ဖိလစ်ပိုင်၏ ရန်စမှုများကို ထောက်ခံနေခြင်းမှ ရပ်တန့် အမေရိကန်ကို တရုတ်အစိုးရတိုက်တွန်း

 330

Pika (NP News) - ဇူလိုင် ၂

တောင်တရုတ်ပင်လယ်အတွင်း၌ ဖိလစ် ပိုင်၏ ရန်စမှုများကို ထောက်ခံနေခြင်းများ ရပ်တန့်ရန် အမေရိကန်အစိုးရကို တရုတ်အစိုးရက ဇွန်လ (၂၈) ရက်နေ့တွင် တိုက်တွန်းခဲ့ကြောင်းသိရသည်။ တောင်တရုတ်ပင်လယ်အတွင်း တရုတ်၏ မတည်မငြိမ်ဖြစ်စေသောလုပ်ရပ်များနှင့်ပတ်သက်ပြီး စိုးရိမ်မိကြောင်း အမေရိကန်နိုင်ငံခြားရေးဒုဝန်ကြီး ကာ့တ်ကမ့်ဘဲလ်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် တရုတ်ဘက်က တိုက်တွန်းမှုများထွက်ပေါ်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တရုတ်နှင့် ဖိ လစ်ပိုင်တို့၏ သင်္ဘောများသည် Second Tho mas Shoal ကျွန်းအနီးတွင် တိုက်မိမှုများဖြစ်ပွားခဲ့ပြီး နောက် နှစ်ဖက်စလုံးက အပြန်အလှန်ပြစ်တင်ဝေဖန်မှုများလုပ်ဆောင်ခဲ့ကြသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ မာအိုနင်က 'အမေရိကန်နိုင်ငံဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ရန်စမှုတွေကို ထောက်ခံနေတာတွေရပ် တန့်ပြီး တောင်တရုတ်ပင်လယ်အတွင်းမှာ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးကို ကာကွယ်ဖို့အတွက် လက်တွေ့ကျတဲ့လုပ်ရပ်တွေကို လုပ်ဆောင်သင့်ပါတယ်'ဟုပြောဆိုခဲ့သည်။

ပြီးခဲ့သည့်ဇွန်လ(၁၇)ရက်နေ့တွင် ဖိလစ် ပိုင်ရေတပ်သင်္ဘောတစ်စင်းကို တရုတ်ကမ်းခြေစောင့် တပ်ဖွဲ့သင်္ဘောက ဝင်တိုက်မိခဲ့ပြီးနောက် ဖိလစ်ပိုင် ရေတပ် တပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဖူး ကြောင်းသိရသည်။ ဇွန်လ(၂၇)ရက်နေ့တွင် ကာ့တ်ကမ့်ဘဲလ်သည် တရုတ်နိုင်ငံခြားရေး ဒုဝန်ကြီး Ma Zhaoxu နှင့် ဖုန်းခေါ်ဆိုမှုအတွင်း ၎င်း၏စိုးရိမ်မှုများကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အဆိုပါနေ့မတိုင်မီက အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီအကြံပေး ဂျိတ်ဆူလီဗန်နှင့် ဖိလစ်ပိုင်အမျိုးသားလုံခြုံရေးကောင်စီ အကြံပေး Eduardo Anoတို့သည် တရုတ်နိုင်ငံ၏ အန္တရာယ် ရှိသောလုပ်ရပ်များနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများကို မျှဝေဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။ တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်ဆိုင်ကြောင်း တရုတ်ဘက်က ပြောဆိုထားသလို ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေး ရှားနှင့် ဘရူနိုင်းနိုင်ငံတို့ကလည်း တောင်တရုတ်ပင်လယ်အတွင်း တစ်စိတ်တစ်ပိုင်းကို ၎င်းတို့ ပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုထားကြသည်။

zawgyi version
ဖိလစ္ပိုင္၏ ရန္စမႈမ်ားကို ေထာက္ခံေနျခင္းမွ ရပ္တန႔္ အေမရိကန္ကို တ႐ုတ္အစိုးရတိုက္တြန္း
Pika (NP News) - ဇူလိုင္ ၂

