ဗန်းမော် အပါအဝင် မြို့(၁၁)မြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ရောက်ရှိနိုင်၍ သတိပြုနေထိုင်ကြရန် မိုးဇလ အသိပေး

 727

စော (NP News) - ဇူလိုင် ၇

ဗန်းမော် အပါအဝင် မြို့(၁၁)မြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိနိုင်၍ သတိပြုနေထိုင်ကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (ဇူလိုင်လ ၄ ရက်) တွင် အသိပေးထုတ်ပြန်ထားသည်။

မိုးဇလ၏ တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် ကချင်ပြည်နယ်ရှိ ဗန်းမော်၊ ရွှေကူ နှင့် စစ်ကိုင်းတိုင်းဒေသကြီးရှိ ကသာမြို့တို့တွင် နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပြီး ချင်းတွင်းမြစ်ရေသည် လည်း စစ်ကိုင်းတိုင်းဒေသကြီးရှိ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင် နှင့် မော်လိုက်မြို့တို့တွင် နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် ချင်းတွင်းမြစ်ရေသည် စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးဝမြို့ ၊ မင်းကင်းမြို့တွင် နောက် (၃)ရက်အတွင်း နှင့် မုံရွာမြို့တွင် နောက် (၂)ရက်အတွင်း စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးဇလ၏ အချက် အလက်များအရ သိရသည်။

အလားတူ နန့်ယင်းချောင်းနှင့် နန့်ကောင်းချောင်းရေသည် ကချင်ပြည်နယ်ရှိ မိုးကောင်းမြို့တွင် နောက်တစ်ရက် အတွင်း စိုးရိမ်‌ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

“ကိုယ့်ရပ်ရွာ၊ ကိုယ့်ဒေသ ရေကြီးတော့မယ်၊ စိုးရိမ်ရေမှတ်ရောက်တော့မယ်လို့ သတိပေးသံကြားရင် အရေးကြီးတဲ့ စာရွက်စာတန်းတွေ ထုတ်ပိုးသိမ်းဆည်းထားမယ်။ နောက် စားစရာသောက်စရာ ၊ အဓိကက ရေတို့၊ ဆေးဝါး၊ လက်နှိပ်ဓာတ်မီး၊ အထွေထွေသုံးပစ္စည်းတွေ စသဖြင့် ကြိုတင် သိမ်းဆည်းထားဖို့ လိုတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူး ဦးလှထွန်းက NP News ကို ပြောသည်။

ထိုသို့ စိုးရိမ်ရေမှတ်ထက် ရောက်ရှိနိုင်သည့် ဗန်းမော်၊ ရွှေကူ၊ ကသာ၊ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မိုးကောင်း နှင့် မုံရွာမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီး နှင့် မြေနိမ့်ပိုင်းတို့တွင် နေထိုင်သူများ အနေဖြင့် အထူးသတိပြုကြရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတိပေးထုတ်ပြန်ထားသည်။

Zawgyi Version;
ဗန္းေမာ္ အပါအဝင္ ၿမိဳ႕(၁၁)ၿမိဳ႕တြင္ စိုးရိမ္ေရမွတ္အထက္သို႔ေရာက္ရွိႏိုင္၍ သတိျပဳေနထိုင္ၾကရန္ မိုးဇလ အသိေပး
ေစာ (NP News) - ဇူလိုင္ ၇

ဗန္းေမာ္ အပါအဝင္ ၿမိဳ႕(၁၁)ၿမိဳ႕တြင္ စိုးရိမ္ေရမွတ္အထက္သို႔ ေရာက္ရွိႏိုင္၍ သတိျပဳေနထိုင္ၾကရန္ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ယေန႔ (ဇူလိုင္လ ၄ ရက္) တြင္ အသိေပးထုတ္ျပန္ထားသည္။

