အိန္ဒိယမှာ လူသေဆုံးမှုရဲ့ ၇ ရာခိုင်နှုန်း ဟာ လေထုညစ်ညမ်းမှုကြောင့်ဖြစ်

 239

ရောင်နီ (NP News) - ဇူလိုင် ၅

အိန္ဒိယနိုင်ငံရဲ့အကြီးဆုံး မြို့ကြီး ၁၀ မြို့မှာ လူသေဆုံးမှုအားလုံးရဲ့ ၇ ရာခိုင်နှုန်းကျော်ဟာ လေထုညစ်ညမ်းမှုနဲ့ ဆက်စပ်နေတယ်လို့ ဇူလိုင်လ ၄ ရက်က The Lancet Planetary Health ဂျာနယ်မှာ ဖော်ပြခဲ့တဲ့လေ့လာမှုအရ လေ့လာမှုတစ်ခုအရ သိရပါတယ်။

မြို့တော် နယူးဒေလီဆိုရင် မီးခိုးမြူတွေ ပြည့်နှက်နေပြီး ကမ္ဘာ့အဆိုးရွားဆုံး လေထုညစ်ညမ်းမှုဖြစ်နေကာ နေထိုင်သူတွေအတွက် အဆုတ်ကျန်းမာရေးခြိမ်းခြောက်မှုတွေ မြင့်တက်လာတယ်လို့ သုတေသီတွေက ဆိုပါတယ်။ အယ်မန်ဒါဘက်၊ ဘင်ဂါလူရူ၊ ချန်နိုင်း၊ ဒေလီ၊ ဟိုင်ဒါရာဘက်၊ ကိုလ်ကာတာ၊ မွန်ဘိုင်း၊ ပူနယ်၊ ရှန်လာ နဲ့ ဝါဆာနာစီမြို့တွေမှာ ကင်ဆာဖြစ်စေနိုင်တဲ့ မိုက်ခရိုအမှုန်အမွှား အဆင့်ကို PM2.5 တွေကို တွေ့ရတယ်လို့ ဆိုပါတယ်။ ၂၀၀၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း တစ်နှစ်ကို သေဆုံးသူ ၃၃,၀၀၀ ကျော်ရှိပြီး သေဆုံးမှုရဲ့ ၇.၂ ရာခိုင်နှုန်းဟာ လေထုညစ်ညမ်းမှုကြောင့်ဖြစ်တယ်လို့ ၎င်းတို့က ဆိုထားပါတယ်။

အိန္ဒိယနိုင်ငံရဲ့မြို့တော် နယူးဒေလီကတော့ လေထုညစ်ညမ်းမှုနဲ့ဆက်စပ်ပြီး နှစ်စဉ်သေဆုံးမှုဟာ ၁၂,၀၀၀ ထိ သို့မဟုတ် စုစုပေါင်းသေဆုံးမှုရဲ့ ၁၁.၅ ရာခိုင်နှုန်းထိ ရှိနေတယ်လို့ သိရပါတယ်။ ဒါကြောင့် လေထုသန့်စင်ရေး အတွက် ကြိုးပမ်းမှုတွေ လုပ်သင့်နေပြီလိုု့ WHO က သတိပေးထားပါတယ်။ ကမ္ဘာပေါ်မှာ လူတိုင်းနီးပါး လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ အဆုတ်ကင်ဆာနဲ့ အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေကို ဖြစ်စေနိုင်တဲ့ ညစ်ညမ်းတဲ့လေထုကို ရူရှိုက်မိနေတယ်လို့ WHO က ဆိုပါတယ်။

Zawgyi Version;
အိႏၵိယမွာ လူေသဆုံးမႈရဲ႕ ၇ ရာခိုင္ႏႈန္း ဟာ ေလထုညစ္ညမ္းမႈေၾကာင့္ျဖစ္
ေရာင္နီ (NP News) - ဇူလိုင္ ၅

အိႏၵိယႏိုင္ငံရဲ႕အႀကီးဆုံး ၿမိဳ႕ႀကီး ၁၀ ၿမိဳ႕မွာ လူေသဆုံးမႈအားလုံးရဲ႕ ၇ ရာခိုင္ႏႈန္းေက်ာ္ဟာ ေလထုညစ္ညမ္းမႈနဲ႔ ဆက္စပ္ေနတယ္လို႔ ဇူလိုင္လ ၄ ရက္က The Lancet Planetary Health ဂ်ာနယ္မွာ ေဖာ္ျပခဲ့တဲ့ေလ့လာမႈအရ ေလ့လာမႈတစ္ခုအရ သိရပါတယ္။

ၿမိဳ႕ေတာ္ နယူးေဒလီဆိုရင္ မီးခိုးျမဴေတြ ျပည့္ႏွက္ေနၿပီး ကမာၻ႔အဆိုး႐ြားဆုံး ေလထုညစ္ညမ္းမႈျဖစ္ေနကာ ေနထိုင္သူေတြအတြက္ အဆုတ္က်န္းမာေရးၿခိမ္းေျခာက္မႈေတြ ျမင့္တက္လာတယ္လို႔ သုေတသီေတြက ဆိုပါတယ္။ အယ္မန္ဒါဘက္၊ ဘင္ဂါလူ႐ူ၊ ခ်န္ႏိုင္း၊ ေဒလီ၊ ဟိုင္ဒါရာဘက္၊ ကိုလ္ကာတာ၊ မြန္ဘိုင္း၊ ပူနယ္၊ ရွန္လာ နဲ႔ ဝါဆာနာစီၿမိဳ႕ေတြမွာ ကင္ဆာျဖစ္ေစႏိုင္တဲ့ မိုက္ခ႐ိုအမႈန္အမႊား အဆင့္ကို PM2.5 ေတြကို ေတြ႕ရတယ္လို႔ ဆိုပါတယ္။ ၂၀၀၈ ခုႏွစ္မွ ၂၀၁၉ ခုႏွစ္အတြင္း တစ္ႏွစ္ကို ေသဆုံးသူ ၃၃,၀၀၀ ေက်ာ္ရွိၿပီး ေသဆုံးမႈရဲ႕ ၇.၂ ရာခိုင္ႏႈန္းဟာ ေလထုညစ္ညမ္းမႈေၾကာင့္ျဖစ္တယ္လို႔ ၎တို႔က ဆိုထားပါတယ္။

အိႏၵိယႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ နယူးေဒလီကေတာ့ ေလထုညစ္ညမ္းမႈနဲ႔ဆက္စပ္ၿပီး ႏွစ္စဥ္ေသဆုံးမႈဟာ ၁၂,၀၀၀ ထိ သို႔မဟုတ္ စုစုေပါင္းေသဆုံးမႈရဲ႕ ၁၁.၅ ရာခိုင္ႏႈန္းထိ ရွိေနတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ေလထုသန႔္စင္ေရး အတြက္ ႀကိဳးပမ္းမႈေတြ လုပ္သင့္ေနၿပီလိုု႔ WHO က သတိေပးထားပါတယ္။ ကမာၻေပၚမွာ လူတိုင္းနီးပါး ေလျဖတ္ျခင္း၊ ႏွလုံးေရာဂါ၊ အဆုတ္ကင္ဆာနဲ႔ အျခားအသက္ရႉလမ္းေၾကာင္းဆိုင္ရာေရာဂါေတြကို ျဖစ္ေစႏိုင္တဲ့ ညစ္ညမ္းတဲ့ေလထုကို ႐ူရႈိက္မိေနတယ္လို႔ WHO က ဆိုပါတယ္။

Related news

© 2021. All rights reserved.