တောင်သာမြို့နယ်တွင် “ပိုင် TTA” ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးမှ ကား(၁၁)စီးကို PDF များက လုယက် ယူဆောင်

 3763

သန့်ဇင် (NP News) - ဇူလိုင် ၄

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် “ပိုင် TTA” ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးမှ ကား(၁၁)စီးကို PDF များက လုယက်ယူဆောင်သွားခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည် ဇူလိုင် ၂ ရက်၊ နံနက် ၉ နာရီ ၃၅ မိနစ်အချိန်ခန့်က တောင်သာမြို့နယ်၊ ရန်ကင်းသာစည် ကျေးရွာနှင့် နွားထိုးကြီးမြို့နယ်၊ ရွှေကြာအင်းကျေးရွာအကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အထက်ပါကျေးရွာ(၂)ရွာအကြားသို့ PDF အဖွဲ့က မော်တော်ယာဉ်(၃)စီးဖြင့် ရောက်ရှိလာကာ တောင်သာ-နွားထိုးကြီးသွား ကားလမ်းပေါ်တွင်သွားလာနေသော မော်တော်ယာဉ်များကို တားဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ထို့နောက် “ပိုင် TTA” ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးမှ ကားများကိုစစ်ဆေးခြင်းများပြုလုပ်၍ ယာဉ်မောင်းနှင့် ခရီးသည်များကို ပြန်လွှတ်ပေးပြီး “ပိုင် TTA” ပိုင်ဆိုင်သည့် AD Van ကား(၄)၊ Succed ကား (၂)စီး၊ Probox ကား (၃)စီးနှင့် (၆)ဘီးကား(၂)စီး စုစုပေါင်း (၁၁)စီးကို လုယက်ယူဆောင်၍ နွားထိုးကြီးမြို့နယ်ဘက်သို့ မောင်းနှင်သွားခဲ့ ကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး မွန်းလွဲ ၃ နာရီခန့်တွင် ရွှေကြာအင်းကျေးရွာအနီး၌ PDF အဖွဲ့ဝင်များ လုယက်ယူဆောင်သွားသည့် မော်တော်ယာဉ်(၁၁)စီးကို ထိခိုက် ပျက်စီးမှုမရှိဘဲ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ပိတ်ဆိုရှာဖွေ စစ်ဆေးခြင်းနှင့် ခရီးသွားပြည်သူများအာ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ေတာင္သာၿမိဳ႕နယ္တြင္ “ပိုင္ TTA” ခရီးသည္ႏွင့္ကုန္စည္ပို႔ေဆာင္ေရးမွ ကား(၁၁)စီးကို PDF မ်ားက လုယက္ ယူေဆာင္
သန႔္ဇင္ (NP News) - ဇူလိုင္ ၄

မႏၲေလးတိုင္း၊ ေတာင္သာၿမိဳ႕နယ္တြင္ “ပိုင္ TTA” ခရီးသည္ႏွင့္ကုန္စည္ပို႔ေဆာင္ေရးမွ ကား(၁၁)စီးကို PDF မ်ားက လုယက္ယူေဆာင္သြားခဲ့ေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည္ ဇူလိုင္ ၂ ရက္၊ နံနက္ ၉ နာရီ ၃၅ မိနစ္အခ်ိန္ခန႔္က ေတာင္သာၿမိဳ႕နယ္၊ ရန္ကင္းသာစည္ ေက်း႐ြာႏွင့္ ႏြားထိုးႀကီးၿမိဳ႕နယ္၊ ေ႐ႊၾကာအင္းေက်း႐ြာအၾကားတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ အထက္ပါေက်း႐ြာ(၂)႐ြာအၾကားသို႔ PDF အဖြဲ႕က ေမာ္ေတာ္ယာဥ္(၃)စီးျဖင့္ ေရာက္ရွိလာကာ ေတာင္သာ-ႏြားထိုးႀကီးသြား ကားလမ္းေပၚတြင္သြားလာေနေသာ ေမာ္ေတာ္ယာဥ္မ်ားကို တားဆီးစစ္ေဆးမႈမ်ား ျပဳလုပ္ခဲ့ ေၾကာင္း သိရသည္။

ထို႔ေနာက္ “ပိုင္ TTA” ခရီးသည္ႏွင့္ကုန္စည္ပို႔ေဆာင္ေရးမွ ကားမ်ားကိုစစ္ေဆးျခင္းမ်ားျပဳလုပ္၍ ယာဥ္ေမာင္းႏွင့္ ခရီးသည္မ်ားကို ျပန္လႊတ္ေပးၿပီး “ပိုင္ TTA” ပိုင္ဆိုင္သည့္ AD Van ကား(၄)၊ Succed ကား (၂)စီး၊ Probox ကား (၃)စီးႏွင့္ (၆)ဘီးကား(၂)စီး စုစုေပါင္း (၁၁)စီးကို လုယက္ယူေဆာင္၍ ႏြားထိုးႀကီးၿမိဳ႕နယ္ဘက္သို႔ ေမာင္းႏွင္သြားခဲ့ ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လိုအပ္သည့္ လုံၿခဳံေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ၿပီး မြန္းလြဲ ၃ နာရီခန႔္တြင္ ေ႐ႊၾကာအင္းေက်း႐ြာအနီး၌ PDF အဖြဲ႕ဝင္မ်ား လုယက္ယူေဆာင္သြားသည့္ ေမာ္ေတာ္ယာဥ္(၁၁)စီးကို ထိခိုက္ ပ်က္စီးမႈမရွိဘဲ ျပန္လည္ရရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ျပစ္မႈက်ဴးလြန္သူမ်ားအား ပိတ္ဆိုရွာေဖြ စစ္ေဆးျခင္းႏွင့္ ခရီးသြားျပည္သူမ်ားအာ ေဘးကင္းလုံၿခဳံစြာ သြားလာႏိုင္ေရးအတြက္ လုံၿခဳံေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

© 2021. All rights reserved.