စစ်နယ်ဝန်း ကျယ်လာသည့် “ ရခိုင်’’ (အခန်းဆက်ဆောင်းပါးရှည်) (အပိုင်း ၄)

 2988

ဒေါက်တာအေးမောင် (NP News) - ဇူလိုင် ၇

(ခ-၃) “၇၉” နှစ်မြောက် တပ်မတော်နေ့၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်း၊ ပြနေကျ မစ်ဇိုင်းများ၊ စစ်နယ်ဝန်း ကျယ်လာမည်လားနှင့် တွေးမိတွေးရာ။

၁၄။ ယခုနှစ် ၇၉ နှစ်မြောက် တပ်မတော်နေ့ကို ညရှုခင်း၊ ညမြင်ကွင်းများနှင့် နီယွန်မီးရောင်များ အောက် ရဲရဲတောက် စစ်ချီတေးများသီကျူးရင်း ကာကွယ်ရေးဦးစီချုပ်ကို အနော်ရထာအစပြု စစ်ကြောင်းစုံဖြင့် ချီတက်အလေးပြုကြ၏။ ရောင်စုံ မီးစီခြယ်အလှဆင်ထားသည့် အပေါ့စားလေယာဉ်များ၊ ရဟတ်ယာဉ်များ၊ မီးရောင်မထွက် အသံပင်မကြားရဘဲ ပရိသတ်ခေါင်းပေါ် ရုတ်တရက်ရောက်လာသည့် ရုရှား၏ အံ့ဩစရာ SU-30 ၊ ပုံမှန်ပြနေကျ တာတိုပစ် မစ်ဇိုင်း တင့်ကား များ၊ တင့်ကားများ ကိုယ်ရောင်ဖျောက်ဘယ်များရောက်နေပါလိမ့် ဟုတွေးရင်း လက်တွေ့ပစ်ကွင်းပေါ် ပူးတွဲ လေ့ကျင့် ကြမည့် ရုရှား-မြန်မာ အကြိမ်(၅၀)တိတိ စစ်သတင်းအောက် စစ်နယ်ဝန်း ကျယ်လာအံ့ဟု ထင်မိရပါ၏။ ရှမ်း မြောက်၊ ကချင်၊ ရခိုင်နှင့် ထိတွေ့ဒေသများ၊ မိန့်ခွန်း ပါ Highlighting လုပ်ထားသည့် “ရောင်စုံ သောင်းကျန်းသူများ၊ ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီစနစ် ခိုင်မာရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းပြည် သာယာဝပြောရေး၊ စားရေး ရိက္ခာ ဖူလုံရေး၊ အသိတရား၊ အရှိတရား၊ လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” စသည့် ညွှန်းဆိုသည့် စကားရပ်များ၏ ကျယ်ဝန်း ကျယ်ပြန့်မှုကြား အတွေးနယ်ချဲ့ ဖြစ်မိရပါ၏။ “တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့နှင့် ပြည်ပလက်ဝေခံ အဖွဲ့ အစည်းအချို့ ဒီမိုကရေစီ နှင့်ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတစ်ရပ် ဖော်ဆောင်ရေးကို ပျက်စီးအောင် လုပ်နေခြင်း ဖြစ်တယ်ဆိုတာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် နေရာဒေသအချို့မှာ ဖြစ်ပွားနေတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေက သက်သေခံလျက်ရှိ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အရန်တပ်ဖွဲ့ဥပဒေ (၂)ရပ်က ဖေဖော်ဝါရီ (၁၀) နှင့် (၁၃) မှာ အာဏာတည်စေခဲ့ပြီဖြစ်တယ်” စသည့် ဆက်စပ် ဖြစ်ရပ်ဖြစ်စဉ်များ၏ အတိမ်အနက်နှင့် လားရာကို အသေအချာ ခွဲခြမ်းစိတ်ဖြာပါက မြန်မာပြည်အနှံ့ ရည်ညွှန်း အရပ်ဆီဦးတည်လျက် ပိုပိုကျယ်ပြန့်ဖြစ် လာတော့မည့် စစ်နယ်ဝန်းဟုသာ ထင်မြင်မိရပါ၏။

(ခ-၄) တပ်မတော်နေ့အလွန်၌ဖြစ်တည်လာသည့် မေးခွန်းများ။
၁၅။ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ဖြစ်သည့် စစ်မှုထမ်းရန် ဆင့်ခေါ်ခွင့်၊ အင်အား ဆတိုး လာတော့မည့် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် စစ်သည်များစွာ၊ နှစ်ဖက်စစ်မက် ပြိုင်ဆိုင်ရင်း တစ်ဖက်နှင့်တစ်ဖက် အနိုင်တိုက်ကြမည့် မြင်ကွင်း၊ ကြားညှပ်မြဲ ညှပ်ကြရတော့မည့် လူထု၊ ရင်မောရပါ၏။ “စစ်ကိုမုန်း၍ စစ်တိုက်ရပါသည်။ ရန်ငါစည်းခြား ဖြစ်ကြပြီလား၊ မီးလိုနေလို ကျင့်ကြ တော့မည်လား၊ တိုင်းပြည်က နုနု မုန်တိုင်းက ထန် ထန် (အစား) တိုင်းပြည်က ယဲ့ယဲ့ ဖြစ်နေပြီလား” စသည့် သံဝေဂယူစရာ၊ ရသပြည့် စာသားများကြားက အောက်ပါ ခြေ/ဥ ပြဌာန်းချက် (၂)ရပ်သည် “အနာ ဂတ်၌ဖြစ်တည်လာမည့် ယနေ့ကာလ ဖြစ်ပျက်မှု အခြေအနေကို ကြိုမြင်၍လေများလား”ဟု စဉ်းစား မိရင်း သက်ပြင်းပူကြီး ချဖြစ်မိပါ၏။

ပုဒ်မ၊၃၈၅-ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲရေးတို့ကို ကာကွယ်စောင့် ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။

ပုဒ်မ၊၃၈၆-နိုင်ငံသားတိုင်းသည် ဥပဒေပြဋ္ဌာန်းချက် များနှင့်အညီ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ် ရေးအတွက် စစ်မှုထမ်းရန် တာဝန်ရှိသည်။

-“ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေး ကျယ်၏” အဓိပ္ပာယ်သည် တွေးသလောက် နက်ရှိုင်း ကျယ်ပြော ပေ၏။ ဉာဏ်ရည်နှင့်ချင့်ချိန်ကာ စဉ်းစားပါမှ ဆင်ခြင်အသိနှင့် သတိတရား တိမ်မယောင်နဲ့ နက်တတ်သည့် တိုင်းရေး ပြည်ရာ၊ စစ်ရေးစစ်ရာ၊ သံဝေဂယူစရာတွေ အပြည့်နဲ့ ကျွန်ုပ်တို့ ရှေ့ဆက်နိုင်ကြဦးမည်လား။

တာတို၊ တာလတ်ပစ်၊ မစ်ဇိုင်းတင့်ကားများက ရှိုးပြ တာမဟုတ် အမှန်ချတာဟဟု ပြောစမှတ် စကားလုံး သစ် တွင်ရစ်စေတော့မည်လား၊ မေးမြန်းချင်သူတွေနဲ့ ငြိမ်းချမ်းချင်သူတွေကြားက လားပေါင်းများစွာ။