မိုးဇလ၏ တိုင္းထြာခ်က္အရ ဧရာဝတီျမစ္ေရသည္ ကခ်င္ျပည္နယ္ရွိ ဗန္းေမာ္၊ ေ႐ႊကူ ႏွင့္ စစ္ကိုင္းတိုင္းေဒသႀကီးရွိ ကသာၿမိဳ႕တို႔တြင္ ေနာက္တစ္ရက္အတြင္း စိုးရိမ္ေရမွတ္အထက္ ဆက္လက္တည္ရွိႏိုင္ၿပီး ခ်င္းတြင္းျမစ္ေရသည္ လည္း စစ္ကိုင္းတိုင္းေဒသႀကီးရွိ ခႏၲီး၊ ဟုမၼလင္း၊ ေဖာင္းျပင္ ႏွင့္ ေမာ္လိုက္ၿမိဳ႕တို႔တြင္ ေနာက္တစ္ရက္အတြင္း စိုးရိမ္ေရမွတ္အထက္ ဆက္လက္တည္ရွိႏိုင္ေၾကာင္း ထုတ္ျပန္ထားသည္။

ထို႔ျပင္ ခ်င္းတြင္းျမစ္ေရသည္ စစ္ကိုင္းတိုင္းေဒသႀကီးရွိ ကေလးဝၿမိဳ႕ ၊ မင္းကင္းၿမိဳ႕တြင္ ေနာက္ (၃)ရက္အတြင္း ႏွင့္ မုံ႐ြာၿမိဳ႕တြင္ ေနာက္ (၂)ရက္အတြင္း စိုးရိမ္ေရမွတ္အထက္ ဆက္လက္တည္ရွိႏိုင္ေၾကာင္း မိုးဇလ၏ အခ်က္ အလက္မ်ားအရ သိရသည္။

အလားတူ နန္႔ယင္းေခ်ာင္းႏွင့္ နန႔္ေကာင္းေခ်ာင္းေရသည္ ကခ်င္ျပည္နယ္ရွိ မိုးေကာင္းၿမိဳ႕တြင္ ေနာက္တစ္ရက္ အတြင္း စိုးရိမ္‌ေရမွတ္အထက္ ဆက္လက္တည္ရွိႏိုင္ေၾကာင္း သိရသည္။

“ကိုယ့္ရပ္႐ြာ၊ ကိုယ့္ေဒသ ေရႀကီးေတာ့မယ္၊ စိုးရိမ္ေရမွတ္ေရာက္ေတာ့မယ္လို႔ သတိေပးသံၾကားရင္ အေရးႀကီးတဲ့ စာ႐ြက္စာတန္းေတြ ထုတ္ပိုးသိမ္းဆည္းထားမယ္။ ေနာက္ စားစရာေသာက္စရာ ၊ အဓိကက ေရတို႔၊ ေဆးဝါး၊ လက္ႏွိပ္ဓာတ္မီး၊ အေထြေထြသုံးပစၥည္းေတြ စသျဖင့္ ႀကိဳတင္ သိမ္းဆည္းထားဖို႔ လိုတယ္” ဟု မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားေရးမႉး ဦးလွထြန္းက NP News ကို ေျပာသည္။

ထိုသို႔ စိုးရိမ္ေရမွတ္ထက္ ေရာက္ရွိႏိုင္သည့္ ဗန္းေမာ္၊ ေ႐ႊကူ၊ ကသာ၊ ခႏၲီး၊ ဟုမၼလင္း၊ ေဖာင္းျပင္၊ ေမာ္လိုက္၊ ကေလးဝ၊ မင္းကင္း၊ မိုးေကာင္း ႏွင့္ မုံ႐ြာၿမိဳ႕နယ္မ်ားအတြင္းရွိ ျမစ္ကမ္းအနီး ႏွင့္ ေျမနိမ့္ပိုင္းတို႔တြင္ ေနထိုင္သူမ်ား အေနျဖင့္ အထူးသတိျပဳၾကရန္ မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ သတိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.