အီရန်ရဲ့ခြိမ်းခြောက်မှုတွေက ၎င်းတို့ဟာဖျက်ဆီးခံရဖို့ ထိုက်တန်တယ်ဆိုတာကို ပြသနေတယ်လို့ အစ္စရေး နိုင်ငံခြားရေးဝန်ကြီးပြော

 293

Pika (NP News) - ဇွန် ၃ဝ

အီရန်ဘက်က ခြိမ်းခြောက်ပြောဆိုခဲ့တဲ့ ပျက်သုဉ်းမှုတွေရှိလာနိုင်တယ်ဆိုတဲ့သတင်းစကားက ၎င်းတို့ဟာ ဖျက်ဆီး ခံရဖို့ ထိုက်တန်တယ်ဆိုတာကို ပြသနေတာဖြစ်တယ်လို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Israel Katz က ဇွန်လ(၂၉)ရက်မှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

Israel Katz က “ပျက်သုဉ်းမှုတွေ ရှိလာနိုင်တယ်လို့ ခြိမ်းခြောက်တဲ့နိုင်ငံတစ်နိုင်ငံဟာ ဖျက်ဆီးခံရဖို့ ထိုက်တန်ပါ တယ်။ အီရန်ကျောထောက်နောက်ခံပြု လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့အနေနဲ့ အစ္စရေးကို ဒုံးကျည်နဲ့ပစ်ခတ်နေတာတွေ ရပ်တန့်ဖို့နဲ့ နယ်စပ်ရဲ့အဝေးမှာနေဖို့ မလုပ်ဆောင်ဘူးဆိုရင် အစ္စရေးစစ်တပ်က အင်အားအပြည့်နဲ့ ထိုးစစ်ဆင်သွားမယ်လို့ Israel Katz က ပြောဆိုခဲ့ပါတယ်။

အစ္စရေးဟာ လက်ဘနွန်နိုင်ငံကို အင်အားအပြည့်နဲ့ ထိုးစစ်ဆင်မှုတွေ စတင်လုပ်ဆောင်ခဲ့မယ်ဆိုရင် ပျက်သုဉ်းမှု တွေ ရှိလာနိုင်တယ်လို့ အီရန်ရဲ့ကုလသမဂ္ဂမစ်ရှင်က ဇွန်လ(၂၈)ရက်မှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း အခြားရွေးချယ်စရာတွေ အပါအဝင် ခုခံရေးမျက်နှာစာတွေအားလုံးရဲ့အပြည့်အဝ ပါဝင်ပတ်သက်မှုဟာ စားပွဲဝိုင်းပေါ်မှာရှိတယ်လို့ အီရန်ရဲ့ကုလသမဂ္ဂမစ်ရှင်က X (တွစ်တာ) မှာ ပြောကြားခဲ့ပါတယ်။

အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပွားခဲ့တဲ့ ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ(၇)ရက်ကစတင်ပြီး အစ္စရေးနဲ့ ဟစ်ဘိုလာ လက်နက်ကိုင်အဖွဲ့တို့ဟာ နယ်စပ်မှာ ဒုံးကျည်တွေနဲ့အပြန်အလှန်ပစ်ခတ်မှုတွေကို နေ့စဉ်နီးပါး လုပ်ဆောင်ခဲ့ကြ တာဖြစ်ပါတယ်။ ဒါ့ပြင် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးနဲ့ ပဋိပက္ခအတွက် အပြည့်အဝပြင်ဆင်ထား တယ်လို့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့အကြီးအကဲ Hassan Nasrallah က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောခဲ့ ဖူးပါတယ်။

Zawgyi Version;
အီရန္ရဲ႕ၿခိမ္းေျခာက္မႈေတြက ၎တို႔ဟာဖ်က္ဆီးခံရဖို႔ ထိုက္တန္တယ္ဆိုတာကို ျပသေနတယ္လို႔ အစၥေရး ႏိုင္ငံျခားေရးဝန္ႀကီးေျပာ
Pika (NP News) - ဇြန္ ၃ဝ