-စစ်ရေးပြနေကျ ယန္တရားတပ်ရဲ့ ဧရာမတင့်ကားကြီးများ၊ သံချပ်ကာယာဉ်များတကယ်ကို စစ်မြေပြင် ရောက်ပြီး ဂါဇာ Strip က အစ္စရေးကြည်းတပ်လို တကယ်ကို ချကြတော့မည်လား။ စသည့်မေးခွန်းတို့ သည် “တပ်မတော်နေ့” အလွန်၌ အစီအရီ အလိုလို ပေါ်လာကာ ဆပွားမိရပါ၏။ ညအမှောင် အရောင် ဖျော့ဖျော့အောက်၊ “စစ်သွေးစစ်ရောင် ပိုတောက် လောင်လာမည့် နိမိတ်လေလား”ဟု တွေးမိတွေးရာတွေးဖြစ်ပါ၏။

(ဂ) နစက နှင့် ULA/AA တို့၏ စစ်ရေး တင်းမာ မှုသည် ငြိမ်းချမ်းရေးလမ်းစ ပေါ်ပေါက်အောင် မဆောင်ရွက်နိုင်ခဲ့ပါလျှင် ရှေ့ဆက် ဖြစ်လာနိုင်ခြေများ။

၁၆။ လက်ရှိ စစ်ရေးတင်းမာမှုမှသည် ငြိမ်းချမ်းရေးလမ်းစ ပေါ်ပေါက်အောင် နှစ်ဖက်သို့ သံခင်းတမန်ခင်း ချဉ်း ကပ်ခြင်း၊ နှစ်ဖက်တွေ့ဆုံကြခြင်း၊ ညှိနှိုင်းကြခြင်း၊ လူထုအတွက် အပစ်အခတ်ရပ်စဲ ကြခြင်းတို့ကို မဆောင်ရွက်နိုင်ခဲ့ပါလျှင် ရှေ့ဆက်ဖြစ်လာနိုင်ခြေများကို ဆပွားမိဖြစ်ပါ၏။

အောက်ပါမေးခွန်းကြီးနှစ်ရပ်သည် မြန်မာလူထု အကြား၌ ကွဲကွဲပြားပြားသိလိုစိတ် ပြင်းပြင်းပြပြနှင့် ကျယ် ကျယ် လောင်လောင် ဆူညံစွာ ထွက်ပေါ်လာနိုင်ပေ၏။
ရခိုင့်စစ်မျက်နှာတွင် တိုက်ပွဲဝင်နေသော ULA/AA ၏ တိုက်ပွဲပုံသဏ္ဌာန်နှင့် စစ်ပွဲ၏ အနှစ်သာရ အန္တိမ ရည်မှန်း ချက်သည် ရခိုင့်နိုင်ငံတော် ထူထောင်ရေး လွတ်လပ်ရေး စစ်ပွဲလား။

(သို့တည်းမဟုတ်)
အခြား တိုင်းရင်းသားများနည်းတူ အမျိုးသား တန်းတူရေးအတွက် တိုက်ပွဲဝင်နေသည့် ဖက်ဒ ရယ်နှင့် ဒီမိုကရေစီနိုင်ငံတော် ဖြစ်တည်ရေး အမျိုးသား တန်းတူရေး စစ်ပွဲလား။ ဟူသည့် မေးခွန်းကြီးနှစ် ရပ်ပင် ဖြစ်မည်ဟု ယူဆပါ၏။ သိလိုစိတ် ပြင်းပြင်း ပြပြဖြင့် ပွင့်ပွင့်လင်းလင်း မေးဖြစ်ကြမည် ထင်ရပါ၏။

(ဂ-၁) နိုင်ငံရေးအရ ညှိနှိုင်းမှုနှင့်အပစ်ရပ်ငြိမ်းချမ်းမှု လမ်းကြောင်းကို လက်မခံဘဲ စစ်အောင်နိုင်ရေးနှင့် နယ်မြေထိန်း ချုပ်ရေး ပဓါနပြု တိုက်ပွဲပုံသဏ္ဌာန် အဖြစ်သို့သာ ပိုမိုအသွင်ပြောင်းလဲလာခဲ့ပါလျှင် ဖြစ်လာနိုင်ခြေများ။

၁၇။ စစ်အောင်နိုင်ရေး၊ နယ်မြေထိန်းချုပ်နိုင် ရေးသာ လိုအပ်သည် နိုင်ငံရေးအရ ညှိနှိုင်းမှု၊ အပစ်ရပ်မှု မလိုအပ်ဟု ယူဆပြီး ပြင်းပြင်းထန်ထန် စစ်ရေး တင်းမာမှုသို့ နှစ်ဖက်စလုံးက ဦးတည်လာလျှင်-
(၁) မြန်မာ့တပ်မတော်သည် ရခိုင်ဒေသ၌ ရေရှည်စစ်အဖြစ် အနည်းဆုံး(၃)နှစ်နှင့်အထက် မဆုတ်တမ်း ခံစစ်မှသည် ထိုးစစ်ချီပုံစံသစ်ဖြင့် စစ်ဆင်ရေး ဗျုဟာသစ်ကို လူပြောင်း၊ မူပြောင်း၊ စစ်ဆင်မှုပုံသဏ္ဌာန်ပြောင်း၊ ဦးဆောင်မှုပြောင်း၊ နည်း ဗျူဟာပြောင်းပြီး အနိုင်ရသည်အထိ စစ်ဆင်မှုပြု နိုင်သည်ဟု မြင်၏။
(၂) တပ်မတော်ရေကို ၊ဘင်္ဂလားပင်လယ်အော် နှင့်ရေတပ်ဌာနချုပ် အခြေပြု၊ပင်တိုင်ထားပြီး တပ်မတော်လေ၏ အဝေးအနီး လေယာဉ်ကွင်းများမှ အုပ်စုဖွဲ့၊ လေကြောင်းချီကာ ကြည်းတပ်၏ အထူးစစ်ဆင်ရေး ထိုးစစ်အား၊ ပစ်အား ဖြည့်စစ်ကူပြီး၊ ပြောက်ကျား စစ်ဗျူဟာဖြင့် ချင်းနင်းထိုးဖောက်မှုပြုသည့် နယ်မြေပြန်လည်စိုးမိုးရေး ပူးပေါင်းစစ်ဆင်မှု ကြီးတစ်ရပ်ကို ကျွန်းအလိုက်၊ ဆက်စပ်ကုန်းမြေအလိုက်၊ ဒေသအ လိုက်၊ အချိန်ယူပြင်ဆင်ကာ ငွေအား၊ လူအား၊ နည်း ဗျူဟာမြောက်လက်နက်အားဖြင့် တိုက်စစ်ဖွင့် စစ် ဆင်လာနိုင်သည်ဟု မြင်၏။
(၃) နယ်မြေပြန်လည်စိုးမိုးရေး ပူးပေါင်းစစ် ဆင်ရေးကြီးနှင့်အတူ ဖြတ်လေးဖြတ်မှသည် ရေရှည် အလုံးစုံ ပိတ်ဆို့ရေး၌(လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်၊ ကုန်သွယ်ရေး)၊ စိုက်ပျိုးရေးသွင်းအားစု (မျိုးစေ့၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး)၊ လူမှုရေး သွင်းအား စု (ဆေးဝါး၊ စက်သုံးဆီ၊ စားသုံးဆီ)၊ ငွေကြေးနှင့် ဘဏ်စနစ်တို့ ပါဝင်နိုင်သည်။ ယင်းမှ တစ်ခုခုကို စတင် ပိတ်ဆို့ဖြတ်တောက်ရုံမျှဖြင့် ယင်း၏ ပြင်းထန် သည့်ဒဏ်ကို မြို့ပြနှင့်ကျေးလက်လူထုသည် အဓိက ခံကြရမည်ဖြစ်၏။ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုအရပ်ရပ်သည် ချွတ်ခြုံ ကျသွား မည်ဖြစ်၏။ စားနပ်ရိက္ခာဖူလုံမှု ပြဿနာသည် ဖြေရှင်းရ အလွန်ခက်ခဲမှုဖြစ်စေမည် ဖြစ်၏။
(၄) နည်းတူ မြေစာပင်ဖြစ်ကြရမည့် ဖြစ်ဆဲဖြစ်သည့် ရခိုင်လူထုသည် မည်ကဲ့သို့ ဆက်လက် အသက်ရှင် ရပ်တည် ကြမည် လူမှုစီးပွားဘဝ ပြန်လည်ရှင်သန်အောင် ထူထောင်နိုင်ကြမှဖြစ်မည်ဟူသည့် စိန်ခေါ်မှု ကြီးတစ်ရပ်သည်လည်း ကျွနု်ပ်တို့ ကြိုတင်သုံးသပ်ကာ အဖြေထုတ်ထားသင့်သည်ဟု မြင်မိပါ၏။

