ယူကရိန်းသမ္မတက အင်တာဗျူးမယ့်အစီအစဉ်ကိုလက်ခံခဲ့ကြောင်း နာမည်ကျော်သတင်းထောက် တက်ကာကာဆန် ထုတ်ဖော်ပြောဆို

 495

ဂျန်ဇက် (NP News) - ဇူလိုင် ၄

ယူကရိန်းသမ္မတဇီလန်စကီးဟာ အမေရိကန်နိုင်ငံရဲ့နာမည်ကျော်သတင်းထောက်တစ်ဦးဖြစ်တဲ့ တက်ကာ ကာဆန် နဲ့ အင်တာဗျူးမယ့်အစီအစဉ်ကို လက်ခံလိုက်ကြောင်း သိရပါတယ်။
ယူကရိန်းအစိုးရဟာ တက်ကာကာဆန်ကို နိုင်ငံရဲ့ရန်သူအဖြစ် ပုံဖော်သတ်မှတ်ခဲ့ပေမယ့် လက်ရှိအချိန်မှာ သမ္မတဇီလန်စကီးက အင်တာဗျူးအစီအစဉ်ကို လက်ခံထားကြောင်း သိရပါတယ်။ တက်ကာကာဆန်ဟာ ယူကရိန်း နဲ့ ရုရှားစစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ရုရှားသမ္မတပူတင်နဲ့ ပထမဆုံးအကြိမ်အင်တာဗျူးခွင့်ရတဲ့ အမေရိကန်နိုင်ငံရဲ့ပထမဆုံးသတင်းထောက်တစ်ဦးဖြစ်ခဲ့ပါတယ်။

တက်ကာကာဆန်ဟာ ပူတင်နဲ့ အင်တာဗျူးပြီးနောက် ယူကရိန်းသမ္မတဇိလန်စကီးနဲ့ အင်တာဗျူးခွင့်ရဖို့ ကြိုးပမ်းခဲ့ ပေမယ့် ယူကရိန်းသမ္မတက မသိကျိူးကျွံပြုနေခဲ့ကြောင်း သိရပါတယ်။ တက်ကာကာဆန်က "ကျွန်တော်ဟာ ဇီလန်စကီးနဲ့အင်တာဗျူးခွင့်ရရှိခဲ့တယ်။ ကျွန်တော်ဟာ ယူကရိန်းသမ္မတနဲ့ အင်တာဗျူးဖို့ ၂ နှစ်ကျော်ကြာ ကြိုးပမ်း ခဲ့ရတယ်။ အထူးသဖြင့် ရုရှားသမ္မတနဲ့ အင်တာဗျူးပြီးချိန်မှာ ယူကရိန်းသမ္မတ နဲ့ အင်တာဗျူးခွင့်ရဖို့ အရှိန်မြင့် ကြိုးပမ်းခဲ့တယ်" လို့ ပြောပါတယ်။

ခွင့်ပြုချက်ရထားပြီဖြစ်တဲ့အတွက် ယူကရိန်းသမ္မတနဲ့ အင်တာဗျူးအစီအစဉ်ကို မကြာခင် စတင်နိုင်မယ်လို့ မျှော်လင့်ထားပြီး ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံသားတွေ အများကြီးပိုမိုသိရှိအောင်လုပ်ဆောင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ကြောင်း တက်ကာကာဆန်က ပြောပါတယ်။ တက်ကာကာဆန်ဟာ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ကူညီထောက်ပံ့ပေးမှုတွေကို ဝေဖန်ပြစ်တင်ခဲ့ဖူးသူဖြစ်ကြောင်း သိရပါတယ်။

Zawgyi Version;
ယူကရိန္းသမၼတက အင္တာဗ်ဴးမယ့္အစီအစဥ္ကိုလက္ခံခဲ့ေၾကာင္း နာမည္ေက်ာ္သတင္းေထာက္ တက္ကာကာဆန္ ထုတ္ေဖာ္ေျပာဆို
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၄

ယူကရိန္းသမၼတဇီလန္စကီးဟာ အေမရိကန္ႏိုင္ငံရဲ႕နာမည္ေက်ာ္သတင္းေထာက္တစ္ဦးျဖစ္တဲ့ တက္ကာ ကာဆန္ နဲ႔ အင္တာဗ်ဴးမယ့္အစီအစဥ္ကို လက္ခံလိုက္ေၾကာင္း သိရပါတယ္။
ယူကရိန္းအစိုးရဟာ တက္ကာကာဆန္ကို ႏိုင္ငံရဲ႕ရန္သူအျဖစ္ ပုံေဖာ္သတ္မွတ္ခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာ သမၼတဇီလန္စကီးက အင္တာဗ်ဴးအစီအစဥ္ကို လက္ခံထားေၾကာင္း သိရပါတယ္။ တက္ကာကာဆန္ဟာ ယူကရိန္း နဲ႔ ႐ုရွားစစ္ပြဲျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ႐ုရွားသမၼတပူတင္နဲ႔ ပထမဆုံးအႀကိမ္အင္တာဗ်ဴးခြင့္ရတဲ့ အေမရိကန္ႏိုင္ငံရဲ႕ပထမဆုံးသတင္းေထာက္တစ္ဦးျဖစ္ခဲ့ပါတယ္။

တက္ကာကာဆန္ဟာ ပူတင္နဲ႔ အင္တာဗ်ဴးၿပီးေနာက္ ယူကရိန္းသမၼတဇိလန္စကီးနဲ႔ အင္တာဗ်ဴးခြင့္ရဖို႔ ႀကိဳးပမ္းခဲ့ ေပမယ့္ ယူကရိန္းသမၼတက မသိက်ိဴးကြၽံျပဳေနခဲ့ေၾကာင္း သိရပါတယ္။ တက္ကာကာဆန္က "ကြၽန္ေတာ္ဟာ ဇီလန္စကီးနဲ႔အင္တာဗ်ဴးခြင့္ရရွိခဲ့တယ္။ ကြၽန္ေတာ္ဟာ ယူကရိန္းသမၼတနဲ႔ အင္တာဗ်ဴးဖို႔ ၂ ႏွစ္ေက်ာ္ၾကာ ႀကိဳးပမ္း ခဲ့ရတယ္။ အထူးသျဖင့္ ႐ုရွားသမၼတနဲ႔ အင္တာဗ်ဴးၿပီးခ်ိန္မွာ ယူကရိန္းသမၼတ နဲ႔ အင္တာဗ်ဴးခြင့္ရဖို႔ အရွိန္ျမင့္ ႀကိဳးပမ္းခဲ့တယ္" လို႔ ေျပာပါတယ္။

ခြင့္ျပဳခ်က္ရထားၿပီျဖစ္တဲ့အတြက္ ယူကရိန္းသမၼတနဲ႔ အင္တာဗ်ဴးအစီအစဥ္ကို မၾကာခင္ စတင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားၿပီး ယူကရိန္းစစ္ပြဲနဲ႔ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံသားေတြ အမ်ားႀကီးပိုမိုသိရွိေအာင္လုပ္ေဆာင္ဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ေၾကာင္း တက္ကာကာဆန္က ေျပာပါတယ္။ တက္ကာကာဆန္ဟာ ယူကရိန္းစစ္ပြဲနဲ႔ ပတ္သက္ၿပီး အေမရိကန္အစိုးရရဲ႕ကူညီေထာက္ပံ့ေပးမႈေတြကို ေဝဖန္ျပစ္တင္ခဲ့ဖူးသူျဖစ္ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.