အီရန်သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့ကို ဇူလိုင် ၅ ရက်နေ့မှာထပ်မံ ကျင်းပမယ်

 292

ဂျန်ဇက် (NP News) - ဇူလိုင် ၁

အီရန်သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့ထပ်မံကျင်းပရဖွယ်ရှိနေကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အီရန်နိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲအတွင်း ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ သမ္မတလောင်းတွေဟာ လုံလောက်တဲ့ မဲအရေအတွက် မရတဲ့အတွက် ဒုတိယအကျော့ထပ်မံ ယှဉ်ပြိုင်ရမှာဖြစ် ကြောင်း သိရပါတယ်။

အီရန်သမ္မတ အီဘရာဟင်ရိုင်စီဟာ မေလ ၁၉ ရက်နေ့က အီရန်နိုင်ငံအရှေ့ပိုင်းမှာ ရဟတ် ယာဉ် ပျက်ကျကာသေဆုံးခဲ့ပြီးနောက် အီရန်သမ္မတအသစ်ရွေးချယ်နိုင်ဖို့ ထပ်မံကျင်းပရတာဖြစ်ပါတယ်။ အီရန်သမ္မတအသစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့သူတွေထဲမှာ Pezeshkian ဆိုသူက မဲပေးခွင့်ရှိသူအားလုံးရဲ့ ၄၂ ရာခိုင်နှုန်းဖြစ်တဲ့ ထောက်ခံမဲ ၁၀ ဒသမ ၄ သန်းကျော်ရရှိခဲ့ပြီး Jalili က မဲပေးခွင့်ရှိသူအားလုံးရဲ့ ၃၈ ဒသမ ၆၁ ရာခိုင်နှုန်းဖြစ်တဲ့ ထေက်ခံမဲ ၉ ဒသမ ၅ သန်းရရှိခဲ့ပါတယ်။ Mohammad Baqer Qalibaf ဆိုသူက ဆန္ဒမဲအားလုံးရဲ့ ၁၃ ဒသမ ၇၈ ရာခိုင်နှုန်း၊ Mostafa Pourmohammadi ဆိုသူက ဆန္ဒမဲအားလုံးရဲ့ ၀ ဒသမ ၈၄ ရာခိုင်နှုန်းရရှိခဲ့ကြောင်းသိရပါတယ်။

အီရန်နိုင်ငံရဲ့ဥပဒေမှာ သမ္မတတစ်ဦးအဖြစ် သတ်မှတ်ခံရဖို့ ဆန္ဒမဲအားလုံးရဲ့အနည်းဆုံး ၅၀ ရာခိုင်နှုန်းအထက်ရရှိဖို့ လိုအပ်နေရာ ပါဝင်ယှဉ်ပြိုင်တဲ့ သမ္မတလောင်းတွေဟာ သတ်မှတ်ထားတဲ့အရေအတွက်ကို ရယူနိုင်ခြင်းမရှိခဲ့ကြောင်းသိရပါတယ်။ ထို့အတွက်ကြောင့် သမ္မတရွေးကောက်ပွဲပထမအဆင့်မှာ မဲအများဆုံးရရှိခဲ့သူနှစ်ဦးဟာ ဇူလိုင်လ ၅ ရက်နေ့မှာ သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့ကိုထပ်မံယှဉ်ပြိုင်ရဖွယ်ရှိတယ်လို့ သိရပါတယ်။

zawgyi version
အီရန္သမၼတေ႐ြးေကာက္ပြဲ ဒုတိယအေက်ာ့ကို ဇူလိုင္ ၅ ရက္ေန႔မွာထပ္မံ က်င္းပမယ္
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁

အီရန္သမၼတေ႐ြးေကာက္ပြဲ ဒုတိယအေက်ာ့ထပ္မံက်င္းပရဖြယ္ရွိေနေၾကာင္း ျပင္သစ္ျပည္ထဲေရးဝန္ႀကီးက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ အီရန္ႏိုင္ငံမွာ ၿပီးခဲ့တဲ့ရက္ပိုင္းက က်င္းပခဲ့တဲ့ သမၼတေ႐ြးေကာက္ပြဲအတြင္း ပါဝင္ယွဥ္ၿပိဳင္ခဲ့တဲ့ သမၼတေလာင္းေတြဟာ လုံေလာက္တဲ့ မဲအေရအတြက္ မရတဲ့အတြက္ ဒုတိယအေက်ာ့ထပ္မံ ယွဥ္ၿပိဳင္ရမွာျဖစ္ ေၾကာင္း သိရပါတယ္။

အီရန္သမၼတ အီဘရာဟင္႐ိုင္စီဟာ ေမလ ၁၉ ရက္ေန႔က အီရန္ႏိုင္ငံအေရွ႕ပိုင္းမွာ ရဟတ္ ယာဥ္ ပ်က္က်ကာေသဆုံးခဲ့ၿပီးေနာက္ အီရန္သမၼတအသစ္ေ႐ြးခ်ယ္ႏိုင္ဖို႔ ထပ္မံက်င္းပရတာျဖစ္ပါတယ္။ အီရန္သမၼတအသစ္ေ႐ြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခဲ့သူေတြထဲမွာ Pezeshkian ဆိုသူက မဲေပးခြင့္ရွိသူအားလုံးရဲ႕ ၄၂ ရာခိုင္ႏႈန္းျဖစ္တဲ့ ေထာက္ခံမဲ ၁၀ ဒသမ ၄ သန္းေက်ာ္ရရွိခဲ့ၿပီး Jalili က မဲေပးခြင့္ရွိသူအားလုံးရဲ႕ ၃၈ ဒသမ ၆၁ ရာခိုင္ႏႈန္းျဖစ္တဲ့ ေထက္ခံမဲ ၉ ဒသမ ၅ သန္းရရွိခဲ့ပါတယ္။ Mohammad Baqer Qalibaf ဆိုသူက ဆႏၵမဲအားလုံးရဲ႕ ၁၃ ဒသမ ၇၈ ရာခိုင္ႏႈန္း၊ Mostafa Pourmohammadi ဆိုသူက ဆႏၵမဲအားလုံးရဲ႕ ၀ ဒသမ ၈၄ ရာခိုင္ႏႈန္းရရွိခဲ့ေၾကာင္းသိရပါတယ္။

အီရန္ႏိုင္ငံရဲ႕ဥပေဒမွာ သမၼတတစ္ဦးအျဖစ္ သတ္မွတ္ခံရဖို႔ ဆႏၵမဲအားလုံးရဲ႕အနည္းဆုံး ၅၀ ရာခိုင္ႏႈန္းအထက္ရရွိဖို႔ လိုအပ္ေနရာ ပါဝင္ယွဥ္ၿပိဳင္တဲ့ သမၼတေလာင္းေတြဟာ သတ္မွတ္ထားတဲ့အေရအတြက္ကို ရယူႏိုင္ျခင္းမရွိခဲ့ေၾကာင္းသိရပါတယ္။ ထို႔အတြက္ေၾကာင့္ သမၼတေ႐ြးေကာက္ပြဲပထမအဆင့္မွာ မဲအမ်ားဆုံးရရွိခဲ့သူႏွစ္ဦးဟာ ဇူလိုင္လ ၅ ရက္ေန႔မွာ သမၼတေ႐ြးေကာက္ပြဲ ဒုတိယအေက်ာ့ကိုထပ္မံယွဥ္ၿပိဳင္ရဖြယ္ရွိတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.