ဇမ်ဘီယာတွင် စစ်အခြေစိုက်စခန်းတည်ဆောက်သွားမည်မဟုတ်ကြောင်း အမေရိကန်ဖော်ပြ

 647

ALynn (NP News) - ဇွန် ၃ဝ

ဝါရှင်တန်သည် ဇမ်ဘီယာတွင် စစ်အခြေစိုက်စခန်းတစ်ခု တည်ထောင်ရန် အစီအစဉ်မရှိကြောင်း အမေရိကန် အာဖရိကကွပ်ကဲမှုအဖွဲ့ (AFRICOM) မှ သတင်းထောက်များအား ကြာသပတေးနေ့ (ဇွန်လ ၂၇ ရက်) တွင် ပြော ကြားခဲ့သည်။
“အမေရိကန်သည် ဇမ်ဘီယာနိုင်ငံ လွှတ်တော်အမတ်များ နှင့် ဒေသဆိုင်ရာအာဏာပိုင်များ၏ ခွင့်ပြုချက်မရှိဘဲ ဇမ်ဘီယာတွင် အမြဲတမ်း တပ်ဖြန့်ချထားရန် အစီအစဉ်မရှိကြောင်း” AFRICOM တွင် တာဝန်ထမ်းဆောင်နေသော ဗိုလ်ချုပ်ကြီး Michael Langley က ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်အပတ်က ဇမ်ဘီယာပါလီမန်အမတ်များသည် ဒေသအတွင်းအငြင်းပွားမှုများကို ကိုင်တွယ်ရာတွင် အစိုးရ ထံမှ တာဝန်ခံမှုရှိရန် တောင်းဆိုခဲ့ပြီး AFRICOM တပ်ဖွဲ့များကို လက်ခံခြင်းသည် အိမ်နီးချင်းများနှင့် ဆက်ဆံရေးကို ထိခိုက်စေနိုင်ကြောင်း သတိပေးခဲ့သည်။ ဇင်ဘာဘွေသမ္မတ Emmerson Mnangagwa က ယခုလအစောပိုင်းတွင် စိန့်ပီတာစဘတ်သို့ အလည်အပတ်ရောက်ရှိစဉ်အတွင်း ရုရှားသမ္မတ ပူတင်နှင့်တွေ့ဆုံခဲ့ပြီး “အမေရိကန်က ဇမ်ဘီယာအား စစ်ရေးချဲ့ထွင်ရန် ကြိုးပမ်းနေပြီး ယင်းလုပ်ရပ်မှာ ဇမ်ဘီယာကို အိမ်နီးချင်းနိုင်ငံများနှင့် မသင့်မြတ် အောင် လုပ်သလိုဖြစ်နေကြာင်း” ပြောကြားခဲ့သည်။

တောင်အာဖရိက၊ လစ်ဗျားနှင့် နိုင်ဂျီးရီးယားတို့သည် အာဖရိကတွင် AFRICOM ဖြန့်ကျက်မှုကို ယခင်က ဆန့်ကျင်ခဲ့ပြီး ဝါရှင်တန်သည် ရေနံအကျိုးစီးပွားကို ရှေ့တန်းတင်၍ တိုက်ကြီးအပေါ် ၎င်း၏ သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်လာမည့်အရေးကို ဒေသတွင်းနိုင်ငံများက စိုးရိမ်သောကြောင့်ဖြစ်သည်။

