ရုရှားအစိုးရက သေဒဏ်ကို ပြန်လည်အသက်သွင်းသင့်တယ်လို့ စုံစမ်းစစ်ဆေးရေးကော်မတီအကြီးအကဲ ပြော

 477

Pika (NP News) - ဇွန် ၃ဝ

ရုရှားအစိုးရဟာ အကြမ်းဖက်ရာဇဝတ်မှုအချို့အတွက် သေဒဏ်ကို ပြန်လည်အသက်သွင်းသင့်တယ်လို့ ရုရှားရဲ့စုံစမ်းစစ်ဆေးရေးကော်မတီအကြီးအကဲ Aleskandr Bastrykin က ပြောကြားခဲ့ပါတယ်။

ရုရှားအစိုးရဟာ ဥရောပကောင်စီမှာ ပါဝင်နိုင်ဖို့ အခြေအနေတွေထဲကတစ်ခုအဖြစ် ၁၉၉ဝ ပြည့်နှစ်နှောင်းပိုင်းမှာ သေဒဏ်ပေးမှုတွေကို ရပ်ဆိုင်းခဲ့တယ်လို့ သိရပါတယ်။ သို့သော်လည်း ရုရှားအစိုးရက အနောက်အုပ်စုဟာ ၎င်းကို ဖိအားပေးဖို့အတွက် ဥရောပကောင်စီကို လက်နက်ပစ္စည်းတစ်ခုအဖြစ် အသုံးပြုနေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပြီး ၂ဝ၂၂ ခုနှစ်မှာ ဥရောပကောင်စီကနေ နှုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် ရုရှားမှာ ကျူးလွန်နေတဲ့ရက်စက်တဲ့ရာဇဝတ်မှုတွေဟာ ဆိုဗီယက်ခေတ်နဲ့နှိုင်းယှဉ်မယ်ဆိုရင် မြင့်တက်လာခဲ့ တယ်လို့ Aleskandr Bastrykin က ပြောကြားခဲ့ပါတယ်။

အကြမ်းဖက်သမားတွေ၊ ကွင်းဆက်လူသတ်သမားတွေ နဲ့ ကလေးငယ်တွေအပေါ် ရာဇဝတ်မှုကျူးလွန်သူတွေကို ကြီးလေးတဲ့ပြစ်ဒဏ်တွေ ချမှတ်ဖို့အတွက် တရားရုံးက ခွင့်ပြုသင့်တယ်လို့လည်း ၎င်းက ထပ်မံပြောဆိုခဲ့ပါတယ်။ ၎င်းက "ကျွန်တော်က သေဒဏ်ပေးတာကို ထောက်ခံတဲ့လူပါ။ အကြမ်းဖက်မှုတွေ တိုးလာနေတာကို သိရဲ့သားနဲ့ သေဒဏ်ပေးမှု ဆိုင်းငံ့ထားတာကို ရုတ်သိမ်းပြီး ဥပဒေထဲကို ဘာလို့ပြန်မသွင်းရသလဲ” လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ မတ်လကဖြစ်ပွားခဲ့တဲ့ လူ(၁၄၅)ဦးသေဆုံးစေခဲ့တဲ့ မော်စကိုမြို့က ပြဇာတ်ရုံတိုက်ခိုက်ခံရမှုကို ဥပမာ တစ်ခုအနေနဲ့ ၎င်းက ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။ ၎င်း က “ဆိုဗီယက်ခေတ်မှာ လူတစ်ဦးဟာ လူနှစ်ယောက် ဒါမှမဟုတ် သုံးယောက်ကို သတ်မိရင် သေဒဏ်ချမှတ်ခံရနိုင်ပါတယ်။ ဒီနေ့မှာကတော့ လူသတ်မှု ကျူးလွန်သူတွေဟာ အမြင့်ဆုံးပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ်တစ်သက်တစ်ကျွန်းပဲ ချမှတ်ခံရပါတယ်” လို့ ပြောခဲ့ပါ တယ်။

Zawgyi Version;
႐ုရွားအစိုးရက ေသဒဏ္ကို ျပန္လည္အသက္သြင္းသင့္တယ္လို႔ စုံစမ္းစစ္ေဆးေရးေကာ္မတီအႀကီးအကဲ ေျပာ
Pika (NP News) - ဇြန္ ၃ဝ