(ဂ-၂)အမျိုးသားတန်းတူရေးတိုက်ပွဲ မဟုတ်တော့ဘဲ လွတ်လပ်ရေးတိုက်ပွဲဟု နှစ်ဖက်သတ်မှတ်ခဲ့ဖြစ် ပါက ဖြစ်လာ နိုင်ခြေရှိသည့် တိုက်ပွဲ၏ ပုံသဏ္ဌာန်။

၁၈။ အောက်ပါအချက်တို့သည် နှစ်ဖက်ထည့်သွင်းတွက်ချက် ပုံဖော်ဖြစ်ကြမည့် လွတ်လပ်ရေးတိုက်ပွဲ၏ သဏ္ဌာန်များအနက်မှ ဆင့်ကဲ ဖြစ်လာနိုင် ခြေအချို့ဟု ထင်မြင်မိပါ၏။
(၁) လက်ရှိ စစ်ရေးတင်းမာမှုကို နိုင်ငံရေးအရ ညှိနှိုင်းမှုသည် မလိုအပ်တော့ပြီဖြစ်သည်ဟု တစ်ဖက်ဖက်က ယူဆပြီးနှစ်ဖက်စလုံးမှလည်း လက်ခံခဲ့သည်ဆိုပါလျှင် (တစ်နည်း) ငြိမ်းချမ်းရေးလမ်းစအား နှစ်ဖက်စလုံးမှ ငြင်းပယ်ခဲ့ပြီ ဖြစ်သည် ဆိုပါလျှင်၊ နယ်မြေခွဲထွက်ရေး (တစ်နည်း) လွတ်လပ်ရေးစစ်ပွဲ ဖြစ်သည်ဟု နှစ်ဖက်စလုံးက သတ်မှတ်ခဲ့ပြီ ဖြစ်သည်ဟု ယူဆကြရမည်ဖြစ်၏။
(၂) ခေတ်သစ် လွတ်လပ်ရေးတိုက်ပွဲသမိုင်း၌ မိမိတို့နှင့်အနီးဆုံး ၁၉၇၁ ခုနှစ်တွင်၊ ပါကစ္စတန်နိုင်ငံထံမှ လွတ်လပ် ရေးရခဲ့သည့် ဘင်္ဂလားဒေ့ရှ်(အရှေ့ ပါကစ္စတန်)၏ လွတ်လပ်ရေးစစ်ပွဲသည် ၉ လခန့် ကြာမြင့်ခဲ့သဖြင့် အချိန်အလွန် တိုတောင်းခဲ့သည်ဟု မှတ်တမ်းပြုကြရမည်ဖြစ်၏။ ပြည်သူ(၃)သန်းကျော် အသက်ဆုံးရှုံး စွန့်လွှတ်ပေးဆပ်ခဲ့ရပြီး အင်အားကြီး အိန္ဒိယနိုင်ငံ၏ ပါဝင်ကူညီတိုက်ခိုက်ပေးခဲ့မှုကြောင့်သာ လွတ်လပ်ရေးရရှိခဲ့ခြင်းဖြစ်ပြီး မြန်မာအစိုးရသည် လွတ်လပ်ရေးကို အစောဆုံးအသိအမှတ်ပြုပေးသည့် နိုင်ငံများစာရင်းတွင် ပါဝင်ခဲ့သည်ဟု မှတ်သား ဖူးပါ၏။
(၃) သို့ဖြင့် လွတ်လပ်ရေးစစ်ပွဲဟု အမည်တပ်သည်နှင့် မြေစာပင်အဖြစ် အသက်စွန့်လွှတ် ပေးလှူကြရမည့် လူထု၊ ပါဝင်ကူညီတိုက်ခိုက်ပေးမည့် နိုင်ငံနှင့် အသိအမှတ်ပြုပေးမည့် အင်အားကြီးနိုင်ငံတို့သည် လိုအပ်သည်ဟု ခေတ်သစ် လွတ်လပ်ရေး တိုက်ပွဲသမိုင်းက ညွှန်းဆိုနေပါ၏။
(၄) အကယ်၍ စစ်နယ်ဝန်းကျယ်လာသည့် ရခိုင်စစ်ပွဲသည် အမျိုးသားရေး ရပိုင်ခွင့်အတွက် တိုင်းရင်းသားများနှင့် အတူ လက်တွဲတိုက်ပွဲဝင်သည့် ဖက်ဒရယ်ပြည်ထောင်စုသစ် တည်ဆောက်ရေး တိုက်ပွဲမှ ခွဲထွက်ကာ သီးခြား ရခိုင့်နိုင်ငံ တော် တည်ဆောက်ရေး စစ်ပွဲအသွင်ဆောင်သည်ဟု နိုင်ငံတော်အစိုးရက ခိုင်မာစွာ ဆုံးဖြတ်ခဲ့မည်ဆိုပါလျှင် စစ်ပွဲ၏ အသွင်သဏ္ဌာန်နှင့် အနှစ်သာရသည် လုံးဝ ပြောင်းလဲသွားမည်ဖြစ်၏။
(၅) တစ်ဖက်ဖက်ကအနိုင်ရမှ ပြီးဆုံးမည့် တိုက်ပွဲ၊ နောက်မဆုတ်တမ်းအပြတ်ဖြတ်ရမည့် တိုက်ပွဲအဖြစ် သတ်မှတ် ကာ မီးကုန်ယမ်းကုန် ပြာပုံဘဝရောက် ရောက် အရက်စက်ဆုံး သူနိုင်ကိုယ်နိုင် တိုက်ခိုက်ကြရတော့မည်ဖြစ်ရာ စစ်၏အနိဋ္ဌာရုံများ စစ်ရာဇဝတ်မှုများ သန်းချီသည့် အသက်စွန့်လွှတ်ခံရ မည့်သူများ၊ လူလူချင်း အမုန်းပွားမှုများ၊ ရက်စက်မှုများ၊ နာကျည်းမှုများ၊ စစ်ပွဲပြီးမှ ပြာပုံဘဝရသ (သို့) လွတ်လပ်ရေးရသကို နေရာဝင်ယူခံ စားကြမည့် သူများသည် စစ်ပွဲပြီးနောက် ကာလတစ်ခုထိ အမွေခံမျိုးဆက်တို့ ရင်ဆိုင်ကျော်ဖြတ်ရကြဦးမည့် သမိုင်း၏မှတ်တမ်း များအဖြစ် ကျန်ရစ်စေခဲ့မည်လည်း ဖြစ်ပေ၏။
(ဂ-၃) နစကနှင့် ULA/AA ၏ စစ်ရေးတင်းမာမှု မှသည် ငြိမ်းချမ်းရေးလမ်းစ ပေါ်ပေါက်ခဲ့ပါလျှင် ဖြစ်လာနိုင်ခြေများ။