မြို့တော်လူဆာကာရှိ အမေရိကန်သံရုံးတွင် AFRICOM ၏ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးစင်တာကို ဝါရှင်တန်မှ စတင်ဖွင့်လှစ်လိုက်ကြောင်း ကြေညာပြီးကတည်းက ဇမ်ဘီယာအစိုးရသည် ကာလရှည်ကြာစွာ အတိုက်အခံ များနှင့် ရင်ဆိုင်ခဲ့ရသည်။ ပင်တဂွန်အရာရှိများက ၎င်းစင်တာ၏ တစ်ခုတည်းသောရည်ရွယ်ချက်မှာ ကုလသမဂ္ဂ မစ်ရှင်လုပ်ငန်းများအတွက် နိုင်ငံ၏ တပ်ဖွဲ့များကို လေ့ကျင့်ပေးရန်သာဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့သည်။
အမေရိကန်သည် ဆာဟယ်လွင်ပြင်ဒေသရှိ အဓိကနိုင်ငံများဖြစ်ကြသော နိုင်ဂျာနှင့် ချတ်တို့မှ ၎င်း၏ စစ်တပ်များ ကို ဖယ်ရှားရန် အမိန့်ထုတ်ခံရပြီးနောက် အာဖရိကဒေသအတွင်း ၎င်း၏တည်ရှိမှုကို ထိန်းသိမ်းရန် ကြိုးပမ်းနေရ သည်။ ယခုသီတင်းပတ်အစောပိုင်းတွင် Langley အပါအဝင် အမေရိကန်စစ်တပ်မှ ထိပ်တန်းအရာရှိများသည် အာဖရိကကာကွယ်ရေးအကြီးအကဲများ၏ AFRICOM ကွန်ဖရင့်ကို ပူးတွဲကျင်းပရန် ဘော့ဆွာနာတွင် ရောက်ရှိနေ ကြသည်။
နိုင်ဂျာမှ ဆုတ်ခွာပြီးနောက် ပင်တဂွန်က မည်သည့်နိုင်ငံများတွင် အခြေစိုက်ရန် စဉ်းစားနေ သနည်းဆိုသည့် မေးခွန်းနှင့်ပတ်သက်၍ AFRICOM မှ တပ်မှူးတစ်ဦးက ယခုအခါ အနောက် အာဖရိကဆီသို့ ဦးတည်နေပြီး ဒေသတွင်း လုံခြုံရေးခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရန် မိတ်ဖက်များနှင့် ဆွေးနွေးနေကြောင်း ပြောကြားခဲ့သည်။

Zawgyi Version;
ဇမ္ဘီယာတြင္ စစ္အေျခစိုက္စခန္းတည္ေဆာက္သြားမည္မဟုတ္ေၾကာင္း အေမရိကန္ေဖာ္ျပ
ALynn (NP News) - ဇြန္ ၃ဝ

ဝါရွင္တန္သည္ ဇမ္ဘီယာတြင္ စစ္အေျခစိုက္စခန္းတစ္ခု တည္ေထာင္ရန္ အစီအစဥ္မရွိေၾကာင္း အေမရိကန္ အာဖရိကကြပ္ကဲမႈအဖြဲ႕ (AFRICOM) မွ သတင္းေထာက္မ်ားအား ၾကာသပေတးေန႔ (ဇြန္လ ၂၇ ရက္) တြင္ ေျပာ ၾကားခဲ့သည္။
“အေမရိကန္သည္ ဇမ္ဘီယာႏိုင္ငံ လႊတ္ေတာ္အမတ္မ်ား ႏွင့္ ေဒသဆိုင္ရာအာဏာပိုင္မ်ား၏ ခြင့္ျပဳခ်က္မရွိဘဲ ဇမ္ဘီယာတြင္ အၿမဲတမ္း တပ္ျဖန႔္ခ်ထားရန္ အစီအစဥ္မရွိေၾကာင္း” AFRICOM တြင္ တာဝန္ထမ္းေဆာင္ေနေသာ ဗိုလ္ခ်ဳပ္ႀကီး Michael Langley က ေဖာ္ျပခဲ့သည္။

ၿပီးခဲ့သည့္အပတ္က ဇမ္ဘီယာပါလီမန္အမတ္မ်ားသည္ ေဒသအတြင္းအျငင္းပြားမႈမ်ားကို ကိုင္တြယ္ရာတြင္ အစိုးရ ထံမွ တာဝန္ခံမႈရွိရန္ ေတာင္းဆိုခဲ့ၿပီး AFRICOM တပ္ဖြဲ႕မ်ားကို လက္ခံျခင္းသည္ အိမ္နီးခ်င္းမ်ားႏွင့္ ဆက္ဆံေရးကို ထိခိုက္ေစႏိုင္ေၾကာင္း သတိေပးခဲ့သည္။ ဇင္ဘာေဘြသမၼတ Emmerson Mnangagwa က ယခုလအေစာပိုင္းတြင္ စိန႔္ပီတာစဘတ္သို႔ အလည္အပတ္ေရာက္ရွိစဥ္အတြင္း ႐ုရွားသမၼတ ပူတင္ႏွင့္ေတြ႕ဆုံခဲ့ၿပီး “အေမရိကန္က ဇမ္ဘီယာအား စစ္ေရးခ်ဲ႕ထြင္ရန္ ႀကိဳးပမ္းေနၿပီး ယင္းလုပ္ရပ္မွာ ဇမ္ဘီယာကို အိမ္နီးခ်င္းႏိုင္ငံမ်ားႏွင့္ မသင့္ျမတ္ ေအာင္ လုပ္သလိုျဖစ္ေနၾကာင္း” ေျပာၾကားခဲ့သည္။

