တာလီဘန်အဖွဲ့က ရုရှား၏မိတ်ဖက်များဖြစ်ကြောင်း သမ္မတပူတင်ထုတ်ဖော်ပြောဆို

 318

Pika (NP News) - ဇူလိုင် ၆

ရုရှားနိုင်ငံတွင် တားမြစ်ပိတ်ပင်ထားသော်လည်း တာလီဘန်အဖွဲ့သည် အာဖဂန်နစ္စတန်နိုင်ငံကို ထိန်းချုပ်ထားခြင်းကြောင့် အကြမ်းဖက်မှုများကို တိုက်ဖျက်ရာတွင် ရုရှား၏မိတ်ဖက်ဖြစ်ကြောင်း သမ္မတပူတင်က ဇူလိုင်လ(၄)ရက်နေ့တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

တာလီဘန်အဖွဲ့သည် ၂၀ဝ၃ ခုနှစ်တည်းက ရုရှားနိုင်ငံတွင် တားမြစ်ခံထားရသည့် အဖွဲ့အစည်း ဖြစ်သော်လည်း ရုရှားအစိုးရသည် တာလီဘန်အဖွဲ့ နှင့်ဆက်ဆံရေးကို နှစ်ပေါင်းများစွာကြာ မြှင့်တင်ခဲ့ ကြောင်းလည်း သိရသည်။ ထို့ပြင် တာလီဘန်အစိုးရ နှင့် ဆက်ဆံရေးများတည်ဆောက်ရန်အတွက် ရုရှားသမ္မတပူတင်က ပြီးခဲ့သည့်လတွင် တိုက်တွန်းတောင်းဆိုခဲ့ဖူးကြောင်းသိရသည်။ ပူတင်က ]တာလီ ဘန်အဖွဲ့က အာဖဂန်နစ္စတန်နိုင်ငံတွင်းမှာ အာဏာ ရယူထားတာပါ။ တာလီဘန်တွေဟာ သူတို့ထိန်းချုပ် ထားတဲ့နယ်မြေတွေ တည်ငြိမ်ရေးကို စိတ်ဝင်စားတာ မို့လို့ အကြမ်းဖက်မှုတွေကို တိုက်ဖျက်ရာမှာ ကျွန်တော် တို့ရဲ့မိတ်ဖက်တွေပဲဖြစ်ပါတယ်}ဟု ပြောသည်။ ပူတင်သည် ကာဇက်စတန်နိုင်ငံ အက်စတာနာမြို့ တွင်ကျင်းပသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့(SCO) ထိပ်သီးအစည်းအဝေးသို့ တက်ရောက် နေစဉ်အချိန်အတွင်း ယခုကဲ့သို့ ထုတ်ဖော်ပြော ဆိုခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ တာလီဘန်များသည် အာဖဂန်နစ္စတန်နိုင်ငံတွင် အစွန်းရောက်အကြမ်းဖက်အဖွဲ့ ISIS ကို နှစ်ပေါင်းများစွာကြာအောင် တိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လတွင် ISIS အကြမ်းဖက်အဖွဲ့က ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ပြဇာတ်ရုံတစ်ခုကို တိုက်ခိုက်ခဲ့ခြင်းကြောင့် လူပေါင်း (၁၄၀) ကျော် သေဆုံးခဲ့ဖူးကြောင်းသိရသည်။ အဆို ပါတိုက်ခိုက်မှုသည် ရုရှားနိုင်ငံတွင် နှစ်ပေါင်း (၂၀)နီးပါးအတွင်း လူအသေအပျောက်အများဆုံး အကြမ်း ဖက်တိုက်ခိုက်မှုတစ်ခုလည်း ဖြစ်သည်။ ပူတင်က 'တာလီဘန်တွေဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ အရာအားလုံးကို တည်ငြိမ်အောင်လုပ်ဆောင်ဖို့ စိတ်ဝင်စားနေတယ်ဆိုတာ သေချာပါတယ်'ဟု ထပ်မံပြောဆိုခဲ့သည်။

zawgyi version
တာလီဘန္အဖြဲ႕က ႐ုရွား၏မိတ္ဖက္မ်ားျဖစ္ေၾကာင္း သမၼတပူတင္ထုတ္ေဖာ္ေျပာဆို
Pika (NP News) - ဇူလိုင္ ၆