၁၉။ တရုတ်ပြည်၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပဉ္စမအကြိမ်မြောက် ဟိုက်ဂင် သဘောတူညီ ချက်သည် ရခိုင်ဒေသရှိ တရုတ်၏အကျိုးစီးပွားအထိ ခရီးဆက်ခြင်းမှ အပစ်အခတ်ရပ်၊ နှစ်ဖက်နယ်မြေ သဘောတူညီမှု ရ၊ “ဝ” ၊ မိုင်းလား တို့ကဲ့သို့ ငြိမ်းချမ်းပြီး သတ်မှတ်နယ်မြေအတွင်း ဖွံ့ဖြိုးမှုအဆင့်ဆင့်ကို နှစ်ကာလကြာရှည် တည် ဆောက်နိုင်ကြခြင်းဖြင့် ရခိုင်တို့၏ လူမှုစီးပွားဘဝသည် တစ်ဖန် ပြန်လည်ထူမတ်လာနိုင်သည်ဖြစ်ရာ သဘော ထားကြီး စွာဖြင့် နှစ်ဖက်လူထုလိုလားသည့် ခိုင်မြဲသောငြိမ်းချမ်းမှုကို နှစ်ဖက်တည်ဆောက်နိုင်ကြပါစေ၊ ဆွေးနွေးပွဲအောင်မြင်ပါ စေဟုသာ ကြိုတင် ဆုတောင်းမိဖြစ်ပါ၏။
၂၀။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့နှင့်ထိုက်တန်သည့် အစိုးရတစ်ရပ်ကိုသာ ရကြစမြဲဖြစ်၏။ ကျွန်ုပ်တို့နှင့် ထိုက်တန် သော အစိုးရတစ်ရပ်၏ အုပ်ချုပ်မှုကို ခံကြရစမြဲဖြစ်ရာ မိမိတို့နှင့်ထိုက်တန်၍ ရကြသည့်/ ရကြမည့် အစိုးရတစ်ရပ်ကို အူမချေးခါး မရွေးသင့်သော်လည်း ရွေးကြသည်မှာလည်း လူထု၏ ဓမ္မတာပင်ဖြစ်ရာ ကျွန်ုပ်တို့နှင့်ထိုက်တန်၍သာ ရကြခြင်းဖြစ်သည်ဟုသာ မှတ်ယူဖြေသိမ့်နိုင်ပါမှ ကိုယ်၊ စိတ်နှစ်ပါး ငြိမ်းချမ်းပြီး သက်ရှည်ကျန်းမာကြမည်ဟုသာ ကောင်းချီးပြု မုဒိတာပွားလိုပါ၏။ မေးခွန်းတစ်ခုစီ၏ သုံးသပ်ချက်များကို မိမိ၏ ကိုယ်ပိုင်ဦးနှောက်၊ ဉာဏ်ရည်များ ဆပွားကာ မမှားယွင်းရအောင် လူထုသည် မိမိတို့ သားသမီး၊ မြေးမြစ်များ၏ အနာဂတ်အတွက် သေချာစဉ်းစား ရွေးချယ်နိုင်ကြပါစေဟုလည်း ဆုတောင်းဖြစ်ရပါ၏။

အပိုင်း(၅)ဇာတ်သိမ်းကို ဆက်လက်ဖော်ပြမည် . . .

zawgyi version
စစ္နယ္ဝန္း က်ယ္လာသည့္ “ ရခိုင္’’ (အခန္းဆက္ေဆာင္းပါးရွည္) (အပိုင္း ၄)
ေဒါက္တာေအးေမာင္ (NP News) - ဇူလိုင္ ၆