အီရန္ဘက္က ၿခိမ္းေျခာက္ေျပာဆိုခဲ့တဲ့ ပ်က္သုဥ္းမႈေတြရွိလာႏိုင္တယ္ဆိုတဲ့သတင္းစကားက ၎တို႔ဟာ ဖ်က္ဆီး ခံရဖို႔ ထိုက္တန္တယ္ဆိုတာကို ျပသေနတာျဖစ္တယ္လို႔ အစၥေရးႏိုင္ငံျခားေရးဝန္ႀကီး Israel Katz က ဇြန္လ(၂၉)ရက္မွာ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။

Israel Katz က “ပ်က္သုဥ္းမႈေတြ ရွိလာႏိုင္တယ္လို႔ ၿခိမ္းေျခာက္တဲ့ႏိုင္ငံတစ္ႏိုင္ငံဟာ ဖ်က္ဆီးခံရဖို႔ ထိုက္တန္ပါ တယ္။ အီရန္ေက်ာေထာက္ေနာက္ခံျပဳ လက္ဘႏြန္အေျခစိုက္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕အေနနဲ႔ အစၥေရးကို ဒုံးက်ည္နဲ႔ပစ္ခတ္ေနတာေတြ ရပ္တန႔္ဖို႔နဲ႔ နယ္စပ္ရဲ႕အေဝးမွာေနဖို႔ မလုပ္ေဆာင္ဘူးဆိုရင္ အစၥေရးစစ္တပ္က အင္အားအျပည့္နဲ႔ ထိုးစစ္ဆင္သြားမယ္လို႔ Israel Katz က ေျပာဆိုခဲ့ပါတယ္။

အစၥေရးဟာ လက္ဘႏြန္ႏိုင္ငံကို အင္အားအျပည့္နဲ႔ ထိုးစစ္ဆင္မႈေတြ စတင္လုပ္ေဆာင္ခဲ့မယ္ဆိုရင္ ပ်က္သုဥ္းမႈ ေတြ ရွိလာႏိုင္တယ္လို႔ အီရန္ရဲ႕ကုလသမဂၢမစ္ရွင္က ဇြန္လ(၂၈)ရက္မွာ ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း အျခားေ႐ြးခ်ယ္စရာေတြ အပါအဝင္ ခုခံေရးမ်က္ႏွာစာေတြအားလုံးရဲ႕အျပည့္အဝ ပါဝင္ပတ္သက္မႈဟာ စားပြဲဝိုင္းေပၚမွာရွိတယ္လို႔ အီရန္ရဲ႕ကုလသမဂၢမစ္ရွင္က X (တြစ္တာ) မွာ ေျပာၾကားခဲ့ပါတယ္။

အစၥေရး-ဟားမက္စစ္ပြဲ စတင္ျဖစ္ပြားခဲ့တဲ့ ၂ဝ၂၃ ခုႏွစ္ ေအာက္တိုဘာလ(၇)ရက္ကစတင္ၿပီး အစၥေရးနဲ႔ ဟစ္ဘိုလာ လက္နက္ကိုင္အဖြဲ႕တို႔ဟာ နယ္စပ္မွာ ဒုံးက်ည္ေတြနဲ႔အျပန္အလွန္ပစ္ခတ္မႈေတြကို ေန႔စဥ္နီးပါး လုပ္ေဆာင္ခဲ့ၾက တာျဖစ္ပါတယ္။ ဒါ့ျပင္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ဟာ အစၥေရးနဲ႔ ပဋိပကၡအတြက္ အျပည့္အဝျပင္ဆင္ထား တယ္လို႔ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕အႀကီးအကဲ Hassan Nasrallah က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာခဲ့ ဖူးပါတယ္။

Related news

© 2021. All rights reserved.