ရွှေဘိုပေါ်ဆန်း အပါအဝင် ဆန်အချို့ကို သင့်တော်သောဈေးနှုန်းများဖြင့် တစ်နိုင်ငံလုံးရှိ ဆန်ဆိုင်များနှင့် ဆန်ပွဲရုံများတွင် ဆက်တိုက်ရောင်းချနေဟု MRF ကြေညာ

 660

ယွန်း (NP News) - ဇွန် ၃ဝ

ရွှေဘိုပေါ်ဆန်းဆန် အပါအဝင် ဆန်အချို့ကို သင့်တော်သော ဈေးနှုန်းများဖြင့် တစ်နိုင်ငံလုံးရှိ ဆန်ဆိုင်များနှင့် ဆန်ပွဲရုံများတွင် ဆက်တိုက်ရောင်းချနေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF) မှ ယမန်နေ့(ဇွန်လ ၂၉ ရက်) တွင် အသိပေးထားသည်။

MRF အနေဖြင့် သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများနှင့်အညီ ရွှေဘိုပေါ်ဆန်းဆန်များ၊ ဧရာဝတီပေါ်ဆန်း ဆန်များ နှင့် ဧည့်မထဆန်များကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲခူး နှင့် ဧရာဝတီ အပါအဝင် တစ်နိုင်ငံလုံးရှိ ဆန်စက်များ၊ ဆန်ဆိုင်များ၊ ဆန်ပွဲရုံများမှ ဆက်တိုက်ရောင်းချပေးနေကြောင်း သိရသည်။

ထို့ပြင် ဈေးအရောင်းစင်တာများ၊ Super Market များ၊ Mini Mart များတွင်လည်း ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီ ပေါ်ဆန်း၊ ဧည့်မထဆန်များအား Consumer Pack များဖြင့် ရည်ညွှန်းဈေးနှုန်းများအတိုင်း ပြန်လည်ရောင်းချ ပေးလျက်ရှိပြီး ယခင်ကထက် ပို၍ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ကြောင်း အသိပေး ထားသည်။

အလားတူ အသင်းချုပ်အစီအစဉ်ဖြင့် Good Rice & Good Price ပေါ်ဆန်းဆန်နှင့် ဧည့်မထဆန်များကို (၁၀) ကီလိုအိတ်၊ (၅)ကီလိုအိတ်များဖြင့် လက်လီဆိုင်များမှ တဆင့် ဈေးကွက်အတွင်းပေးပို့ရောင်းချလျက်ရှိပြီး မန္တလေးမြို့၊ နေပြည်တော်နှင့် မော်လမြိုင်မြို့တို့တွင်လည်း ရည်ညွှန်းသတ်မှတ်ဈေးများအတိုင်း Good Rice & Good Price ဆန်များကို ဆက်သွယ်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း MRF က ဆိုထားသည်။

ထို့ပြင် သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများဖြင့် နေပြည်တော်၊ ရန်ကုန်မြို့ နှင့် မန္တလေးမြို့တို့တွင် အိမ် အရောက်ပို့ဝန်ဆောင်မှုစနစ်ဖြင့်လည်း ဇူလိုင်လ(၁)ရက်မှစတင်၍ ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Zawgyi Version;
ေ႐ႊဘိုေပၚဆန္း အပါအဝင္ ဆန္အခ်ိဳ႕ကို သင့္ေတာ္ေသာေဈးႏႈန္းမ်ားျဖင့္ တစ္ႏိုင္ငံလုံးရွိ ဆန္ဆိုင္မ်ားႏွင့္ ဆန္ပြဲ႐ုံမ်ားတြင္ ဆက္တိုက္ေရာင္းခ်ေနဟု MRF ေၾကညာ
ယြန္း (NP News) - ဇြန္ ၃ဝ

ေ႐ႊဘိုေပၚဆန္းဆန္ အပါအဝင္ ဆန္အခ်ိဳ႕ကို သင့္ေတာ္ေသာ ေဈးႏႈန္းမ်ားျဖင့္ တစ္ႏိုင္ငံလုံးရွိ ဆန္ဆိုင္မ်ားႏွင့္ ဆန္ပြဲ႐ုံမ်ားတြင္ ဆက္တိုက္ေရာင္းခ်ေနေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္(MRF) မွ ယမန္ေန႔(ဇြန္လ ၂၉ ရက္) တြင္ အသိေပးထားသည္။

MRF အေနျဖင့္ သင့္တင့္မွ်တေသာ ရည္ၫႊန္းေဈးႏႈန္းမ်ားႏွင့္အညီ ေ႐ႊဘိုေပၚဆန္းဆန္မ်ား၊ ဧရာဝတီေပၚဆန္း ဆန္မ်ား ႏွင့္ ဧည့္မထဆန္မ်ားကို ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလး၊ ပဲခူး ႏွင့္ ဧရာဝတီ အပါအဝင္ တစ္ႏိုင္ငံလုံးရွိ ဆန္စက္မ်ား၊ ဆန္ဆိုင္မ်ား၊ ဆန္ပြဲ႐ုံမ်ားမွ ဆက္တိုက္ေရာင္းခ်ေပးေနေၾကာင္း သိရသည္။

ထို႔ျပင္ ေဈးအေရာင္းစင္တာမ်ား၊ Super Market မ်ား၊ Mini Mart မ်ားတြင္လည္း ေ႐ႊဘိုေပၚဆန္း၊ ဧရာဝတီ ေပၚဆန္း၊ ဧည့္မထဆန္မ်ားအား Consumer Pack မ်ားျဖင့္ ရည္ၫႊန္းေဈးႏႈန္းမ်ားအတိုင္း ျပန္လည္ေရာင္းခ် ေပးလ်က္ရွိၿပီး ယခင္ကထက္ ပို၍ ေစ်းႏႈန္းသက္သာစြာျဖင့္ ဝယ္ယူႏိုင္ေၾကာင္း အသိေပး ထားသည္။

အလားတူ အသင္းခ်ဳပ္အစီအစဥ္ျဖင့္ Good Rice & Good Price ေပၚဆန္းဆန္ႏွင့္ ဧည့္မထဆန္မ်ားကို (၁၀) ကီလိုအိတ္၊ (၅)ကီလိုအိတ္မ်ားျဖင့္ လက္လီဆိုင္မ်ားမွ တဆင့္ ေဈးကြက္အတြင္းေပးပို႔ေရာင္းခ်လ်က္ရွိၿပီး မႏၲေလးၿမိဳ႕၊ ေနျပည္ေတာ္ႏွင့္ ေမာ္လၿမိဳင္ၿမိဳ႕တို႔တြင္လည္း ရည္ၫႊန္းသတ္မွတ္ေဈးမ်ားအတိုင္း Good Rice & Good Price ဆန္မ်ားကို ဆက္သြယ္ဝယ္ယူႏိုင္ၿပီျဖစ္ေၾကာင္း MRF က ဆိုထားသည္။

ထို႔ျပင္ သင့္တင့္မွ်တေသာ ရည္ၫႊန္းေဈးႏႈန္းမ်ားျဖင့္ ေနျပည္ေတာ္၊ ရန္ကုန္ၿမိဳ႕ ႏွင့္ မႏၲေလးၿမိဳ႕တို႔တြင္ အိမ္ အေရာက္ပို႔ဝန္ေဆာင္မႈစနစ္ျဖင့္လည္း ဇူလိုင္လ(၁)ရက္မွစတင္၍ ျဖန႔္ျဖဴးေရာင္းခ်သြားမည္ျဖစ္ေၾကာင္း အသိေပးထားသည္။

Related news

© 2021. All rights reserved.