(ခ-၃) “၇၉” ႏွစ္ေျမာက္ တပ္မေတာ္ေန႔၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ မိန႔္ခြန္း၊ ျပေနက် မစ္ဇိုင္းမ်ား၊ စစ္နယ္ဝန္း က်ယ္လာမည္လားႏွင့္ ေတြးမိေတြးရာ။
၁၄။ ယခုႏွစ္ ၇၉ ႏွစ္ေျမာက္ တပ္မေတာ္ေန႔ကို ညရႈခင္း၊ ညျမင္ကြင္းမ်ားႏွင့္ နီယြန္မီးေရာင္မ်ား ေအာက္ ရဲရဲေတာက္ စစ္ခ်ီေတးမ်ားသီက်ဴးရင္း ကာကြယ္ေရးဦးစီခ်ဳပ္ကို အေနာ္ရထာအစျပဳ စစ္ေၾကာင္းစုံျဖင့္ ခ်ီတက္အေလးျပဳၾက၏။ ေရာင္စုံ မီးစီျခယ္အလွဆင္ထားသည့္ အေပါ့စားေလယာဥ္မ်ား၊ ရဟတ္ယာဥ္မ်ား၊ မီးေရာင္မထြက္ အသံပင္မၾကားရဘဲ ပရိသတ္ေခါင္းေပၚ ႐ုတ္တရက္ေရာက္လာသည့္ ႐ုရွား၏ အံ့ဩစရာ SU-30 ၊ ပုံမွန္ျပေနက် တာတိုပစ္ မစ္ဇိုင္း တင့္ကား မ်ား၊ တင့္ကားမ်ား ကိုယ္ေရာင္ေဖ်ာက္ဘယ္မ်ားေရာက္ေနပါလိမ့္ ဟုေတြးရင္း လက္ေတြ႕ပစ္ကြင္းေပၚ ပူးတြဲ ေလ့က်င့္ ၾကမည့္ ႐ုရွား-ျမန္မာ အႀကိမ္(၅၀)တိတိ စစ္သတင္းေအာက္ စစ္နယ္ဝန္း က်ယ္လာအံ့ဟု ထင္မိရပါ၏။ ရွမ္း ေျမာက္၊ ကခ်င္၊ ရခိုင္ႏွင့္ ထိေတြ႕ေဒသမ်ား၊ မိန႔္ခြန္း ပါ Highlighting လုပ္ထားသည့္ “ေရာင္စုံ ေသာင္းက်န္းသူမ်ား၊ ၾကက္ဥအေရာင္ တိမ္ေတာင္သဖြယ္ မင္းေရးက်ယ္ စစ္မွန္စည္းကမ္းျပည့္ဝသည့္ ပါတီစုံ ဒီမိုကေရစီစနစ္ ခိုင္မာေရး၊ ဒီမိုကေရစီႏွင့္ဖက္ဒရယ္ စနစ္ကို အေျခခံသည့္ ျပည္ေထာင္စု တည္ေဆာက္ေရး၊ တိုင္းျပည္ သာယာဝေျပာေရး၊ စားေရး ရိကၡာ ဖူလုံေရး၊ အသိတရား၊ အရွိတရား၊ ေလ့လာ၊ ေလ့က်င့္၊ လိုက္နာ” စသည့္ ၫႊန္းဆိုသည့္ စကားရပ္မ်ား၏ က်ယ္ဝန္း က်ယ္ျပန႔္မႈၾကား အေတြးနယ္ခ်ဲ႕ ျဖစ္မိရပါ၏။ “တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အခ်ိဳ႕ႏွင့္ ျပည္ပလက္ေဝခံ အဖြဲ႕ အစည္းအခ်ိဳ႕ ဒီမိုကေရစီ ႏွင့္ဖက္ဒရယ္စနစ္ကို အေျခခံတဲ့ ျပည္ေထာင္စုတစ္ရပ္ ေဖာ္ေဆာင္ေရးကို ပ်က္စီးေအာင္ လုပ္ေနျခင္း ျဖစ္တယ္ဆိုတာ ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ကခ်င္ျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ေနရာေဒသအခ်ိဳ႕မွာ ျဖစ္ပြားေနတဲ့ ျဖစ္စဥ္ျဖစ္ရပ္ေတြက သက္ေသခံလ်က္ရွိ၊ ျပည္သူ႔စစ္မႈထမ္းဥပေဒ၊ အရန္တပ္ဖြဲ႕ဥပေဒ (၂)ရပ္က ေဖေဖာ္ဝါရီ (၁၀) ႏွင့္ (၁၃) မွာ အာဏာတည္ေစခဲ့ၿပီျဖစ္တယ္” စသည့္ ဆက္စပ္ ျဖစ္ရပ္ျဖစ္စဥ္မ်ား၏ အတိမ္အနက္ႏွင့္ လားရာကို အေသအခ်ာ ခြဲျခမ္းစိတ္ျဖာပါက ျမန္မာျပည္အႏွံ႔ ရည္ၫႊန္း အရပ္ဆီဦးတည္လ်က္ ပိုပိုက်ယ္ျပန႔္ျဖစ္ လာေတာ့မည့္ စစ္နယ္ဝန္းဟုသာ ထင္ျမင္မိရပါ၏။

(ခ-၄) တပ္မေတာ္ေန႔အလြန္၌ျဖစ္တည္လာသည့္ ေမးခြန္းမ်ား။
၁၅။ ၂၀ဝ၈ ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒပါ ျပ႒ာန္းခ်က္ျဖစ္သည့္ စစ္မႈထမ္းရန္ ဆင့္ေခၚခြင့္၊ အင္အား ဆတိုး လာေတာ့မည့္ ျပည္သူ႔စစ္မႈထမ္း ဥပေဒႏွင့္ စစ္သည္မ်ားစြာ၊ ႏွစ္ဖက္စစ္မက္ ၿပိဳင္ဆိုင္ရင္း တစ္ဖက္ႏွင့္တစ္ဖက္ အႏိုင္တိုက္ၾကမည့္ ျမင္ကြင္း၊ ၾကားညႇပ္ၿမဲ ညႇပ္ၾကရေတာ့မည့္ လူထု၊ ရင္ေမာရပါ၏။ “စစ္ကိုမုန္း၍ စစ္တိုက္ရပါသည္။ ရန္ငါစည္းျခား ျဖစ္ၾကၿပီလား၊ မီးလိုေနလို က်င့္ၾက ေတာ့မည္လား၊ တိုင္းျပည္က ႏုႏု မုန္တိုင္းက ထန္ ထန္ (အစား) တိုင္းျပည္က ယဲ့ယဲ့ ျဖစ္ေနၿပီလား” စသည့္ သံေဝဂယူစရာ၊ ရသျပည့္ စာသားမ်ားၾကားက ေအာက္ပါ ေျခ/ဥ ျပဌာန္းခ်က္ (၂)ရပ္သည္ “အနာ ဂတ္၌ျဖစ္တည္လာမည့္ ယေန႔ကာလ ျဖစ္ပ်က္မႈ အေျခအေနကို ႀကိဳျမင္၍ေလမ်ားလား”ဟု စဥ္းစား မိရင္း သက္ျပင္းပူႀကီး ခ်ျဖစ္မိပါ၏။

ပုဒ္မ၊၃၈၅-ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္၏ လြတ္လပ္ေရး၊ အခ်ဳပ္အျခာအာဏာႏွင့္ နယ္ေျမတည္တံ့ ခိုင္ၿမဲေရးတို႔ကို ကာကြယ္ေစာင့္ ေရွာက္ေရးသည္ ႏိုင္ငံသားတိုင္း၏ တာဝန္ျဖစ္သည္။

ပုဒ္မ၊၃၈၆-ႏိုင္ငံသားတိုင္းသည္ ဥပေဒျပ႒ာန္းခ်က္ မ်ားႏွင့္အညီ စစ္ပညာသင္ၾကားရန္ႏွင့္ ႏိုင္ငံေတာ္ ကာကြယ္ ေရးအတြက္ စစ္မႈထမ္းရန္ တာဝန္ရွိသည္။

-“ၾကက္ဥအေရာင္ တိမ္ေတာင္သဖြယ္ မင္းေရး က်ယ္၏” အဓိပၸာယ္သည္ ေတြးသေလာက္ နက္ရႈိင္း က်ယ္ေျပာ ေပ၏။ ဉာဏ္ရည္ႏွင့္ခ်င့္ခ်ိန္ကာ စဥ္းစားပါမွ ဆင္ျခင္အသိႏွင့္ သတိတရား တိမ္မေယာင္နဲ႔ နက္တတ္သည့္ တိုင္းေရး ျပည္ရာ၊ စစ္ေရးစစ္ရာ၊ သံေဝဂယူစရာေတြ အျပည့္နဲ႔ ကြၽႏ္ုပ္တို႔ ေရွ႕ဆက္ႏိုင္ၾကဦးမည္လား။

တာတို၊ တာလတ္ပစ္၊ မစ္ဇိုင္းတင့္ကားမ်ားက ရႈိးျပ တာမဟုတ္ အမွန္ခ်တာဟဟု ေျပာစမွတ္ စကားလုံး သစ္ တြင္ရစ္ေစေတာ့မည္လား၊ ေမးျမန္းခ်င္သူေတြနဲ႔ ၿငိမ္းခ်မ္းခ်င္သူေတြၾကားက လားေပါင္းမ်ားစြာ။

