(၁၀)နှစ်ကြာ လုံခြုံရေးသမိုင်းဝင် သဘောတူညီချက် ယူကရိန်းနဲ့ ဥရောပသမဂ္ဂတို့ လက်မှတ်ရေးထိုး

 827

Pika (NP News) - ဇူလိုင် ၂

ယူကရိန်းသမ္မတဇီလန်စကီးနှင့် ဥရောပသမဂ္ဂတို့သည် သမိုင်းဝင်လုပ်ရပ်အဖြစ် (၁၀)နှစ်ကြာ လုံခြုံရေးသဘောတူညီချက်ကို ဇွန်လ(၂၇)ရက်နေ့တွင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရသည်။ အဆိုပါ သဘောတူညီချက်သည် ရုရှား-ယူကရိန်းစစ်ပွဲတွင် ယူကရိန်းအတွက် ဥရောပသမဂ္ဂ၏ ရေရှည်ထောက်ခံမှုများကို ပြသရန်ရည်ရွယ်ထားခြင်းဖြစ်ကြောင်းလည်းသိရသည်။ ထို့ပြင် ဇီလန်စကီးသည် ရုရှား၏ကျူး ကျော်တိုက်ခိုက်မှုများကို ရင်ဆိုင်ရာတွင် ယူကရိန်း၏ အခိုင်မာဆုံးထောက်ခံသူများနှင့်တွေ့ ဆုံရန်အတွက် ဥရောပသမဂ္ဂခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးကိုတက်ရောက်ခဲ့ကြောင်း လည်းသိရသည်။ ဇီလန်စကီးက'ဒီလိုသမိုင်းဝင်သဘောတူညီမှုအတွက် ဥရောပသမဂ္ဂရဲ့ခေါင်းဆောင်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီလိုအရာ အတွက် ကျွန်တော်တို့အချိန်အကြာကြီးစောင့်ဆိုင်းခဲ့ရတာပါ'ဟုပြောဆိုခဲ့သည်။

ထို့ပြင် ယူကရိန်းသည် လေကြောင်းရန်ကာကွယ်ရေးစနစ်များနှင့်အခြား ပစ္စည်းကိရိယာများကို စစ်မြေပြင်တွင် လိုအပ်နေကြောင်းလည်း ဇီလန်စကီးက ပြောဆိုခဲ့သည်။ အဆိုပါ အပြုသဘောဆောင်သော သဘောတူညီချက်ကို ဥရောပသမဂ္ဂအကြီးအကဲ ချားလ်စ်မီချယ်က ချီးကျူးဂုဏ်ပြုခဲ့ကြောင်းလည်းသိရသည်။ ချားလ်မီချယ်က 'ဥရောပသမဂ္ဂက ယူကရိန်းကို ရေရှည်ကူညီပံ့ပိုးပေးဖို့ ရည်ရွယ်ထားတယ်ဆိုတဲ့ သတင်းစကားကို ပေးနိုင်ဖို့ကအရေးကြီးပါတယ်'ဟုပြောဆိုခဲ့သည်။ လက်မှတ်ရေးထိုးပြီးနောက် မကြာမီလူသိရှင်ကြား ထုတ်ပြန်ခဲ့သည့် သဘောတူညီချက်အရ ဥရောပသမဂ္ဂသည် ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်း ပေးပို့မှုများ၊ လေ့ကျင့်ပေးမှုများ နှင့် ယူကရိန်း၏ကာကွယ် ရေးလုပ်ငန်းများ ပိုမိုအားကောင်းလာစေရန်အတွက် ကြိုးပမ်းမှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်းသိရသည်။

zawgyi version
(၁၀)ႏွစ္ၾကာ လုံၿခဳံေရးသမိုင္းဝင္ သေဘာတူညီခ်က္ ယူကရိန္းနဲ႔ ဥေရာပသမဂၢတို႔ လက္မွတ္ေရးထိုး
Pika (NP News) - ဇူလိုင္ ၂

