ယူကရိန်းပဋိပက္ခကို ဆွေးနွေးဖို့အတွက် ရုရှားကို ဟန်ဂေရီဝန်ကြီးချုပ်အလည်အပတ်ရောက်ရှိနေ

 433

Pika (NP News) - ဇူလိုင် ၆

ဟန်ဂေရီဝန်ကြီးချုပ်ဗစ်တောအော်ဗန်သည် ရုရှားနိုင်ငံ မော်စကိုမြို့သို့ တရားဝင်ခရီးစဉ်အဖြစ် ရောက်ရှိနေပြီး ယူကရိန်းပဋိပက္ခကိုဖြေရှင်းနိုင်မည့် နည်းလမ်းများကိုဆွေးနွေးရန်အတွက် ရုရှားသမ္မတပူတင်နှင့်တွေ့ဆုံနိုင်ဖွယ်ရှိနေကြောင်းသိရသည်။ ဗစ်တော်အော်ဗန်၏ ရောက်ရှိမှုကို ၎င်း၏သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် Bertalan Havasi က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဗစ်တောအော်ဗန်သည် ငြိမ်းချမ်းရေးထိန်းသိမ်းမှုမစ်ရှင်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရုရှားကို လာရောက်လည်ပတ်ခဲ့ခြင်းဖြစ်ကြောင်း Bertalan Havasi က ထပ်မံပြောဆိုခဲ့သည်။ ယခင်က ဥရောပသမဂ္ဂ ထိပ်တန်းအရာရှိအများအပြားသည် ရုရှားသို့သွားရောက်လည်ပတ်မည့် ဗစ်တောအော်ဗန်၏ အစီအစဉ်များကို ပြစ်တင်ဝေဖန်ခဲ့ကြသည်။ အဆိုပါခရီးစဉ်ကို ဥရောပကောင်စီဥက္ကဋ္ဌ ချားလ်စ်မီချယ်ကလည်း ပြစ်တင်ရှုတ်ချခဲ့ပြီး ဟန်ဂေရီသည် ဥရောပသမဂ္ဂကိုယ်စား ရုရှားနှင့်ဆက်ဆံပိုင်ခွင့်မရှိကြောင်း ပြောကြားခဲ့သည်။သို့သော်လည်း ဗစ်တောအော်ဗန်က ၎င်း၏ခရီးစဉ်သည် တရားဝင်ဆွေးနွေးမှုများမဟုတ်သောကြောင့် ငြိမ်းချမ်းရေးကိုမြှင့်တင်နိုင်ရန်အတွက် မည်သည့်လုပ်ပိုင်ခွင့်မှ မလိုအပ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ဟန်ဂေရီနိုင်ငံသည် ၎င်း၏နိုင်ငံရေးအာဏာကို ကန့်သတ်ထားကြောင်းနှင့် ယူကရိန်းပဋိပက္ခကို ဖြေရှင်းနိုင်မည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို အင်အားကြီးနိုင်ငံများကသာ ကျင်းပနိုင်ကြောင်း ဗစ်တောအော်ဗန်က ပြောကြားခဲ့သည်။ ၎င်းက 'ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့လက်ထဲမှာ ပစ္စည်းကောင်းလေးတစ်ခုဖြစ်နိုင်သလို ငြိမ်းချမ်းရေးကို လိုချင်တဲ့လူတွေရဲ့လက်ထဲမှာလည်း ပစ္စည်းကောင်းလေးတစ်ခုဖြစ်နိုင်ပါတယ်”ဟု ပြောဆိုခဲ့သည်။

zawgyi version
ယူကရိန္းပဋိပကၡကို ေဆြးေႏြးဖို႔အတြက္ ႐ုရွားကို ဟန္ေဂရီဝန္ႀကီးခ်ဳပ္အလည္အပတ္ေရာက္ရွိေန
Pika (NP News) - ဇူလိုင္ ၆

ဟန္ေဂရီဝန္ႀကီးခ်ဳပ္ဗစ္ေတာေအာ္ဗန္သည္ ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕သို႔ တရားဝင္ခရီးစဥ္အျဖစ္ ေရာက္ရွိေနၿပီး ယူကရိန္းပဋိပကၡကိုေျဖရွင္းႏိုင္မည့္ နည္းလမ္းမ်ားကိုေဆြးေႏြးရန္အတြက္ ႐ုရွားသမၼတပူတင္ႏွင့္ေတြ႕ဆုံႏိုင္ဖြယ္ရွိေနေၾကာင္းသိရသည္။ ဗစ္ေတာ္ေအာ္ဗန္၏ ေရာက္ရွိမႈကို ၎၏သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္ Bertalan Havasi က ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္ ဗစ္ေတာေအာ္ဗန္သည္ ၿငိမ္းခ်မ္းေရးထိန္းသိမ္းမႈမစ္ရွင္၏ တစ္စိတ္တစ္ပိုင္းအျဖစ္ ႐ုရွားကို လာေရာက္လည္ပတ္ခဲ့ျခင္းျဖစ္ေၾကာင္း Bertalan Havasi က ထပ္မံေျပာဆိုခဲ့သည္။ ယခင္က ဥေရာပသမဂၢ ထိပ္တန္းအရာရွိအမ်ားအျပားသည္ ႐ုရွားသို႔သြားေရာက္လည္ပတ္မည့္ ဗစ္ေတာေအာ္ဗန္၏ အစီအစဥ္မ်ားကို ျပစ္တင္ေဝဖန္ခဲ့ၾကသည္။ အဆိုပါခရီးစဥ္ကို ဥေရာပေကာင္စီဥကၠ႒ ခ်ားလ္စ္မီခ်ယ္ကလည္း ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး ဟန္ေဂရီသည္ ဥေရာပသမဂၢကိုယ္စား ႐ုရွားႏွင့္ဆက္ဆံပိုင္ခြင့္မရွိေၾကာင္း ေျပာၾကားခဲ့သည္။သို႔ေသာ္လည္း ဗစ္ေတာေအာ္ဗန္က ၎၏ခရီးစဥ္သည္ တရားဝင္ေဆြးေႏြးမႈမ်ားမဟုတ္ေသာေၾကာင့္ ၿငိမ္းခ်မ္းေရးကိုျမႇင့္တင္ႏိုင္ရန္အတြက္ မည္သည့္လုပ္ပိုင္ခြင့္မွ မလိုအပ္ေၾကာင္း ျပန္လည္ေျပာၾကားခဲ့သည္။

ဟန္ေဂရီႏိုင္ငံသည္ ၎၏ႏိုင္ငံေရးအာဏာကို ကန႔္သတ္ထားေၾကာင္းႏွင့္ ယူကရိန္းပဋိပကၡကို ေျဖရွင္းႏိုင္မည့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲမ်ားကို အင္အားႀကီးႏိုင္ငံမ်ားကသာ က်င္းပႏိုင္ေၾကာင္း ဗစ္ေတာေအာ္ဗန္က ေျပာၾကားခဲ့သည္။ ၎က 'ကြၽန္ေတာ္တို႔ဟာ ဘုရားသခင္ရဲ႕လက္ထဲမွာ ပစၥည္းေကာင္းေလးတစ္ခုျဖစ္ႏိုင္သလို ၿငိမ္းခ်မ္းေရးကို လိုခ်င္တဲ့လူေတြရဲ႕လက္ထဲမွာလည္း ပစၥည္းေကာင္းေလးတစ္ခုျဖစ္ႏိုင္ပါတယ္”ဟု ေျပာဆိုခဲ့သည္။

Related news

© 2021. All rights reserved.