အမေရိကန်နိုင်ငံသားများကို လက်ဘနွန်နိုင်ငံအတွင်းမှ ပြန်လည်ကယ်ထုတ်နိုင်ရန် အမေရိကန်အစိုးရ ပြင်ဆင်နေ

 1409

ဂျန်ဇက် (NP News) - ဇူလိုင် ၂

လက်ဘနွန်နိုင်ငံအတွင်းမှ အမေရိကန်နိုင်ငံသား များကို ပြန်လည်ခေါ်ယူရန် အမေရိကန်အစိုးရက ကြိုးပမ်းနေကြောင်းသိရသည်။ အစ္စရေး နှင့် ဟစ်ဘိုလာနိုင်ငံကြားတင်းမာမှုများဖြစ်လာခဲ့ပြီးနောက် အစ္စရေးနိုင်ငံက လာမည့်သီတင်းပတ်များအတွင်း လက်ဘနွန်နိုင်ငံကို ထိုးစစ်ဆင်တိုက်ခိုက်ဖွယ်ရှိသည်ဟု သတင်းများထွက်ပေါ်နေချိန်တွင် အမေရိကန်အစိုးရက လက်ဘနွန်နိုင်ငံအတွင်းမှ အမေရိကန် နိုင်ငံသားများကို ကယ်ထုတ်နိုင်ရန် စီစဉ်နေခြင်းဖြစ် သည်။

အမေရိကန်အစိုးရသည် USS Wasp သင်္ဘောနှင့် ရေတပ်တပ်ဖွဲ့ဝင်များကို မြေထဲပင်လယ် သို့ ဖြန့်ကြက်ချထားခဲ့သည့်အပြင်USS Oak Hill သင်္ဘောကိုလည်း ကျောက်ချရပ်နားထားကြောင်း သိရသည်။ အမေရိကန်အစိုးရသည် လိုအပ်မည်ဆိုလျှင် လက်ဘနွန်နိုင်ငံအတွင်းရှိအမေရိကန်နိုင်ငံ သားများကို အမြန်ဆုံးကယ်ထုတ်နိုင်ရန် အရှေ့ အလယ်ပိုင်းဒေသအတွင်းရှိ မဟာမိတ်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းသိရသည်။ အစ္စရေးစစ်တပ်သည် လက်ဘနွန်နိုင်ငံရှိ ဟစ်ဘိုလာအုပ်စုများ ကို ချေမှုန်းနိုင်ရန် မြေပြင်ထိုးစစ် ဆင်နွှဲခြင်းကို ဇွန်လအလယ်ပိုင်းတွင်ခွင့်ပြုခဲ့ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကလည်း ဂါဇာဒေသကိုအရှိန်မြှင့်တိုက် ခိုက်ပြီးချိန်တွင် နိုင်ငံမြောက်ပိုင်းကို အန္တရာယ် ပေးနေသည့် ဟစ်ဘိုလာအုပ်စုများကိုတိုက်ခိုက်သွား မည်ဖြစ်ကြောင်းပြီးခဲ့သောရက်ပိုင်းတွင်ထုတ်ဖော် ပြောဆိုထားရာ ဟစ်ဘိုလာနှင့် အစ္စရေးနိုင်ငံကြား တင်းမာမှုအရှိန်မြင့်တက်နေကြောင်းသိရသည်။အမေရိကန်အစိုးရသည် အစ္စရေးနှင့်ဟစ်ဘိုလာအဖွဲ့ ကြားတိုက်ရိုက်စစ်ပွဲမဖြစ်လာစေရန် ကြားဝင်စေ့စပ်ပေးနေသော်လည်းမျှော်လင့်သလောက်အောင်မြင် မှုမရသေးကြောင်းသိရသည်။ အမေရိကန်အပါ အဝင်နိုင်ငံတကာအဖွဲ့စည်းများသည် အစ္စရေးနှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသည့်စစ်ပွဲကို အပစ်ခတ်ရပ်စဲရန်ကြားဝင်ဆောင်ရွက်နေသော်လည်း အောင်မြင်မှုမရဘဲဖြစ်နေရာအရှေ့ အလယ်ပိုင်းဒေသတွင်တင်းမာမှုအရှိန်ပိုမိုမြင့်တက်လာနေကြောင်းသိရသည်။

