္ခံယူဆတယ္ဆိုရင္ ေ႐ြးေကာက္ပြဲမွာ သမၼတေဟာင္းေဒၚနယ္ထရမ့္ကို အႏိုင္ရယူႏိုင္ မယ့္ အခြင့္အလမ္းေကာင္းေတြရယူႏိုင္ဖြယ္ရွိေနေၾကာင္း နယူးေယာက္တိုင္းမ္ သတင္းစာက ေဖာ္ျပထားပါတယ္။

Related news

© 2021. All rights reserved.