ဂျိုးဘိုင်ဒန်ကို ပါတီသမ္မတလောင်းအဖြစ်ကနေ ဆက်လက်မပါဝင်ဖို့ ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ်တွေ ကြိုးပမ်း

 843

ဂျန်ဇက် (NP News) - ဇူလိုင် ၄

ဒီမိုကရက်တစ်ပါတီလွှတ်တော်ကိုယ်စားလှယ်တွေဟာသမ္မတဂျိုးဘိုင်ဒန်ကိုသမ္မတရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင် မယ့်အစီအစဉ်ကနေ ဖယ်ထုတ်ဖို့ လိုလားနေတယ်လို့ဆိုပါတယ်။ ရီပတ်ဘလီကန်ပါတီရဲ့သမ္မတလောင်း ဒေါ်နယ်ထရမ့်နဲ့ပြုလုပ်တဲ့ စကားစစ်ထိုးပွဲမှာဝေဖန်ပြစ်မှုများ ရင်ဆိုင်ခဲ့ပြီးနောက် ဒီမိုကရက်တစ်ပါတီ လွှတ်တော် ကိုယ်စားလှယ်များက ဂျိုးဘိုင်ဒန်ကို ပါတီသမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်ခြင်းမလုပ်ဖို့ လိုလားနေခဲ့တယ်လို့ ဆိုပါတယ်။

ဒီမိုကရက်တစ်ပါတီမှာ သြဇာကြီးမားတဲ့ပါတီခေါင်းဆောင်များဖြစ် နန်စီပလိုစီနဲ့ ဂျင်ကလိုင်ဘမ်တို့ အပါအဝင် အခြားထိပ်တန်းခေါင်းဆောင်တွေဟာ ဂျိုးဘိုင်ဒန်ရဲ့စိတ်ပိုင်းဆိုင်ရာအခြေနေများကို ဆွေးနွေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဂျိုးဘိုင်ဒန်ဟာ လက်ရှိအချိန်မှာအသက် ၈၁ နှစ်အရွယ်ရှိနေပြီး ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေက ပုံမှန်မဟုတ်တော့ကြောင်း ပြစ်တင်မှုတွေလည်း ရှိနေပါတယ်။ ဒီမိုကရက်တစ်ပါတီကို အားပေးထောက်ခံတဲ့ အလှူရှင်ပုဂ္ဂိုလ်တွေကလည်း ဂျိုးဘိုင်ဒန်ကို ဒိမိုကရက်တစ်ပါတီသမ္မတလောင်းအဖြစ်ကနေ ထုတ်ပယ်ပြီး အခြားသူတစ်ဦးနဲ့အစားထိုးဖို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ တိုက်တွန်းတောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဂျိုးဘိုင်ဒန်ကတော့ သမ္မတရာထူးက နုတ်ထွက်မှာမဟုတ်သလို သမ္မတလောင်းရာထူးကလည်း ဖယ်ရှားခံမှာ မဟုတ်ကြောင်း ပြောဆိုထားရာအငြင်းပွားမှုတွေ ဖြစ်ပွားနေပါတယ်။ ဂျိုးဘိုင်ဒန်ရဲ့မိသားစုကလည်း ဂျိုးဘိုင်ဒန်ကို သမ္မတလောင်းအဖြစ် ဆက်လက်ပါဝင်ယှဉ်ပြိုင်ဖို့ အားပေးထောက်ခံထားကြောင်း သိရပါတယ်။

Zawgyi Version;
ဂျန်ဇက် (NP News) - ဇူလိုင် ၎





Related news

© 2021. All rights reserved.