ဟစ်ဘိုလာအုပ်စုသည် အစ္စရေးနိုင်ငံဘက်ခြမ်းသို့ ပြီးခဲ့သောရက်ပိုင်းတွင် ဒရုန်းများ၊ရော့ကဒ်ဒုံးကျည်များဖြင့် အရှိန်မြှင့် တိုက်ခိုက်လာခဲ့ရာ အစ္စရေးနှင့်လက်ဘနွန်နယ်စပ် ဒေသတွင်တင်းမာမှုများပိုမိုဖြစ်လာနေကြောင်းသိရသည်။ အစ္စရေးနှင့်ဟစ်ဘိုလာအုပ်စုကြား စစ်ပွဲတိုက် ရိုက်ဖြစ်လာမည်ဆိုလျှင်အရှေ့အလယ်ပိုင်းဒေသ သို့ ရိုက်ခတ်လာမည်ကိုစိုးရိမ်မှုမြင့်တက်နေကြောင်းသိရသည်။ ဟစ်ဘိုလာအုပ်စုသည် အရှေ့အလယ်ပိုင်း ဒေသအတွင်းရှိလက်နက်ကိုင်အဖွဲ့များထဲတွင် အင်အားတောင့်တင်းသလို ခေတ်မီလက်နက်များပိုင်ဆိုင်ထားသောအဖွဲ့စည်းဖြစ်ကြောင်းသိရသည်။

zawgyi version
အေမရိကန္ႏိုင္ငံသားမ်ားကို လက္ဘႏြန္ႏိုင္ငံအတြင္းမွ ျပန္လည္ကယ္ထုတ္ႏိုင္ရန္ အေမရိကန္အစိုးရ ျပင္ဆင္ေန
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂

လက္ဘႏြန္ႏိုင္ငံအတြင္းမွ အေမရိကန္ႏိုင္ငံသား မ်ားကို ျပန္လည္ေခၚယူရန္ အေမရိကန္အစိုးရက ႀကိဳးပမ္းေနေၾကာင္းသိရသည္။ အစၥေရး ႏွင့္ ဟစ္ဘိုလာႏိုင္ငံၾကားတင္းမာမႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ အစၥေရးႏိုင္ငံက လာမည့္သီတင္းပတ္မ်ားအတြင္း လက္ဘႏြန္ႏိုင္ငံကို ထိုးစစ္ဆင္တိုက္ခိုက္ဖြယ္ရွိသည္ဟု သတင္းမ်ားထြက္ေပၚေနခ်ိန္တြင္ အေမရိကန္အစိုးရက လက္ဘႏြန္ႏိုင္ငံအတြင္းမွ အေမရိကန္ ႏိုင္ငံသားမ်ားကို ကယ္ထုတ္ႏိုင္ရန္ စီစဥ္ေနျခင္းျဖစ္ သည္။