႐ုရွားႏိုင္ငံတြင္ တားျမစ္ပိတ္ပင္ထားေသာ္လည္း တာလီဘန္အဖြဲ႕သည္ အာဖဂန္နစၥတန္ႏိုင္ငံကို ထိန္းခ်ဳပ္ထားျခင္းေၾကာင့္ အၾကမ္းဖက္မႈမ်ားကို တိုက္ဖ်က္ရာတြင္ ႐ုရွား၏မိတ္ဖက္ျဖစ္ေၾကာင္း သမၼတပူတင္က ဇူလိုင္လ(၄)ရက္ေန႔တြင္ ထုတ္ျပန္ေျပာဆိုခဲ့သည္။

တာလီဘန္အဖြဲ႕သည္ ၂၀ဝ၃ ခုႏွစ္တည္းက ႐ုရွားႏိုင္ငံတြင္ တားျမစ္ခံထားရသည့္ အဖြဲ႕အစည္း ျဖစ္ေသာ္လည္း ႐ုရွားအစိုးရသည္ တာလီဘန္အဖြဲ႕ ႏွင့္ဆက္ဆံေရးကို ႏွစ္ေပါင္းမ်ားစြာၾကာ ျမႇင့္တင္ခဲ့ ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ တာလီဘန္အစိုးရ ႏွင့္ ဆက္ဆံေရးမ်ားတည္ေဆာက္ရန္အတြက္ ႐ုရွားသမၼတပူတင္က ၿပီးခဲ့သည့္လတြင္ တိုက္တြန္းေတာင္းဆိုခဲ့ဖူးေၾကာင္းသိရသည္။ ပူတင္က ]တာလီ ဘန္အဖြဲ႕က အာဖဂန္နစၥတန္ႏိုင္ငံတြင္းမွာ အာဏာ ရယူထားတာပါ။ တာလီဘန္ေတြဟာ သူတို႔ထိန္းခ်ဳပ္ ထားတဲ့နယ္ေျမေတြ တည္ၿငိမ္ေရးကို စိတ္ဝင္စားတာ မို႔လို႔ အၾကမ္းဖက္မႈေတြကို တိုက္ဖ်က္ရာမွာ ကြၽန္ေတာ္ တို႔ရဲ႕မိတ္ဖက္ေတြပဲျဖစ္ပါတယ္}ဟု ေျပာသည္။ ပူတင္သည္ ကာဇက္စတန္ႏိုင္ငံ အက္စတာနာၿမိဳ႕ တြင္က်င္းပေသာ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္မႈ အဖြဲ႕(SCO) ထိပ္သီးအစည္းအေဝးသို႔ တက္ေရာက္ ေနစဥ္အခ်ိန္အတြင္း ယခုကဲ့သို႔ ထုတ္ေဖာ္ေျပာ ဆိုခဲ့ျခင္း ျဖစ္ေၾကာင္းသိရသည္။ တာလီဘန္မ်ားသည္ အာဖဂန္နစၥတန္ႏိုင္ငံတြင္ အစြန္းေရာက္အၾကမ္းဖက္အဖြဲ႕ ISIS ကို ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ တိုက္ခိုက္ေနခဲ့ျခင္းျဖစ္သည္။

ၿပီးခဲ့သည့္ မတ္လတြင္ ISIS အၾကမ္းဖက္အဖြဲ႕က ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕ရွိ ျပဇာတ္႐ုံတစ္ခုကို တိုက္ခိုက္ခဲ့ျခင္းေၾကာင့္ လူေပါင္း (၁၄၀) ေက်ာ္ ေသဆုံးခဲ့ဖူးေၾကာင္းသိရသည္။ အဆို ပါတိုက္ခိုက္မႈသည္ ႐ုရွားႏိုင္ငံတြင္ ႏွစ္ေပါင္း (၂၀)နီးပါးအတြင္း လူအေသအေပ်ာက္အမ်ားဆုံး အၾကမ္း ဖက္တိုက္ခိုက္မႈတစ္ခုလည္း ျဖစ္သည္။ ပူတင္က 'တာလီဘန္ေတြဟာ အာဖဂန္နစၥတန္ႏိုင္ငံမွာ အရာအားလုံးကို တည္ၿငိမ္ေအာင္လုပ္ေဆာင္ဖို႔ စိတ္ဝင္စားေနတယ္ဆိုတာ ေသခ်ာပါတယ္'ဟု ထပ္မံေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.