-စစ္ေရးျပေနက် ယႏၲရားတပ္ရဲ႕ ဧရာမတင့္ကားႀကီးမ်ား၊ သံခ်ပ္ကာယာဥ္မ်ားတကယ္ကို စစ္ေျမျပင္ ေရာက္ၿပီး ဂါဇာ Strip က အစၥေရးၾကည္းတပ္လို တကယ္ကို ခ်ၾကေတာ့မည္လား။ စသည့္ေမးခြန္းတို႔ သည္ “တပ္မေတာ္ေန႔” အလြန္၌ အစီအရီ အလိုလို ေပၚလာကာ ဆပြားမိရပါ၏။ ညအေမွာင္ အေရာင္ ေဖ်ာ့ေဖ်ာ့ေအာက္၊ “စစ္ေသြးစစ္ေရာင္ ပိုေတာက္ ေလာင္လာမည့္ နိမိတ္ေလလား”ဟု ေတြးမိေတြးရာေတြးျဖစ္ပါ၏။

(ဂ) နစက ႏွင့္ ULA/AA တို႔၏ စစ္ေရး တင္းမာ မႈသည္ ၿငိမ္းခ်မ္းေရးလမ္းစ ေပၚေပါက္ေအာင္ မေဆာင္႐ြက္ႏိုင္ခဲ့ပါလွ်င္ ေရွ႕ဆက္ ျဖစ္လာႏိုင္ေျခမ်ား။

၁၆။ လက္ရွိ စစ္ေရးတင္းမာမႈမွသည္ ၿငိမ္းခ်မ္းေရးလမ္းစ ေပၚေပါက္ေအာင္ ႏွစ္ဖက္သို႔ သံခင္းတမန္ခင္း ခ်ဥ္း ကပ္ျခင္း၊ ႏွစ္ဖက္ေတြ႕ဆုံၾကျခင္း၊ ညႇိႏႈိင္းၾကျခင္း၊ လူထုအတြက္ အပစ္အခတ္ရပ္စဲ ၾကျခင္းတို႔ကို မေဆာင္႐ြက္ႏိုင္ခဲ့ပါလွ်င္ ေရွ႕ဆက္ျဖစ္လာႏိုင္ေျခမ်ားကို ဆပြားမိျဖစ္ပါ၏။

ေအာက္ပါေမးခြန္းႀကီးႏွစ္ရပ္သည္ ျမန္မာလူထု အၾကား၌ ကြဲကြဲျပားျပားသိလိုစိတ္ ျပင္းျပင္းျပျပႏွင့္ က်ယ္ က်ယ္ ေလာင္ေလာင္ ဆူညံစြာ ထြက္ေပၚလာႏိုင္ေပ၏။
ရခိုင့္စစ္မ်က္ႏွာတြင္ တိုက္ပြဲဝင္ေနေသာ ULA/AA ၏ တိုက္ပြဲပုံသဏၭာန္ႏွင့္ စစ္ပြဲ၏ အႏွစ္သာရ အႏၲိမ ရည္မွန္း ခ်က္သည္ ရခိုင့္ႏိုင္ငံေတာ္ ထူေထာင္ေရး လြတ္လပ္ေရး စစ္ပြဲလား။

(သို႔တည္းမဟုတ္)
အျခား တိုင္းရင္းသားမ်ားနည္းတူ အမ်ိဳးသား တန္းတူေရးအတြက္ တိုက္ပြဲဝင္ေနသည့္ ဖက္ဒ ရယ္ႏွင့္ ဒီမိုကေရစီႏိုင္ငံေတာ္ ျဖစ္တည္ေရး အမ်ိဳးသား တန္းတူေရး စစ္ပြဲလား။ ဟူသည့္ ေမးခြန္းႀကီးႏွစ္ ရပ္ပင္ ျဖစ္မည္ဟု ယူဆပါ၏။ သိလိုစိတ္ ျပင္းျပင္း ျပျပျဖင့္ ပြင့္ပြင့္လင္းလင္း ေမးျဖစ္ၾကမည္ ထင္ရပါ၏။

(ဂ-၁) ႏိုင္ငံေရးအရ ညႇိႏႈိင္းမႈႏွင့္အပစ္ရပ္ၿငိမ္းခ်မ္းမႈ လမ္းေၾကာင္းကို လက္မခံဘဲ စစ္ေအာင္ႏိုင္ေရးႏွင့္ နယ္ေျမထိန္း ခ်ဳပ္ေရး ပဓါနျပဳ တိုက္ပြဲပုံသဏၭာန္ အျဖစ္သို႔သာ ပိုမိုအသြင္ေျပာင္းလဲလာခဲ့ပါလွ်င္ ျဖစ္လာႏိုင္ေျခမ်ား။