အေမရိကန္အစိုးရသည္ USS Wasp သေဘၤာႏွင့္ ေရတပ္တပ္ဖြဲ႕ဝင္မ်ားကို ေျမထဲပင္လယ္ သို႔ ျဖန႔္ၾကက္ခ်ထားခဲ့သည့္အျပင္USS Oak Hill သေဘၤာကိုလည္း ေက်ာက္ခ်ရပ္နားထားေၾကာင္း သိရသည္။ အေမရိကန္အစိုးရသည္ လိုအပ္မည္ဆိုလွ်င္ လက္ဘႏြန္ႏိုင္ငံအတြင္းရွိအေမရိကန္ႏိုင္ငံ သားမ်ားကို အျမန္ဆုံးကယ္ထုတ္ႏိုင္ရန္ အေရွ႕ အလယ္ပိုင္းေဒသအတြင္းရွိ မဟာမိတ္ႏိုင္ငံမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ေနေၾကာင္းသိရသည္။ အစၥေရးစစ္တပ္သည္ လက္ဘႏြန္ႏိုင္ငံရွိ ဟစ္ဘိုလာအုပ္စုမ်ား ကို ေခ်မႈန္းႏိုင္ရန္ ေျမျပင္ထိုးစစ္ ဆင္ႏႊဲျခင္းကို ဇြန္လအလယ္ပိုင္းတြင္ခြင့္ျပဳခဲ့ၿပီး အစၥေရးဝန္ႀကီးခ်ဳပ္ ေနတန္ရာဟုကလည္း ဂါဇာေဒသကိုအရွိန္ျမႇင့္တိုက္ ခိုက္ၿပီးခ်ိန္တြင္ ႏိုင္ငံေျမာက္ပိုင္းကို အႏၲရာယ္ ေပးေနသည့္ ဟစ္ဘိုလာအုပ္စုမ်ားကိုတိုက္ခိုက္သြား မည္ျဖစ္ေၾကာင္းၿပီးခဲ့ေသာရက္ပိုင္းတြင္ထုတ္ေဖာ္ ေျပာဆိုထားရာ ဟစ္ဘိုလာႏွင့္ အစၥေရးႏိုင္ငံၾကား တင္းမာမႈအရွိန္ျမင့္တက္ေနေၾကာင္းသိရသည္။အေမရိကန္အစိုးရသည္ အစၥေရးႏွင့္ဟစ္ဘိုလာအဖြဲ႕ ၾကားတိုက္႐ိုက္စစ္ပြဲမျဖစ္လာေစရန္ ၾကားဝင္ေစ့စပ္ေပးေနေသာ္လည္းေမွ်ာ္လင့္သေလာက္ေအာင္ျမင္ မႈမရေသးေၾကာင္းသိရသည္။ အေမရိကန္အပါ အဝင္ႏိုင္ငံတကာအဖြဲ႕စည္းမ်ားသည္ အစၥေရးႏွင့္ ဟားမက္စ္လက္နက္ကိုင္အဖြဲ႕ၾကားျဖစ္ပြားေနသည့္စစ္ပြဲကို အပစ္ခတ္ရပ္စဲရန္ၾကားဝင္ေဆာင္႐ြက္ေနေသာ္လည္း ေအာင္ျမင္မႈမရဘဲျဖစ္ေနရာအေရွ႕ အလယ္ပိုင္းေဒသတြင္တင္းမာမႈအရွိန္ပိုမိုျမင့္တက္လာေနေၾကာင္းသိရသည္။

ဟစ္ဘိုလာအုပ္စုသည္ အစၥေရးႏိုင္ငံဘက္ျခမ္းသို႔ ၿပီးခဲ့ေသာရက္ပိုင္းတြင္ ဒ႐ုန္းမ်ား၊ေရာ့ကဒ္ဒုံးက်ည္မ်ားျဖင့္ အရွိန္ျမႇင့္ တိုက္ခိုက္လာခဲ့ရာ အစၥေရးႏွင့္လက္ဘႏြန္နယ္စပ္ ေဒသတြင္တင္းမာမႈမ်ားပိုမိုျဖစ္လာေနေၾကာင္းသိရသည္။ အစၥေရးႏွင့္ဟစ္ဘိုလာအုပ္စုၾကား စစ္ပြဲတိုက္ ႐ိုက္ျဖစ္လာမည္ဆိုလွ်င္အေရွ႕အလယ္ပိုင္းေဒသ သို႔ ႐ိုက္ခတ္လာမည္ကိုစိုးရိမ္မႈျမင့္တက္ေနေၾကာင္းသိရသည္။ ဟစ္ဘိုလာအုပ္စုသည္ အေရွ႕အလယ္ပိုင္း ေဒသအတြင္းရွိလက္နက္ကိုင္အဖြဲ႕မ်ားထဲတြင္ အင္အားေတာင့္တင္းသလို ေခတ္မီလက္နက္မ်ားပိုင္ဆိုင္ထားေသာအဖြဲ႕စည္းျဖစ္ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.