တရုတ်က ဟောင်ကောင်ကို ပန်ဒါလက်ဆောင် လွှဲပြောင်းပေးအပ်

 1080

ရောင်နီ(NP News) - ဇူလိုင် ၃

တရုတ်နိုင်ငံနဲ့ ဆက်ဆံရေး ၂၇ နှစ်ပြည့်မြောက် အထိမ်းအမှတ်အဖြစ် တရုတ်က ဟောင်ကောင်ကို ပန်ဒါကြီးတစ်ကောင် ပေးအပ်သွားမှာ ဖြစ်တယ်လို့ ဟောင်ကောင် မြို့တော်ခေါင်းဆောင် ဂျွန်လီက ဇူလိုင်လ ၁ ရက်မှာ ကြေညာခဲ့ပါတယ်။

အဆိုပါ လက်ဆောင်ဟာ တရုတ်ရဲ့ ဂရုစိုက်မှုနဲ့ ထောက်ခံမှုကို အပြည့်အဝပြသနေတာ ဖြစ်တယ်လို့ မစ္စတာလီက ဆိုပါတယ်။ တရုတ်ရဲ့ လက်ဆောင် ပန်ဒါတွေကတော့ ဟောင်ကောင်ကို လပိုင်းအတွင်း ရောက်ရှိမယ်လို့ သိရပါတယ်။ ဟောင်ကောင်ဟာ ၁၉၉၇ ခုနှစ်ကစ တရုတ်နိုင်ငံရဲ့ တစ်နိုင်ငံ၊ စနစ်နှစ်ခု အုပ်ချုပ်မှုပုံစံ လွှဲပြောင်းခြင်းကို ရရှိခဲ့ခြင်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ သံတမန် လက်ဆောင်အဖြစ် ပန်ဒါတွေ ပေးအပ်ခြင်းဟာ တန်မင်းဆက် (၆၁၈-၉၀၇)ထဲက စတင်ခဲ့တာဖြစ်ပြီး အဲဒီအစဉ်အလာဟာ ရာစုနှစ်များစွာကြာ ဆက်လက်တည်ရှိနေပြီး ပန်ဒါသံတမန်ဆက်ဆံရေးလို့လည်း ခေါ်ဆိုကြပါတယ်။

zawgyi version
တ႐ုတ္က ေဟာင္ေကာင္ကို ပန္ဒါလက္ေဆာင္ လႊဲေျပာင္းေပးအပ္
ေရာင္နီ(NP News) - ဇူလိုင္ ၃

တ႐ုတ္ႏိုင္ငံနဲ႔ ဆက္ဆံေရး ၂၇ ႏွစ္ျပည့္ေျမာက္ အထိမ္းအမွတ္အျဖစ္ တ႐ုတ္က ေဟာင္ေကာင္ကို ပန္ဒါႀကီးတစ္ေကာင္ ေပးအပ္သြားမွာ ျဖစ္တယ္လို႔ ေဟာင္ေကာင္ ၿမိဳ႕ေတာ္ေခါင္းေဆာင္ ဂြၽန္လီက ဇူလိုင္လ ၁ ရက္မွာ ေၾကညာခဲ့ပါတယ္။

အဆိုပါ လက္ေဆာင္ဟာ တ႐ုတ္ရဲ႕ ဂ႐ုစိုက္မႈနဲ႔ ေထာက္ခံမႈကို အျပည့္အဝျပသေနတာ ျဖစ္တယ္လို႔ မစၥတာလီက ဆိုပါတယ္။ တ႐ုတ္ရဲ႕ လက္ေဆာင္ ပန္ဒါေတြကေတာ့ ေဟာင္ေကာင္ကို လပိုင္းအတြင္း ေရာက္ရွိမယ္လို႔ သိရပါတယ္။ ေဟာင္ေကာင္ဟာ ၁၉၉၇ ခုႏွစ္ကစ တ႐ုတ္ႏိုင္ငံရဲ႕ တစ္ႏိုင္ငံ၊ စနစ္ႏွစ္ခု အုပ္ခ်ဳပ္မႈပုံစံ လႊဲေျပာင္းျခင္းကို ရရွိခဲ့ျခင္း ျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ သံတမန္ လက္ေဆာင္အျဖစ္ ပန္ဒါေတြ ေပးအပ္ျခင္းဟာ တန္မင္းဆက္ (၆၁၈-၉၀၇)ထဲက စတင္ခဲ့တာျဖစ္ၿပီး အဲဒီအစဥ္အလာဟာ ရာစုႏွစ္မ်ားစြာၾကာ ဆက္လက္တည္ရွိေနၿပီး ပန္ဒါသံတမန္ဆက္ဆံေရးလို႔လည္း ေခၚဆိုၾကပါတယ္။

Related news

© 2021. All rights reserved.