တိုက်ပွဲဖြစ်ပွားနေသည့် လားရှိုးမြို့မှ မြို့ခံများ စိုးရိမ်စိတ်ပိုမိုကြီးမားလာပြီး တိမ်းရှောင်သူအရေအတွက် ပိုမိုများပြားလာ

 2618

သန့်ဇင် (NP News) - ဇူလိုင် ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် တိုက်ပွဲများကြောင့် မြို့ခံများ စိုးရိမ်စိတ်ပိုမိုကြီးမားလာပြီး တိမ်းရှောင် သူအရေအတွက် ပိုမိုများပြားလာ NP News က မြို့ခံများထံ ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။

MNDAA နှင့်ပူးပေါင်းအဖွဲ့က ဇူလိုင်လ ၂ ရက်မှစတင်ကာ လားရှိုးမြို့သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး ဇူလိုင် ၃ ရက်၊ ၄ ရက် (၂)တာကလအတွင်း လက်နက်ကြီးထိမှန်၍ သေဆုံးသူ (၁၀)ဦးခန့်ရှိနေပြီဖြစ် ကြောင်း NP News က ကနဦးရရှိထားသည့် သတင်းအချက်အလက်များအရ သိရသည်။

“အခုတိုက်ပွဲဖြစ်တဲ့နေရာ အိမ်နဲ့နီးတယ်။ လက်နက်ကြီးပစ်သံတွေလည်း ကြားနေရတယ်။ ကိုယ့်အိမ်ကိုမှာလည်း အသက်အန္တရာယ်ကို လုံခြုံအောင်လုပ်ထားရတာပေါ့။ မြို့ကနေပြီးတော့ တိမ်းရှောင်သွားတဲ့လူတွေလည်း ရှိတယ်။ အစကမပြေးဘူးဆိုတဲ့လူတွေလည်း ရှောင်ဖို့စဉ်းစားလာကြတယ်။ လားရှိုး-မန္တလေး၊ လားရှိုး-တောင်ကြီး ကား အသေးလေးတွေ ပြေးဆွဲပေးနေတာမျိုးတွေရှိတယ်” ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။
လားရှိုးမြို့ခံများအနေဖြင့် MNDAA နှင့် ပူးပေါင်းအဖွဲ့က မြို့တွင်းတိုက်ပွဲများဖော်ဆောင်လာမည်ကို စိုးရိမ်နေကြပြီး လက်နက်ကြီးသံများကြောင့်လည်း ပိုမိုထိတ်လန့်မှုများဖြစ်လာကြကြောင်း သိရသည်။

“တော်တော်များများထွက်ကုန်ကြပြီ။ မနက်တုန်းကတော့ အလံဖြူတွေထောင်ပြီးထွက်ကြတာများတယ်။ လမ်းတွေလည်း ပြန်ဖွင့်ကြတယ်။ မြို့ပြင်ရောက်ရင်တော့ စဉ့်အင်ဘက်ကနေ ဖောင်နဲ့ပဲသွားကြတာ။ ဖောင်နဲ့ပဲ သီပေါတို့ဘက်ကို ပြန်သွားကြတာ။ မြို့ခံပြည်သူကတော့ စိုးရိမ်မှုကတော့ ရှိတာပေါ့။ တကယ်ဖြစ်လာရင်တော့ ပြည်သူတွေကတော့ မလွယ်ပါဘူး။ အပြောင်းအရွေ့ကတော့ တိုက်ပွဲဖြစ်မယ်ဆိုတဲ့ သတင်းရတည်းက ပြောင်းကြ တာပေါ့နော်။ တချို့ကလည်း နောက်ဆုံးအခြေအနေကြမှပဲ ထွက်ဖို့ များပါတယ်” ဟု အခြားမြို့ခံတစ်ဦးက ပြောသည်။

လားရှိုးမြို့သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်သော မြို့တော်တစ်ခုဖြစ်ပြီး စီးပွားရေးအခွင့်လမ်းကောင်းများစွာလည်း ရှိခဲ့ကာ တိုက်ပွဲအလွန်ကာလတွင် မြို့၏ စီးပွားရေးအခြေအနေ ကျဆင်းသွားမည်ကို မြို့ခံများအကြား စိုးရိမ် ပူပန်မှုများရှိနေသည်။

Zawgyi Version;
တိုက္ပြဲျဖစ္ပြားေနသည့္ လားရႈိးၿမိဳ႕မွ ၿမိဳ႕ခံမ်ား စိုးရိမ္စိတ္ပိုမိုႀကီးမားလာၿပီး တိမ္းေရွာင္သူအေရအတြက္ ပိုမိုမ်ားျပားလာ

