ယူကရိန်းအပစ်အခတ်ရပ်စဲရေးကို ဘယ်တော့မှ ထောက်ခံမှာမဟုတ်ဘူးလို့ ဂျာမနီအစိုးရပြော

 1838

Pika (NP News) - ဇူလိုင် ၄

ဂျာမနီနိုင်ငံဟာ ယူကရိန်းက ရှုံးနိမ့်တယ်လို့ ဝန်ခံတာကို တွေ့မြင်ရမယ့် အပစ်အခတ်ရပ်စဲရေးတောင်းဆိုချက် တွေကို ထောက်ခံမှာမဟုတ်ဘူးလို့ ဂျာမန်အဓိပတိအိုလက်ဖ်ရှိုးလ်က ပြောကြားခဲ့ပါတယ်။

ရုရှား-ယူကရိန်းပဋိပက္ခမှာ ဂျာမနီရဲ့ပါဝင်ပတ်သက်မှုနဲ့အပစ်အခတ်ရပ်စဲရေးဖြစ်နိုင်ခြေတွေကို လက်ဝဲအမတ် Gesine Loetzsch က အိုလက်ဖ်ရှိုးလ်ကို မေးမြန်းခဲ့တယ်လို့လည်း သိရပါတယ်။ အိုလက်ဖ်ရှိုးလ်က “ကျွန်တော့်အမြင်အရဆိုရင်တော့ ယူကရိန်းကလက်နက်ချမှာကို တွေ့မြင်ရမယ့် အပစ်အခတ်ရပ်စဲရေးကို ဂျာမနီက ထောက်ခံမှာမဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။

ဒါ့ပြင် ရုရှားသမ္မတပူတင်ရဲ့အပစ်အခတ်ရပ်စဲရေးကမ်းလှမ်းချက်တွေဟာ ယူကရိန်းက လက်နက်ချအညံ့ခံပေးရ မယ့် ကမ်းလှမ်းချက်တွေသာဖြစ်တယ်လို့ အိုလက်ဖ်ရှိုးလ်က ဝေဖန်ပြောဆိုခဲ့ပါတယ်။ ၎င်းက “ပူတင်ဟာ စစ်ပွဲကို ဆက်လက်ဖြစ်ပွားနေစေချင်တာမလို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအကြောင်းကိုပဲ အမြဲပြောနေတာပါ။ ကျွန်တော်တို့ အဲဒါမျိုးကို ခွင့်ပြုမှာ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့လမှာ ရုရှားသမ္မတပူတင်ဟာ ယူကရိန်းနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်နိုင်မယ့် အခြေအနေတွေ အများအပြားကို ထုတ်ဖော်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ယူကရိန်းတပ်ဖွဲ့တွေဟာ ရုရှားနဲ့ပူးပေါင်းခဲ့တဲ့ နယ်မြေလေးခုက ၎င်းတို့ရဲ့တပ်ဖွဲ့တွေကို ရုတ်သိမ်းပြီး နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ဖို့ မကြိုးပမ်းတော့ဘူးဆိုရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ဆောင်သွားမယ်လို့ ပူတင်က ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ပူတင်ရဲ့ ကမ်းလှမ်းချက်တွေကို ယူကရိန်းသမ္မတဇီလန်စကီးက ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ယူကရိန္းအပစ္အခတ္ရပ္စဲေရးကို ဘယ္ေတာ့မွ ေထာက္ခံမွာမဟုတ္ဘူးလို႔ ဂ်ာမနီအစိုးရေျပာ
Pika (NP News) - ဇူလိုင္ ၄

ဂ်ာမနီႏိုင္ငံဟာ ယူကရိန္းက ရႈံးနိမ့္တယ္လို႔ ဝန္ခံတာကို ေတြ႕ျမင္ရမယ့္ အပစ္အခတ္ရပ္စဲေရးေတာင္းဆိုခ်က္ ေတြကို ေထာက္ခံမွာမဟုတ္ဘူးလို႔ ဂ်ာမန္အဓိပတိအိုလက္ဖ္ရႈိးလ္က ေျပာၾကားခဲ့ပါတယ္။

႐ုရွား-ယူကရိန္းပဋိပကၡမွာ ဂ်ာမနီရဲ႕ပါဝင္ပတ္သက္မႈနဲ႔အပစ္အခတ္ရပ္စဲေရးျဖစ္ႏိုင္ေျခေတြကို လက္ဝဲအမတ္ Gesine Loetzsch က အိုလက္ဖ္ရႈိးလ္ကို ေမးျမန္းခဲ့တယ္လို႔လည္း သိရပါတယ္။ အိုလက္ဖ္ရႈိးလ္က “ကြၽန္ေတာ့္အျမင္အရဆိုရင္ေတာ့ ယူကရိန္းကလက္နက္ခ်မွာကို ေတြ႕ျမင္ရမယ့္ အပစ္အခတ္ရပ္စဲေရးကို ဂ်ာမနီက ေထာက္ခံမွာမဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။

ဒါ့ျပင္ ႐ုရွားသမၼတပူတင္ရဲ႕အပစ္အခတ္ရပ္စဲေရးကမ္းလွမ္းခ်က္ေတြဟာ ယူကရိန္းက လက္နက္ခ်အညံ့ခံေပးရ မယ့္ ကမ္းလွမ္းခ်က္ေတြသာျဖစ္တယ္လို႔ အိုလက္ဖ္ရႈိးလ္က ေဝဖန္ေျပာဆိုခဲ့ပါတယ္။ ၎က “ပူတင္ဟာ စစ္ပြဲကို ဆက္လက္ျဖစ္ပြားေနေစခ်င္တာမလို႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြအေၾကာင္းကိုပဲ အၿမဲေျပာေနတာပါ။ ကြၽန္ေတာ္တို႔ အဲဒါမ်ိဳးကို ခြင့္ျပဳမွာ မဟုတ္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။

ၿပီးခဲ့တဲ့လမွာ ႐ုရွားသမၼတပူတင္ဟာ ယူကရိန္းနဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ စတင္ႏိုင္မယ့္ အေျခအေနေတြ အမ်ားအျပားကို ထုတ္ေဖာ္ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ ယူကရိန္းတပ္ဖြဲ႕ေတြဟာ ႐ုရွားနဲ႔ပူးေပါင္းခဲ့တဲ့ နယ္ေျမေလးခုက ၎တို႔ရဲ႕တပ္ဖြဲ႕ေတြကို ႐ုတ္သိမ္းၿပီး ေနတိုးအဖြဲ႕ဝင္ႏိုင္ငံအျဖစ္ပါဝင္ဖို႔ မႀကိဳးပမ္းေတာ့ဘူးဆိုရင္ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ လုပ္ေဆာင္သြားမယ္လို႔ ပူတင္က ကမ္းလွမ္းခဲ့ပါတယ္။ ဒါေပမယ့္လည္း ပူတင္ရဲ႕ ကမ္းလွမ္းခ်က္ေတြကို ယူကရိန္းသမၼတဇီလန္စကီးက ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။

© 2021. All rights reserved.