ေတာင္အာဖရိက၊ လစ္ဗ်ားႏွင့္ ႏိုင္ဂ်ီးရီးယားတို႔သည္ အာဖရိကတြင္ AFRICOM ျဖန႔္က်က္မႈကို ယခင္က ဆန႔္က်င္ခဲ့ၿပီး ဝါရွင္တန္သည္ ေရနံအက်ိဳးစီးပြားကို ေရွ႕တန္းတင္၍ တိုက္ႀကီးအေပၚ ၎၏ ၾသဇာလႊမ္းမိုးမႈကို ခ်ဲ႕ထြင္လာမည့္အေရးကို ေဒသတြင္းႏိုင္ငံမ်ားက စိုးရိမ္ေသာေၾကာင့္ျဖစ္သည္။

ၿမိဳ႕ေတာ္လူဆာကာရွိ အေမရိကန္သံ႐ုံးတြင္ AFRICOM ၏ လုံၿခဳံေရး ပူးေပါင္းေဆာင္႐ြက္ေရးစင္တာကို ဝါရွင္တန္မွ စတင္ဖြင့္လွစ္လိုက္ေၾကာင္း ေၾကညာၿပီးကတည္းက ဇမ္ဘီယာအစိုးရသည္ ကာလရွည္ၾကာစြာ အတိုက္အခံ မ်ားႏွင့္ ရင္ဆိုင္ခဲ့ရသည္။ ပင္တဂြန္အရာရွိမ်ားက ၎စင္တာ၏ တစ္ခုတည္းေသာရည္႐ြယ္ခ်က္မွာ ကုလသမဂၢ မစ္ရွင္လုပ္ငန္းမ်ားအတြက္ ႏိုင္ငံ၏ တပ္ဖြဲ႕မ်ားကို ေလ့က်င့္ေပးရန္သာျဖစ္ေၾကာင္း အခိုင္အမာေျပာဆိုခဲ့သည္။
အေမရိကန္သည္ ဆာဟယ္လြင္ျပင္ေဒသရွိ အဓိကႏိုင္ငံမ်ားျဖစ္ၾကေသာ ႏိုင္ဂ်ာႏွင့္ ခ်တ္တို႔မွ ၎၏ စစ္တပ္မ်ား ကို ဖယ္ရွားရန္ အမိန႔္ထုတ္ခံရၿပီးေနာက္ အာဖရိကေဒသအတြင္း ၎၏တည္ရွိမႈကို ထိန္းသိမ္းရန္ ႀကိဳးပမ္းေနရ သည္။ ယခုသီတင္းပတ္အေစာပိုင္းတြင္ Langley အပါအဝင္ အေမရိကန္စစ္တပ္မွ ထိပ္တန္းအရာရွိမ်ားသည္ အာဖရိကကာကြယ္ေရးအႀကီးအကဲမ်ား၏ AFRICOM ကြန္ဖရင့္ကို ပူးတြဲက်င္းပရန္ ေဘာ့ဆြာနာတြင္ ေရာက္ရွိေန ၾကသည္။
ႏိုင္ဂ်ာမွ ဆုတ္ခြာၿပီးေနာက္ ပင္တဂြန္က မည္သည့္ႏိုင္ငံမ်ားတြင္ အေျခစိုက္ရန္ စဥ္းစားေန သနည္းဆိုသည့္ ေမးခြန္းႏွင့္ပတ္သက္၍ AFRICOM မွ တပ္မႉးတစ္ဦးက ယခုအခါ အေနာက္ အာဖရိကဆီသို႔ ဦးတည္ေနၿပီး ေဒသတြင္း လုံၿခဳံေရးၿခိမ္းေျခာက္မႈမ်ားကို ကိုင္တြယ္ေျဖရွင္းရန္ မိတ္ဖက္မ်ားႏွင့္ ေဆြးေႏြးေနေၾကာင္း ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.