တရုတ်နဲ့အငြင်းပွားမှုတွေကို ဖြေလျော့ဖို့ ဖိလစ်ပိုင်သမ္မတ ညွှန်ကြားထားဟု ဖိလစ်ပိုင်စစ်တပ်အကြီးအကဲပြော

 469

ဂျန်ဇက် (NP News) - ဇူလိုင် ၄

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ်ဂျူနီယာဟာ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး တရုတ်နဲ့ ဖိလစ်ပိုင် အစိုးရတာဝန်ရှိသူတွေရဲ့တိုင်ပင်ဆွေးနွေးမှုတွေအတိုင်း တင်းမာမှုတွေကို ဖြေလျော့ဖို့ လက်နက်ကိုင်အဖွဲ့တွေကို ညွှန်ကြားထားတယ်လို့ ဖိလစ်ပိုင်စစ်တပ်အကြီးအကဲက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဖိလစ်ပိုင်စစ်တပ်အကြီးအကဲ ရိုမီယို ဘရော်နာက တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေဖြစ်ပွားနေပြီး အငြင်းပွားနေတဲ့ ကျွန်းမှာရှိတဲ့တပ်ဖွဲ့တွေကို စားနပ်ရိက္ခာတွေ ကူညီထောက်ပံ့ပေးမယ့်လမ်းကြောင်း အပါအဝင် အခြားရွေးချယ် စရာကိစ္စတွေကို ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ တောင်တရုတ်ပင်လယ်အရေးနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ ရှိလာခဲ့ပြီးနောက် တရုတ်နဲ့ဖိလစ်ပိုင်နိုင်ငံတို့ဟာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
တရုတ်နဲ့ ဖိလစ်ပိုင်အစိုးရတာဝန်ရှိသူတွေဟာ ဇူလိုင် ၂ ရက်က တွေ့ဆုံခဲ့ရာ နှစ်နိုင်ငံကြား အပြန်အလှန်ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့၊ လိုအပ်နေတဲ့အချက်ကို သဘောလက်ခံခဲ့ကြောင်း သိရပါတယ်။ ဖိလစ်ပိုင်စစ်တပ်ဟာ ဖိလစ်ပိုင်နိုင်ငံဘက်ခြမ်းကို ပစ်မှတ်ထားချိန်ရည်ရွယ်ထားတဲ့ အသံထက်မြန်တဲ့ဒုံးကျည်အကြောင်း သိရှိထားတယ် လို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးတဲ့ ဖိလစ်ပိုင်အထက်လွှတ်တော်အမတ်နဲ့လည်း ပူးပေါင်းဆောင်ရွက်မယ်လို့ ဖိလစ်ပိုင် စစ်တပ်အကြီးအကဲက ပြောပါတယ်။

ဖိလစ်ပိုင်သမ္မတရဲ့အစ်မဖြစ်သလို ဖိလစ်ပိုင်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ အကြီးအကဲဖြစ် တဲ့ အိုင်မီမာကိုစ့်ဟာ ဒီသီတင်းပတ်အစောပိုင်းက လူမူကွန်ရက်မှာ ရုပ်သံဖိုင်တင်ခဲ့ပြီး အဲဒီရုပ်သံဖိုင်ထဲမှာ တရုတ်နိုင်ငံက ဖိလစ်နိုင်ငံကို အသံထက်မြန်တဲ့ဒုံးကျည်တွေနဲ့ ချိန်ရွယ်ထားတယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။

Zawgyi Version;
တ႐ုတ္နဲ႔အျငင္းပြားမႈေတြကို ေျဖေလ်ာ့ဖို႔ ဖိလစ္ပိုင္သမၼတ ၫႊန္ၾကားထားဟု ဖိလစ္ပိုင္စစ္တပ္အႀကီးအကဲေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၄