သန႔္ဇင္ (NP News) - ဇူလိုင္ ၄

ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ လားရႈိးၿမိဳ႕တြင္ တိုက္ပြဲမ်ားေၾကာင့္ ၿမိဳ႕ခံမ်ား စိုးရိမ္စိတ္ပိုမိုႀကီးမားလာၿပီး တိမ္းေရွာင္ သူအေရအတြက္ ပိုမိုမ်ားျပားလာ NP News က ၿမိဳ႕ခံမ်ားထံ ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရသည္။

MNDAA ႏွင့္ပူးေပါင္းအဖြဲ႕က ဇူလိုင္လ ၂ ရက္မွစတင္ကာ လားရႈိးၿမိဳ႕သို႔ လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ ျခင္းျဖစ္ၿပီး ဇူလိုင္ ၃ ရက္၊ ၄ ရက္ (၂)တာကလအတြင္း လက္နက္ႀကီးထိမွန္၍ ေသဆုံးသူ (၁၀)ဦးခန႔္ရွိေနၿပီျဖစ္ ေၾကာင္း NP News က ကနဦးရရွိထားသည့္ သတင္းအခ်က္အလက္မ်ားအရ သိရသည္။

“အခုတိုက္ပြဲျဖစ္တဲ့ေနရာ အိမ္နဲ႔နီးတယ္။ လက္နက္ႀကီးပစ္သံေတြလည္း ၾကားေနရတယ္။ ကိုယ့္အိမ္ကိုမွာလည္း အသက္အႏၲရာယ္ကို လုံၿခဳံေအာင္လုပ္ထားရတာေပါ့။ ၿမိဳ႕ကေနၿပီးေတာ့ တိမ္းေရွာင္သြားတဲ့လူေတြလည္း ရွိတယ္။ အစကမေျပးဘူးဆိုတဲ့လူေတြလည္း ေရွာင္ဖို႔စဥ္းစားလာၾကတယ္။ လားရႈိး-မႏၲေလး၊ လားရႈိး-ေတာင္ႀကီး ကား အေသးေလးေတြ ေျပးဆြဲေပးေနတာမ်ိဳးေတြရွိတယ္” ဟု လားရႈိးၿမိဳ႕ခံတစ္ဦးက ေျပာသည္။
လားရႈိးၿမိဳ႕ခံမ်ားအေနျဖင့္ MNDAA ႏွင့္ ပူးေပါင္းအဖြဲ႕က ၿမိဳ႕တြင္းတိုက္ပြဲမ်ားေဖာ္ေဆာင္လာမည္ကို စိုးရိမ္ေနၾကၿပီး လက္နက္ႀကီးသံမ်ားေၾကာင့္လည္း ပိုမိုထိတ္လန႔္မႈမ်ားျဖစ္လာၾကေၾကာင္း သိရသည္။

“ေတာ္ေတာ္မ်ားမ်ားထြက္ကုန္ၾကၿပီ။ မနက္တုန္းကေတာ့ အလံျဖဴေတြေထာင္ၿပီးထြက္ၾကတာမ်ားတယ္။ လမ္းေတြလည္း ျပန္ဖြင့္ၾကတယ္။ ၿမိဳ႕ျပင္ေရာက္ရင္ေတာ့ စဥ့္အင္ဘက္ကေန ေဖာင္နဲ႔ပဲသြားၾကတာ။ ေဖာင္နဲ႔ပဲ သီေပါတို႔ဘက္ကို ျပန္သြားၾကတာ။ ၿမိဳ႕ခံျပည္သူကေတာ့ စိုးရိမ္မႈကေတာ့ ရွိတာေပါ့။ တကယ္ျဖစ္လာရင္ေတာ့ ျပည္သူေတြကေတာ့ မလြယ္ပါဘူး။ အေျပာင္းအေ႐ြ႕ကေတာ့ တိုက္ပြဲျဖစ္မယ္ဆိုတဲ့ သတင္းရတည္းက ေျပာင္းၾက တာေပါ့ေနာ္။ တခ်ိဳ႕ကလည္း ေနာက္ဆုံးအေျခအေနၾကမွပဲ ထြက္ဖို႔ မ်ားပါတယ္” ဟု အျခားၿမိဳ႕ခံတစ္ဦးက ေျပာသည္။

လားရႈိးၿမိဳ႕သည္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေသာ ၿမိဳ႕ေတာ္တစ္ခုျဖစ္ၿပီး စီးပြားေရးအခြင့္လမ္းေကာင္းမ်ားစြာလည္း ရွိခဲ့ကာ တိုက္ပြဲအလြန္ကာလတြင္ ၿမိဳ႕၏ စီးပြားေရးအေျခအေန က်ဆင္းသြားမည္ကို ၿမိဳ႕ခံမ်ားအၾကား စိုးရိမ္ ပူပန္မႈမ်ားရွိေနသည္။

© 2021. All rights reserved.