ယူကရိန္းသမၼတဇီလန္စကီးႏွင့္ ဥေရာပသမဂၢတို႔သည္ သမိုင္းဝင္လုပ္ရပ္အျဖစ္ (၁၀)ႏွစ္ၾကာ လုံၿခဳံေရးသေဘာတူညီခ်က္ကို ဇြန္လ(၂၇)ရက္ေန႔တြင္ ဘယ္လ္ဂ်ီယံႏိုင္ငံ ဘရပ္ဆဲလ္ၿမိဳ႕၌ လက္မွတ္ေရးထိုးခဲ့ၾကေၾကာင္းသိရသည္။ အဆိုပါ သေဘာတူညီခ်က္သည္ ႐ုရွား-ယူကရိန္းစစ္ပြဲတြင္ ယူကရိန္းအတြက္ ဥေရာပသမဂၢ၏ ေရရွည္ေထာက္ခံမႈမ်ားကို ျပသရန္ရည္႐ြယ္ထားျခင္းျဖစ္ေၾကာင္းလည္းသိရသည္။ ထို႔ျပင္ ဇီလန္စကီးသည္ ႐ုရွား၏က်ဴး ေက်ာ္တိုက္ခိုက္မႈမ်ားကို ရင္ဆိုင္ရာတြင္ ယူကရိန္း၏ အခိုင္မာဆုံးေထာက္ခံသူမ်ားႏွင့္ေတြ႕ ဆုံရန္အတြက္ ဥေရာပသမဂၢေခါင္းေဆာင္မ်ား၏ ထိပ္သီးအစည္းအေဝးကိုတက္ေရာက္ခဲ့ေၾကာင္း လည္းသိရသည္။ ဇီလန္စကီးက'ဒီလိုသမိုင္းဝင္သေဘာတူညီမႈအတြက္ ဥေရာပသမဂၢရဲ႕ေခါင္းေဆာင္ေတြအားလုံးကို ေက်းဇူးတင္ပါတယ္။ ဒီလိုအရာ အတြက္ ကြၽန္ေတာ္တို႔အခ်ိန္အၾကာႀကီးေစာင့္ဆိုင္းခဲ့ရတာပါ'ဟုေျပာဆိုခဲ့သည္။

ထို႔ျပင္ ယူကရိန္းသည္ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ားႏွင့္အျခား ပစၥည္းကိရိယာမ်ားကို စစ္ေျမျပင္တြင္ လိုအပ္ေနေၾကာင္းလည္း ဇီလန္စကီးက ေျပာဆိုခဲ့သည္။ အဆိုပါ အျပဳသေဘာေဆာင္ေသာ သေဘာတူညီခ်က္ကို ဥေရာပသမဂၢအႀကီးအကဲ ခ်ားလ္စ္မီခ်ယ္က ခ်ီးက်ဴးဂုဏ္ျပဳခဲ့ေၾကာင္းလည္းသိရသည္။ ခ်ားလ္မီခ်ယ္က 'ဥေရာပသမဂၢက ယူကရိန္းကို ေရရွည္ကူညီပံ့ပိုးေပးဖို႔ ရည္႐ြယ္ထားတယ္ဆိုတဲ့ သတင္းစကားကို ေပးႏိုင္ဖို႔ကအေရးႀကီးပါတယ္'ဟုေျပာဆိုခဲ့သည္။ လက္မွတ္ေရးထိုးၿပီးေနာက္ မၾကာမီလူသိရွင္ၾကား ထုတ္ျပန္ခဲ့သည့္ သေဘာတူညီခ်က္အရ ဥေရာပသမဂၢသည္ ယူကရိန္းအတြက္ စစ္လက္နက္ပစၥည္း ေပးပို႔မႈမ်ား၊ ေလ့က်င့္ေပးမႈမ်ား ႏွင့္ ယူကရိန္း၏ကာကြယ္ ေရးလုပ္ငန္းမ်ား ပိုမိုအားေကာင္းလာေစရန္အတြက္ ႀကိဳးပမ္းမႈမ်ားကို တိုးျမႇင့္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္းလည္းသိရသည္။

Related news

© 2021. All rights reserved.