ဖိလစ္ပိုင္သမၼတ ဖာဒီနန္မာကိုစ္ဂ်ဴနီယာဟာ ေတာင္တ႐ုတ္ပင္လယ္အေရးနဲ႔ပတ္သက္ၿပီး တ႐ုတ္နဲ႔ ဖိလစ္ပိုင္ အစိုးရတာဝန္ရွိသူေတြရဲ႕တိုင္ပင္ေဆြးေႏြးမႈေတြအတိုင္း တင္းမာမႈေတြကို ေျဖေလ်ာ့ဖို႔ လက္နက္ကိုင္အဖြဲ႕ေတြကို ၫႊန္ၾကားထားတယ္လို႔ ဖိလစ္ပိုင္စစ္တပ္အႀကီးအကဲက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ဖိလစ္ပိုင္စစ္တပ္အႀကီးအကဲ ႐ိုမီယို ဘေရာ္နာက တ႐ုတ္ႏိုင္ငံနဲ႔ တင္းမာမႈေတြျဖစ္ပြားေနၿပီး အျငင္းပြားေနတဲ့ ကြၽန္းမွာရွိတဲ့တပ္ဖြဲ႕ေတြကို စားနပ္ရိကၡာေတြ ကူညီေထာက္ပံ့ေပးမယ့္လမ္းေၾကာင္း အပါအဝင္ အျခားေ႐ြးခ်ယ္ စရာကိစၥေတြကို ေဆာင္႐ြက္မယ္လို႔ ဆိုပါတယ္။ ေတာင္တ႐ုတ္ပင္လယ္အေရးနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈေတြ ရွိလာခဲ့ၿပီးေနာက္ တ႐ုတ္နဲ႔ဖိလစ္ပိုင္ႏိုင္ငံတို႔ဟာ ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္း သိရပါတယ္။
တ႐ုတ္နဲ႔ ဖိလစ္ပိုင္အစိုးရတာဝန္ရွိသူေတြဟာ ဇူလိုင္ ၂ ရက္က ေတြ႕ဆုံခဲ့ရာ ႏွစ္ႏိုင္ငံၾကား အျပန္အလွန္ယုံၾကည္မႈ ျပန္လည္တည္ေဆာက္ဖို႔၊ လိုအပ္ေနတဲ့အခ်က္ကို သေဘာလက္ခံခဲ့ေၾကာင္း သိရပါတယ္။ ဖိလစ္ပိုင္စစ္တပ္ဟာ ဖိလစ္ပိုင္ႏိုင္ငံဘက္ျခမ္းကို ပစ္မွတ္ထားခ်ိန္ရည္႐ြယ္ထားတဲ့ အသံထက္ျမန္တဲ့ဒုံးက်ည္အေၾကာင္း သိရွိထားတယ္ လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးတဲ့ ဖိလစ္ပိုင္အထက္လႊတ္ေတာ္အမတ္နဲ႔လည္း ပူးေပါင္းေဆာင္႐ြက္မယ္လို႔ ဖိလစ္ပိုင္ စစ္တပ္အႀကီးအကဲက ေျပာပါတယ္။

ဖိလစ္ပိုင္သမၼတရဲ႕အစ္မျဖစ္သလို ဖိလစ္ပိုင္အထက္လႊတ္ေတာ္ ႏိုင္ငံျခားဆက္ဆံေရးေကာ္မတီ အႀကီးအကဲျဖစ္ တဲ့ အိုင္မီမာကိုစ့္ဟာ ဒီသီတင္းပတ္အေစာပိုင္းက လူမူကြန္ရက္မွာ ႐ုပ္သံဖိုင္တင္ခဲ့ၿပီး အဲဒီ႐ုပ္သံဖိုင္ထဲမွာ တ႐ုတ္ႏိုင္ငံက ဖိလစ္ႏိုင္ငံကို အသံထက္ျမန္တဲ့ဒုံးက်ည္ေတြနဲ႔ ခ်ိန္႐ြယ္ထားတယ္လို႔ ေဖာ္ျပခဲ့ဖူးပါတယ္။

© 2021. All rights reserved.