႐ုရွားအစိုးရဟာ အၾကမ္းဖက္ရာဇဝတ္မႈအခ်ိဳ႕အတြက္ ေသဒဏ္ကို ျပန္လည္အသက္သြင္းသင့္တယ္လို႔ ႐ုရွားရဲ႕စုံစမ္းစစ္ေဆးေရးေကာ္မတီအႀကီးအကဲ Aleskandr Bastrykin က ေျပာၾကားခဲ့ပါတယ္။

႐ုရွားအစိုးရဟာ ဥေရာပေကာင္စီမွာ ပါဝင္ႏိုင္ဖို႔ အေျခအေနေတြထဲကတစ္ခုအျဖစ္ ၁၉၉ဝ ျပည့္ႏွစ္ေႏွာင္းပိုင္းမွာ ေသဒဏ္ေပးမႈေတြကို ရပ္ဆိုင္းခဲ့တယ္လို႔ သိရပါတယ္။ သို႔ေသာ္လည္း ႐ုရွားအစိုးရက အေနာက္အုပ္စုဟာ ၎ကို ဖိအားေပးဖို႔အတြက္ ဥေရာပေကာင္စီကို လက္နက္ပစၥည္းတစ္ခုအျဖစ္ အသုံးျပဳေနတယ္လို႔ စြပ္စြဲေျပာဆိုခဲ့ၿပီး ၂ဝ၂၂ ခုႏွစ္မွာ ဥေရာပေကာင္စီကေန ႏႈတ္ထြက္ခဲ့တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ ႐ုရွားမွာ က်ဴးလြန္ေနတဲ့ရက္စက္တဲ့ရာဇဝတ္မႈေတြဟာ ဆိုဗီယက္ေခတ္နဲ႔ႏႈိင္းယွဥ္မယ္ဆိုရင္ ျမင့္တက္လာခဲ့ တယ္လို႔ Aleskandr Bastrykin က ေျပာၾကားခဲ့ပါတယ္။

အၾကမ္းဖက္သမားေတြ၊ ကြင္းဆက္လူသတ္သမားေတြ နဲ႔ ကေလးငယ္ေတြအေပၚ ရာဇဝတ္မႈက်ဴးလြန္သူေတြကို ႀကီးေလးတဲ့ျပစ္ဒဏ္ေတြ ခ်မွတ္ဖို႔အတြက္ တရား႐ုံးက ခြင့္ျပဳသင့္တယ္လို႔လည္း ၎က ထပ္မံေျပာဆိုခဲ့ပါတယ္။ ၎က "ကြၽန္ေတာ္က ေသဒဏ္ေပးတာကို ေထာက္ခံတဲ့လူပါ။ အၾကမ္းဖက္မႈေတြ တိုးလာေနတာကို သိရဲ႕သားနဲ႔ ေသဒဏ္ေပးမႈ ဆိုင္းငံ့ထားတာကို ႐ုတ္သိမ္းၿပီး ဥပေဒထဲကို ဘာလို႔ျပန္မသြင္းရသလဲ” လို႔ ေျပာခဲ့ပါတယ္။

ၿပီးခဲ့တဲ့ မတ္လကျဖစ္ပြားခဲ့တဲ့ လူ(၁၄၅)ဦးေသဆုံးေစခဲ့တဲ့ ေမာ္စကိုၿမိဳ႕က ျပဇာတ္႐ုံတိုက္ခိုက္ခံရမႈကို ဥပမာ တစ္ခုအေနနဲ႔ ၎က ေျပာၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ ၎ က “ဆိုဗီယက္ေခတ္မွာ လူတစ္ဦးဟာ လူႏွစ္ေယာက္ ဒါမွမဟုတ္ သုံးေယာက္ကို သတ္မိရင္ ေသဒဏ္ခ်မွတ္ခံရႏိုင္ပါတယ္။ ဒီေန႔မွာကေတာ့ လူသတ္မႈ က်ဴးလြန္သူေတြဟာ အျမင့္ဆုံးျပစ္ဒဏ္အေနနဲ႔ ေထာင္ဒဏ္တစ္သက္တစ္ကြၽန္းပဲ ခ်မွတ္ခံရပါတယ္” လို႔ ေျပာခဲ့ပါ တယ္။

Related news

© 2021. All rights reserved.