၁၇။ စစ္ေအာင္ႏိုင္ေရး၊ နယ္ေျမထိန္းခ်ဳပ္ႏိုင္ ေရးသာ လိုအပ္သည္ ႏိုင္ငံေရးအရ ညႇိႏႈိင္းမႈ၊ အပစ္ရပ္မႈ မလိုအပ္ဟု ယူဆၿပီး ျပင္းျပင္းထန္ထန္ စစ္ေရး တင္းမာမႈသို႔ ႏွစ္ဖက္စလုံးက ဦးတည္လာလွ်င္-
(၁) ျမန္မာ့တပ္မေတာ္သည္ ရခိုင္ေဒသ၌ ေရရွည္စစ္အျဖစ္ အနည္းဆုံး(၃)ႏွစ္ႏွင့္အထက္ မဆုတ္တမ္း ခံစစ္မွသည္ ထိုးစစ္ခ်ီပုံစံသစ္ျဖင့္ စစ္ဆင္ေရး ဗ်ဳဟာသစ္ကို လူေျပာင္း၊ မူေျပာင္း၊ စစ္ဆင္မႈပုံသဏၭာန္ေျပာင္း၊ ဦးေဆာင္မႈေျပာင္း၊ နည္း ဗ်ဴဟာေျပာင္းၿပီး အႏိုင္ရသည္အထိ စစ္ဆင္မႈျပဳ ႏိုင္သည္ဟု ျမင္၏။
(၂) တပ္မေတာ္ေရကို ၊ဘဂၤလားပင္လယ္ေအာ္ ႏွင့္ေရတပ္ဌာနခ်ဳပ္ အေျချပဳ၊ပင္တိုင္ထားၿပီး တပ္မေတာ္ေလ၏ အေဝးအနီး ေလယာဥ္ကြင္းမ်ားမွ အုပ္စုဖြဲ႕၊ ေလေၾကာင္းခ်ီကာ ၾကည္းတပ္၏ အထူးစစ္ဆင္ေရး ထိုးစစ္အား၊ ပစ္အား ျဖည့္စစ္ကူၿပီး၊ ေျပာက္က်ား စစ္ဗ်ဴဟာျဖင့္ ခ်င္းနင္းထိုးေဖာက္မႈျပဳသည့္ နယ္ေျမျပန္လည္စိုးမိုးေရး ပူးေပါင္းစစ္ဆင္မႈ ႀကီးတစ္ရပ္ကို ကြၽန္းအလိုက္၊ ဆက္စပ္ကုန္းေျမအလိုက္၊ ေဒသအ လိုက္၊ အခ်ိန္ယူျပင္ဆင္ကာ ေငြအား၊ လူအား၊ နည္း ဗ်ဴဟာေျမာက္လက္နက္အားျဖင့္ တိုက္စစ္ဖြင့္ စစ္ ဆင္လာႏိုင္သည္ဟု ျမင္၏။
(၃) နယ္ေျမျပန္လည္စိုးမိုးေရး ပူးေပါင္းစစ္ ဆင္ေရးႀကီးႏွင့္အတူ ျဖတ္ေလးျဖတ္မွသည္ ေရရွည္ အလုံးစုံ ပိတ္ဆို႔ေရး၌(လမ္းပန္းဆက္သြယ္ေရး၊ လွ်ပ္စစ္၊ ကုန္သြယ္ေရး)၊ စိုက္ပ်ိဳးေရးသြင္းအားစု (မ်ိဳးေစ့၊ ဓာတ္ေျမဩဇာ၊ ပိုးသတ္ေဆး)၊ လူမႈေရး သြင္းအား စု (ေဆးဝါး၊ စက္သုံးဆီ၊ စားသုံးဆီ)၊ ေငြေၾကးႏွင့္ ဘဏ္စနစ္တို႔ ပါဝင္ႏိုင္သည္။ ယင္းမွ တစ္ခုခုကို စတင္ ပိတ္ဆို႔ျဖတ္ေတာက္႐ုံမွ်ျဖင့္ ယင္း၏ ျပင္းထန္ သည့္ဒဏ္ကို ၿမိဳ႕ျပႏွင့္ေက်းလက္လူထုသည္ အဓိက ခံၾကရမည္ျဖစ္၏။ စီးပြားေရး၊ လူမႈေရး၊ ပညာေရးႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈအရပ္ရပ္သည္ ခြၽတ္ၿခဳံ က်သြား မည္ျဖစ္၏။ စားနပ္ရိကၡာဖူလုံမႈ ျပႆနာသည္ ေျဖရွင္းရ အလြန္ခက္ခဲမႈျဖစ္ေစမည္ ျဖစ္၏။
(၄) နည္းတူ ေျမစာပင္ျဖစ္ၾကရမည့္ ျဖစ္ဆဲျဖစ္သည့္ ရခိုင္လူထုသည္ မည္ကဲ့သို႔ ဆက္လက္ အသက္ရွင္ ရပ္တည္ ၾကမည္ လူမႈစီးပြားဘဝ ျပန္လည္ရွင္သန္ေအာင္ ထူေထာင္ႏိုင္ၾကမွျဖစ္မည္ဟူသည့္ စိန္ေခၚမႈ ႀကီးတစ္ရပ္သည္လည္း ကြၽႏု္ပ္တို႔ ႀကိဳတင္သုံးသပ္ကာ အေျဖထုတ္ထားသင့္သည္ဟု ျမင္မိပါ၏။

(ဂ-၂)အမ်ိဳးသားတန္းတူေရးတိုက္ပြဲ မဟုတ္ေတာ့ဘဲ လြတ္လပ္ေရးတိုက္ပြဲဟု ႏွစ္ဖက္သတ္မွတ္ခဲ့ျဖစ္ ပါက ျဖစ္လာ ႏိုင္ေျခရွိသည့္ တိုက္ပြဲ၏ ပုံသဏၭာန္။

၁၈။ ေအာက္ပါအခ်က္တို႔သည္ ႏွစ္ဖက္ထည့္သြင္းတြက္ခ်က္ ပုံေဖာ္ျဖစ္ၾကမည့္ လြတ္လပ္ေရးတိုက္ပြဲ၏ သဏၭာန္မ်ားအနက္မွ ဆင့္ကဲ ျဖစ္လာႏိုင္ ေျခအခ်ိဳ႕ဟု ထင္ျမင္မိပါ၏။
(၁) လက္ရွိ စစ္ေရးတင္းမာမႈကို ႏိုင္ငံေရးအရ ညႇိႏႈိင္းမႈသည္ မလိုအပ္ေတာ့ၿပီျဖစ္သည္ဟု တစ္ဖက္ဖက္က ယူဆၿပီးႏွစ္ဖက္စလုံးမွလည္း လက္ခံခဲ့သည္ဆိုပါလွ်င္ (တစ္နည္း) ၿငိမ္းခ်မ္းေရးလမ္းစအား ႏွစ္ဖက္စလုံးမွ ျငင္းပယ္ခဲ့ၿပီ ျဖစ္သည္ ဆိုပါလွ်င္၊ နယ္ေျမခြဲထြက္ေရး (တစ္နည္း) လြတ္လပ္ေရးစစ္ပြဲ ျဖစ္သည္ဟု ႏွစ္ဖက္စလုံးက သတ္မွတ္ခဲ့ၿပီ ျဖစ္သည္ဟု ယူဆၾကရမည္ျဖစ္၏။
(၂) ေခတ္သစ္ လြတ္လပ္ေရးတိုက္ပြဲသမိုင္း၌ မိမိတို႔ႏွင့္အနီးဆုံး ၁၉၇၁ ခုႏွစ္တြင္၊ ပါကစၥတန္ႏိုင္ငံထံမွ လြတ္လပ္ ေရးရခဲ့သည့္ ဘဂၤလားေဒ့ရွ္(အေရွ႕ ပါကစၥတန္)၏ လြတ္လပ္ေရးစစ္ပြဲသည္ ၉ လခန႔္ ၾကာျမင့္ခဲ့သျဖင့္ အခ်ိန္အလြန္ တိုေတာင္းခဲ့သည္ဟု မွတ္တမ္းျပဳၾကရမည္ျဖစ္၏။ ျပည္သူ(၃)သန္းေက်ာ္ အသက္ဆုံးရႈံး စြန႔္လႊတ္ေပးဆပ္ခဲ့ရၿပီး အင္အားႀကီး အိႏၵိယႏိုင္ငံ၏ ပါဝင္ကူညီတိုက္ခိုက္ေပးခဲ့မႈေၾကာင့္သာ လြတ္လပ္ေရးရရွိခဲ့ျခင္းျဖစ္ၿပီး ျမန္မာအစိုးရသည္ လြတ္လပ္ေရးကို အေစာဆုံးအသိအမွတ္ျပဳေပးသည့္ ႏိုင္ငံမ်ားစာရင္းတြင္ ပါဝင္ခဲ့သည္ဟု မွတ္သား ဖူးပါ၏။
(၃) သို႔ျဖင့္ လြတ္လပ္ေရးစစ္ပြဲဟု အမည္တပ္သည္ႏွင့္ ေျမစာပင္အျဖစ္ အသက္စြန႔္လႊတ္ ေပးလႉၾကရမည့္ လူထု၊ ပါဝင္ကူညီတိုက္ခိုက္ေပးမည့္ ႏိုင္ငံႏွင့္ အသိအမွတ္ျပဳေပးမည့္ အင္အားႀကီးႏိုင္ငံတို႔သည္ လိုအပ္သည္ဟု ေခတ္သစ္ လြတ္လပ္ေရး တိုက္ပြဲသမိုင္းက ၫႊန္းဆိုေနပါ၏။
(၄) အကယ္၍ စစ္နယ္ဝန္းက်ယ္လာသည့္ ရခိုင္စစ္ပြဲသည္ အမ်ိဳးသားေရး ရပိုင္ခြင့္အတြက္ တိုင္းရင္းသားမ်ားႏွင့္ အတူ လက္တြဲတိုက္ပြဲဝင္သည့္ ဖက္ဒရယ္ျပည္ေထာင္စုသစ္ တည္ေဆာက္ေရး တိုက္ပြဲမွ ခြဲထြက္ကာ သီးျခား ရခိုင့္ႏိုင္ငံ ေတာ္ တည္ေဆာက္ေရး စစ္ပြဲအသြင္ေဆာင္သည္ဟု ႏိုင္ငံေတာ္အစိုးရက ခိုင္မာစြာ ဆုံးျဖတ္ခဲ့မည္ဆိုပါလွ်င္ စစ္ပြဲ၏ အသြင္သဏၭာန္ႏွင့္ အႏွစ္သာရသည္ လုံးဝ ေျပာင္းလဲသြားမည္ျဖစ္၏။
(၅) တစ္ဖက္ဖက္ကအႏိုင္ရမွ ၿပီးဆုံးမည့္ တိုက္ပြဲ၊ ေနာက္မဆုတ္တမ္းအျပတ္ျဖတ္ရမည့္ တိုက္ပြဲအျဖစ္ သတ္မွတ္ ကာ မီးကုန္ယမ္းကုန္ ျပာပုံဘဝေရာက္ ေရာက္ အရက္စက္ဆုံး သူႏိုင္ကိုယ္ႏိုင္ တိုက္ခိုက္ၾကရေတာ့မည္ျဖစ္ရာ စစ္၏အနိ႒ာ႐ုံမ်ား စစ္ရာဇဝတ္မႈမ်ား သန္းခ်ီသည့္ အသက္စြန႔္လႊတ္ခံရ မည့္သူမ်ား၊ လူလူခ်င္း အမုန္းပြားမႈမ်ား၊ ရက္စက္မႈမ်ား၊ နာက်ည္းမႈမ်ား၊ စစ္ပြဲၿပီးမွ ျပာပုံဘဝရသ (သို႔) လြတ္လပ္ေရးရသကို ေနရာဝင္ယူခံ စားၾကမည့္ သူမ်ားသည္ စစ္ပြဲၿပီးေနာက္ ကာလတစ္ခုထိ အေမြခံမ်ိဳးဆက္တို႔ ရင္ဆိုင္ေက်ာ္ျဖတ္ရၾကဦးမည့္ သမိုင္း၏မွတ္တမ္း မ်ားအျဖစ္ က်န္ရစ္ေစခဲ့မည္လည္း ျဖစ္ေပ၏။
(ဂ-၃) နစကႏွင့္ ULA/AA ၏ စစ္ေရးတင္းမာမႈ မွသည္ ၿငိမ္းခ်မ္းေရးလမ္းစ ေပၚေပါက္ခဲ့ပါလွ်င္ ျဖစ္လာႏိုင္ေျခမ်ား။

