ယူကရိန်းရဲ့ SU-27 တိုက်လေယာဉ်(၅)စီးကို ဖျက်ဆီးပစ်ခဲ့ကြောင်း ရုရှားစစ်ဘက်သတင်းထုတ်ပြန်

 1176

Pika (NP News) - ဇူလိုင် ၂

ရုရှားတပ်ဖွဲ့တွေဟာ Iskander-M ဒုံးကျည်တွေကိုအသုံးပြုကာ ယူကရိန်းရဲ့ SU-27 တိုက်လေယာဉ်(၅)စီးကိုဖျက်ဆီးခဲ့ပြီး ယူကရိန်းနိုင်ငံအလယ်ပိုင်း ပိုလ်တာဗာဒေသမှာရှိတဲ့ Myrhorod လေယာဉ်ကွင်းမှာ နောက်ထပ်တိုက်လေယာဉ်အနည်းဆုံး(၂)စီးကို ထိခိုက်ပျက်စီးအောင်လုပ်ဆောင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ(၂)ရက်နေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

Myrhorod လေယာဉ်ကွင်းကနေ မီးခိုးတွေနဲ့ မီးတောက်တွေ ထွက်နေတာကိုပြသထားတဲ့ တိုက်ခိုက်မှုဗီဒီယိုဖိုင်ကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တယ်လို့လည်း သိရပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက'ရုရှားတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုရလဒ်က ယူကရိန်းရဲ့ SU-27 တိုက်လေယာဉ်(၅)စီးကို ဖျက်ဆီးပစ်နိုင်ခဲ့ပြီး နောက်ထပ်တိုက်လေယာဉ်(၂)စီးကို ထိခိုက်ပျက်စီးအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်'လို့ သတင်းထုတ်ပြန်ထားပါတယ်။

ယူကရိန်းဟာ ရုရှားကဖျက်ဆီးပစ်မယ်လို့ ကတိပြုထားတဲ့ အမေရိကန်ထုတ် F-16 တိုက်လေယာဉ်တွေကို လက်ခံရယူဖို့ပြင်ဆင်နေချိန်မှာ ရုရှားတပ်ဖွဲ့တွေက ယူကရိန်းလေယာဉ်ကွင်းတွေကို ယခုလိုပစ်မှတ်ထား တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲဟာ အချိန်(၂)နှစ်ကျော် ကြာမြင့်နေပြီဖြစ်ပြီး ယခုအချိန်အထိ နှစ်ဘက်စလုံးက သဘောတူညီမှုရယူနိုင်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

zawgyi version
ယူကရိန္းရဲ႕ SU-27 တိုက္ေလယာဥ္(၅)စီးကို ဖ်က္ဆီးပစ္ခဲ့ေၾကာင္း ႐ုရွားစစ္ဘက္သတင္းထုတ္ျပန္
Pika (NP News) - ဇူလိုင္ ၂

႐ုရွားတပ္ဖြဲ႕ေတြဟာ Iskander-M ဒုံးက်ည္ေတြကိုအသုံးျပဳကာ ယူကရိန္းရဲ႕ SU-27 တိုက္ေလယာဥ္(၅)စီးကိုဖ်က္ဆီးခဲ့ၿပီး ယူကရိန္းႏိုင္ငံအလယ္ပိုင္း ပိုလ္တာဗာေဒသမွာရွိတဲ့ Myrhorod ေလယာဥ္ကြင္းမွာ ေနာက္ထပ္တိုက္ေလယာဥ္အနည္းဆုံး(၂)စီးကို ထိခိုက္ပ်က္စီးေအာင္လုပ္ေဆာင္ခဲ့တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ဇူလိုင္လ(၂)ရက္ေန႔မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

Myrhorod ေလယာဥ္ကြင္းကေန မီးခိုးေတြနဲ႔ မီးေတာက္ေတြ ထြက္ေနတာကိုျပသထားတဲ့ တိုက္ခိုက္မႈဗီဒီယိုဖိုင္ကို ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့တယ္လို႔လည္း သိရပါတယ္။ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက'႐ုရွားတပ္ဖြဲ႕ေတြရဲ႕ တိုက္ခိုက္မႈရလဒ္က ယူကရိန္းရဲ႕ SU-27 တိုက္ေလယာဥ္(၅)စီးကို ဖ်က္ဆီးပစ္ႏိုင္ခဲ့ၿပီး ေနာက္ထပ္တိုက္ေလယာဥ္(၂)စီးကို ထိခိုက္ပ်က္စီးေအာင္ လုပ္ေဆာင္ႏိုင္ခဲ့ပါတယ္'လို႔ သတင္းထုတ္ျပန္ထားပါတယ္။

ယူကရိန္းဟာ ႐ုရွားကဖ်က္ဆီးပစ္မယ္လို႔ ကတိျပဳထားတဲ့ အေမရိကန္ထုတ္ F-16 တိုက္ေလယာဥ္ေတြကို လက္ခံရယူဖို႔ျပင္ဆင္ေနခ်ိန္မွာ ႐ုရွားတပ္ဖြဲ႕ေတြက ယူကရိန္းေလယာဥ္ကြင္းေတြကို ယခုလိုပစ္မွတ္ထား တိုက္ခိုက္ေနတာလည္းျဖစ္ပါတယ္။ ႐ုရွား-ယူကရိန္းစစ္ပြဲဟာ အခ်ိန္(၂)ႏွစ္ေက်ာ္ ၾကာျမင့္ေနၿပီျဖစ္ၿပီး ယခုအခ်ိန္အထိ ႏွစ္ဘက္စလုံးက သေဘာတူညီမႈရယူႏိုင္တာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.