ေတာင္တ႐ုတ္ပင္လယ္အတြင္း၌ ဖိလစ္ ပိုင္၏ ရန္စမႈမ်ားကို ေထာက္ခံေနျခင္းမ်ား ရပ္တန႔္ရန္ အေမရိကန္အစိုးရကို တ႐ုတ္အစိုးရက ဇြန္လ (၂၈) ရက္ေန႔တြင္ တိုက္တြန္းခဲ့ေၾကာင္းသိရသည္။ ေတာင္တ႐ုတ္ပင္လယ္အတြင္း တ႐ုတ္၏ မတည္မၿငိမ္ျဖစ္ေစေသာလုပ္ရပ္မ်ားႏွင့္ပတ္သက္ၿပီး စိုးရိမ္မိေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဒုဝန္ႀကီး ကာ့တ္ကမ့္ဘဲလ္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ တ႐ုတ္ဘက္က တိုက္တြန္းမႈမ်ားထြက္ေပၚလာျခင္း ျဖစ္သည္။

ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း တ႐ုတ္ႏွင့္ ဖိ လစ္ပိုင္တို႔၏ သေဘၤာမ်ားသည္ Second Tho mas Shoal ကြၽန္းအနီးတြင္ တိုက္မိမႈမ်ားျဖစ္ပြားခဲ့ၿပီး ေနာက္ ႏွစ္ဖက္စလုံးက အျပန္အလွန္ျပစ္တင္ေဝဖန္မႈမ်ားလုပ္ေဆာင္ခဲ့ၾကသည္။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရး ဆိုခြင့္ရွိသူ မာအိုနင္က 'အေမရိကန္ႏိုင္ငံဟာ ဖိလစ္ပိုင္ႏိုင္ငံရဲ႕ရန္စမႈေတြကို ေထာက္ခံေနတာေတြရပ္ တန႔္ၿပီး ေတာင္တ႐ုတ္ပင္လယ္အတြင္းမွာ ၿငိမ္းခ်မ္းေရးနဲ႔တည္ၿငိမ္ေရးကို ကာကြယ္ဖို႔အတြက္ လက္ေတြ႕က်တဲ့လုပ္ရပ္ေတြကို လုပ္ေဆာင္သင့္ပါတယ္'ဟုေျပာဆိုခဲ့သည္။

ၿပီးခဲ့သည့္ဇြန္လ(၁၇)ရက္ေန႔တြင္ ဖိလစ္ ပိုင္ေရတပ္သေဘၤာတစ္စင္းကို တ႐ုတ္ကမ္းေျခေစာင့္ တပ္ဖြဲ႕သေဘၤာက ဝင္တိုက္မိခဲ့ၿပီးေနာက္ ဖိလစ္ပိုင္ ေရတပ္ တပ္ဖြဲ႕ဝင္တစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ဖူး ေၾကာင္းသိရသည္။ ဇြန္လ(၂၇)ရက္ေန႔တြင္ ကာ့တ္ကမ့္ဘဲလ္သည္ တ႐ုတ္ႏိုင္ငံျခားေရး ဒုဝန္ႀကီး Ma Zhaoxu ႏွင့္ ဖုန္းေခၚဆိုမႈအတြင္း ၎၏စိုးရိမ္မႈမ်ားကို ထုတ္ေဖာ္ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့သည္။

အဆိုပါေန႔မတိုင္မီက အေမရိကန္အမ်ိဳးသားလုံၿခဳံေရးေကာင္စီအႀကံေပး ဂ်ိတ္ဆူလီဗန္ႏွင့္ ဖိလစ္ပိုင္အမ်ိဳးသားလုံၿခဳံေရးေကာင္စီ အႀကံေပး Eduardo Anoတို႔သည္ တ႐ုတ္ႏိုင္ငံ၏ အႏၲရာယ္ ရွိေသာလုပ္ရပ္မ်ားႏွင့္ပတ္သက္ၿပီး စိုးရိမ္ပူပန္မႈမ်ားကို မွ်ေဝေဆြးေႏြးခဲ့ၾက ေၾကာင္းသိရသည္။ ေတာင္တ႐ုတ္ပင္လယ္တစ္ခုလုံးနီးပါးကို ၎တို႔ပိုင္ဆိုင္ေၾကာင္း တ႐ုတ္ဘက္က ေျပာဆိုထားသလို ဖိလစ္ပိုင္၊ ဗီယက္နမ္၊ အင္ဒိုနီးရွား၊ မေလး ရွားႏွင့္ ဘ႐ူႏိုင္းႏိုင္ငံတို႔ကလည္း ေတာင္တ႐ုတ္ပင္လယ္အတြင္း တစ္စိတ္တစ္ပိုင္းကို ၎တို႔ ပိုင္ဆိုင္ေၾကာင္း အခိုင္အမာေျပာဆိုထားၾကသည္။

Related news

© 2021. All rights reserved.