၁၉။ တ႐ုတ္ျပည္၊ ယူနန္ျပည္နယ္၊ ကူမင္းၿမိဳ႕၏ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲ ပၪၥမအႀကိမ္ေျမာက္ ဟိုက္ဂင္ သေဘာတူညီ ခ်က္သည္ ရခိုင္ေဒသရွိ တ႐ုတ္၏အက်ိဳးစီးပြားအထိ ခရီးဆက္ျခင္းမွ အပစ္အခတ္ရပ္၊ ႏွစ္ဖက္နယ္ေျမ သေဘာတူညီမႈ ရ၊ “ဝ” ၊ မိုင္းလား တို႔ကဲ့သို႔ ၿငိမ္းခ်မ္းၿပီး သတ္မွတ္နယ္ေျမအတြင္း ဖြံ႕ၿဖိဳးမႈအဆင့္ဆင့္ကို ႏွစ္ကာလၾကာရွည္ တည္ ေဆာက္ႏိုင္ၾကျခင္းျဖင့္ ရခိုင္တို႔၏ လူမႈစီးပြားဘဝသည္ တစ္ဖန္ ျပန္လည္ထူမတ္လာႏိုင္သည္ျဖစ္ရာ သေဘာ ထားႀကီး စြာျဖင့္ ႏွစ္ဖက္လူထုလိုလားသည့္ ခိုင္ၿမဲေသာၿငိမ္းခ်မ္းမႈကို ႏွစ္ဖက္တည္ေဆာက္ႏိုင္ၾကပါေစ၊ ေဆြးေႏြးပြဲေအာင္ျမင္ပါ ေစဟုသာ ႀကိဳတင္ ဆုေတာင္းမိျဖစ္ပါ၏။
၂၀။ ကြၽႏ္ုပ္တို႔သည္ ကြၽႏ္ုပ္တို႔ႏွင့္ထိုက္တန္သည့္ အစိုးရတစ္ရပ္ကိုသာ ရၾကစၿမဲျဖစ္၏။ ကြၽႏ္ုပ္တို႔ႏွင့္ ထိုက္တန္ ေသာ အစိုးရတစ္ရပ္၏ အုပ္ခ်ဳပ္မႈကို ခံၾကရစၿမဲျဖစ္ရာ မိမိတို႔ႏွင့္ထိုက္တန္၍ ရၾကသည့္/ ရၾကမည့္ အစိုးရတစ္ရပ္ကို အူမေခ်းခါး မေ႐ြးသင့္ေသာ္လည္း ေ႐ြးၾကသည္မွာလည္း လူထု၏ ဓမၼတာပင္ျဖစ္ရာ ကြၽႏ္ုပ္တို႔ႏွင့္ထိုက္တန္၍သာ ရၾကျခင္းျဖစ္သည္ဟုသာ မွတ္ယူေျဖသိမ့္ႏိုင္ပါမွ ကိုယ္၊ စိတ္ႏွစ္ပါး ၿငိမ္းခ်မ္းၿပီး သက္ရွည္က်န္းမာၾကမည္ဟုသာ ေကာင္းခ်ီးျပဳ မုဒိတာပြားလိုပါ၏။ ေမးခြန္းတစ္ခုစီ၏ သုံးသပ္ခ်က္မ်ားကို မိမိ၏ ကိုယ္ပိုင္ဦးေႏွာက္၊ ဉာဏ္ရည္မ်ား ဆပြားကာ မမွားယြင္းရေအာင္ လူထုသည္ မိမိတို႔ သားသမီး၊ ေျမးျမစ္မ်ား၏ အနာဂတ္အတြက္ ေသခ်ာစဥ္းစား ေ႐ြးခ်ယ္ႏိုင္ၾကပါေစဟုလည္း ဆုေတာင္းျဖစ္ရပါ၏။

အပိုင္း(၅)ဇာတ္သိမ္းကို ဆက္လက္ေဖာ္ျပမည္ . . .

Related news

© 2021. All rights reserved.