အင်ဒိုနီးရှားနဲ့မလေးရှားက ဂါဇာဒေသကို ငြိမ်းချမ်းရေးတပ်ဖွဲ့တွေစေလွှတ်ဖို့ အဆင့်သင့်ရှိနေ

 1051

ဂျန်ဇက် (NP News) - ဇူလိုင် ၂

ဂါဇာဒေသမှာဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့က လုပ်ပိုင်ခွင့်များရမယ်ဆိုရင် ငြိမ်းချမ်းရေးတပ်ဖွဲ့များ စေလွှတ်ပေးလိုတယ်လို့ မလေးရှားဝန်ကြီးချုပ် အီဘရာဟင်အန်ဝါက အင်ဒိုနီးရှား သမ္မတနဲ့တွေ့ဆုံဆွေးနွေးပြီးနောက် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အင်ဒိုနီးရှားသမ္မတနဲ့ မလေးရှားဝန်ကြီးချုပ်တို့ဟာ သုံးမိနစ်ကြာတွေ့ဆုံဆွေးနွေးခဲ့ပြီး ဂါဇာဒေသကို နှစ်နိုင်ငံစလုံးရဲ့ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေစေလွှတ်ဖို့နဲ့ အာဆီယံဒေသအတွင်းနိုင်ငံတွေအထိ တိုးချဲ့လုပ်ကိုင်သွားဖို့ဆွေးနွေးခဲ့ပါတယ်။ မလေးရှား နဲ့ အင်ဒိုနီးရှားနိုင်ငံက တပ်ဖွဲ့ဝင်တွေအပြင် အရပ်သားလူပုဂ္ဂိုလ်တွေဟာ ကုလသမဂ္ဂငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ တပ်ဖွဲ့တွေမှာပါဝင်လုပ်ကိုင်ဖူးတဲ့အတွေ့ကြုံရှိကြပါတယ်။ အစ္စရေးနဲ့ဟားမက်စ်လက်နက် ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ ဂါဇာစစ်ပွဲဟာ အချိန် ၉ လနီးပါးရှိလာချိန်အထိ အပစ်ခတ်ရပ်စဲရေး မရဘဲဖြစ်နေရာနိုင်ငံတကာ ဝိုင်းဝန်းဖိအားပေးနေဆဲဖြစ်ပါတယ်။

မလေးရှားဝန်ကြီးချုပ်က "မလေးရှားနဲ့အင်ဒိုနီးရှားတို့ ပူးပေါင်းပြီး ငြိမ်းချမ်းရေးတပ်ဖွဲ့များ ဂါဇာဒေသကို စေလွှတ်ဖို့ လိုလားနေတယ်။ အဲဒီအစီအစဉ်ကိုလည်း ကြိုဆိုလက်ခံသလိုအာဆီယံဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရေးကိုလည်း ဆွေးနွေးခဲ့တယ်"လို့ပြောပါတယ်။မလေးရှားဝန်ကြီးချုပ် နဲ့ အင်ဒိုနီးရှားသမ္မတတို့ ဖုန်းဆက်ဆွေးနွေးချိန်အတွင်း ကမ္ဘာ့ရေးရာအခြေအနေများကိုထည့်သွင်းဆွေးနွေးခဲ့သလို ၂၀၂၅ ခုနှစ်မှာမလေးရှားက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့် အစီအစဉ်ကိုလည်း ဆွေးနွေးခဲ့ကြောင်းသိရပါတယ်။

zawgyi version
အင္ဒိုနီးရွားနဲ႔မေလးရွားက ဂါဇာေဒသကို ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ေတြေစလႊတ္ဖို႔ အဆင့္သင့္ရွိေန
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂

ဂါဇာေဒသမွာျဖစ္ပြားေနတဲ့ စစ္ပြဲေတြနဲ႔ပတ္သက္ၿပီး ကုလသမဂၢအဖြဲ႕က လုပ္ပိုင္ခြင့္မ်ားရမယ္ဆိုရင္ ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕မ်ား ေစလႊတ္ေပးလိုတယ္လို႔ မေလးရွားဝန္ႀကီးခ်ဳပ္ အီဘရာဟင္အန္ဝါက အင္ဒိုနီးရွား သမၼတနဲ႔ေတြ႕ဆုံေဆြးေႏြးၿပီးေနာက္ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အင္ဒိုနီးရွားသမၼတနဲ႔ မေလးရွားဝန္ႀကီးခ်ဳပ္တို႔ဟာ သုံးမိနစ္ၾကာေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး ဂါဇာေဒသကို ႏွစ္ႏိုင္ငံစလုံးရဲ႕ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ဝင္ေတြေစလႊတ္ဖို႔နဲ႔ အာဆီယံေဒသအတြင္းႏိုင္ငံေတြအထိ တိုးခ်ဲ႕လုပ္ကိုင္သြားဖို႔ေဆြးေႏြးခဲ့ပါတယ္။ မေလးရွား နဲ႔ အင္ဒိုနီးရွားႏိုင္ငံက တပ္ဖြဲ႕ဝင္ေတြအျပင္ အရပ္သားလူပုဂၢိဳလ္ေတြဟာ ကုလသမဂၢၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြနဲ႔ တပ္ဖြဲ႕ေတြမွာပါဝင္လုပ္ကိုင္ဖူးတဲ့အေတြ႕ႀကဳံရွိၾကပါတယ္။ အစၥေရးနဲ႔ဟားမက္စ္လက္နက္ ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနတဲ့ ဂါဇာစစ္ပြဲဟာ အခ်ိန္ ၉ လနီးပါးရွိလာခ်ိန္အထိ အပစ္ခတ္ရပ္စဲေရး မရဘဲျဖစ္ေနရာႏိုင္ငံတကာ ဝိုင္းဝန္းဖိအားေပးေနဆဲျဖစ္ပါတယ္။

မေလးရွားဝန္ႀကီးခ်ဳပ္က "မေလးရွားနဲ႔အင္ဒိုနီးရွားတို႔ ပူးေပါင္းၿပီး ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕မ်ား ဂါဇာေဒသကို ေစလႊတ္ဖို႔ လိုလားေနတယ္။ အဲဒီအစီအစဥ္ကိုလည္း ႀကိဳဆိုလက္ခံသလိုအာဆီယံေဒသအတြင္း ပူးေပါင္းေဆာင္႐ြက္မႈတိုးခ်ဲ႕ေရးကိုလည္း ေဆြးေႏြးခဲ့တယ္"လို႔ေျပာပါတယ္။မေလးရွားဝန္ႀကီးခ်ဳပ္ နဲ႔ အင္ဒိုနီးရွားသမၼတတို႔ ဖုန္းဆက္ေဆြးေႏြးခ်ိန္အတြင္း ကမာၻ႔ေရးရာအေျခအေနမ်ားကိုထည့္သြင္းေဆြးေႏြးခဲ့သလို ၂၀၂၅ ခုႏွစ္မွာမေလးရွားက အာဆီယံအလွည့္က်ဥကၠ႒အျဖစ္ တာဝန္ယူမယ့္ အစီအစဥ္ကိုလည္း ေဆြးေႏြးခဲ့ေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.