ရွေးကောက်ပွဲမရှိဘဲ လက်ရှိအတိုင်း ဆက်သွားနေပါက မည်သည့်ကိစ္စမျှ ကောင်းလာစရာအကြောင်းမရှိဟု PNLO ဦးဆောင်နာယကပြော

 1306

မြူနစ်(NP News) - ဇူလိုင် ၅

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲမရှိဘဲ လက်ရှိအတိုင်းဆက်သွားနေပါက မည်သည့်ကိစ္စမျှ ကောင်းလာစရာအကြောင်းမရှိဟု ပအိုးဝ်အမျိုးသားလွှတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)ဦးဆောင်နာယက က ပြောသည်။

လာမည့် ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပေါ်လာဖွယ်ရှိသည့် ရွေးကောက်ပွဲနှင့်ပတ် သက်၍ NP News က PNLO ဦးဆောင်နာယကဗိုလ်မှူးကြီး ခွန်ဥက္ကာအား ဆက်သွယ်မေးမြန်းရာတွင် ၎င်းက အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ ၂၀၂၅ ခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုတင်ပြင်ဆင်နေကြောင်း နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့သော ရက်ပိုင်းအတွင်း၌ ထုတ်ဖော်ပြောကြားထားသည်။

“ရွေးကောက်ပွဲသာလျှင် အကူးအပြောင်းတစ်ခုကို သယ်ဆောင်သွားနိုင်တာပဲ ဖြစ်ပါတယ်။ အခုလို (၆)လ (၆)လ သက်တမ်းတိုးနေတာနဲ့သွားပြီးတော့ သက်တမ်းမတိုးချင်ရင်လည်း ဖွဲ့စည်းပုံ ရုပ်သိမ်းပြီးတော့ အပြီးအပိုင်အာဏာသိမ်းတဲ့ပုံစံမျိုးဖြစ်သွားရင်တော့လည်း တိုင်းပြည်အတွက်က ဘယ်လိုမှမကောင်းနိုင်ဘူး။ ဒါကြောင့် ရွေးကောက်ပွဲဆိုတာက လက်ရှိ စစ်ကောင်စီ(နစက)ရဲ့ ထွက်ပေါက်ထက်ကို တိုင်းသူ ပြည်သားတွေရဲ့ စီးပွားရေး၊ ကျန်းမားရေး အစစအရာရာ ပြန်လည်ပြုပြင် ပြောင်းလဲပြီးတော့ ပြန်လည်ဖော်ဆောင်ဖို့ လုပ်နိုင်တဲ့အခွင့်အရေးက ရွေးကောက်ပွဲကပဲစပြီးတော့ တံခါးပွင့်သွားမယ်လို့ ကျွန်တော် ယူဆတယ်” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

နိုင်ငံအတွင်း၌ ရွေးကောက်ပွဲ ပြန်လည်ကျင်းပခြင်းဖြင့် လက်ရှိပဋိပက္ခကနေ ထွက်ပေါက်ရရှိနိုင် သည့်အခြေအနေရှိပြီး ရွေးကောက်ပွဲသည် နစကအတွက် ထွက်ပေါက်ဟုပြောဆို၍မရနိုင်သလို တစ်နိုင်ငံလုံးအတွက် ထွက်ပေါက်ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ နိုင်ငံအတွင်း၌ ရွေးကောက်ပွဲဖြစ်ပွားလာပါက အစိုးရအသစ်အပါအဝင် လွှတ် တော်တို့ ပေါ်ပေါက်လာမည်ဖြစ်ပြီး အုပ်ချုပ်မှုအာဏာသည်လည်း ပြန့်ကျဲသွားနိုင်သွားကြောင်း PNLO ဦးဆောင်နာယကက ဆိုသည်။

“ရွေးကောက်ပွဲပေါ်လာရင်တော့ ဘာပဲဖြစ်ဖြစ် အာဏာချိန်ခွင်လျှာကတော့ နည်းနည်းလေး ပြန့်ကျဲ သွားနိုင်တယ်။ လောလောဆယ်ကတော့ အာဏာ ဗဟိုချက်က တစ်ခုတည်းမှာ ရှိနေတဲ့အခါကျတော့ လုပ်ရကိုင်ရထိန်းရကျောင်းရတာခက်တော့ ဘယ်ကိစ္စကိုမှ ပြုပြင်ပြောင်းလဲလို့မရဘူး ဖြစ်နေတယ်။ ရွေးကောက်ပွဲပေါ်လာရင်တော့ အစိုးရသစ်ပေါ်လာမယ်၊ လွှတ်တော်ဆိုတာ ပေါ်လာမယ်၊ နောက်ပြီးတော့ နိုင်ငံရေးပါတီတွေရဲ့အခန်းကဏ္ဍက အရေးကြီးလာမယ်၊ အဲဒီလိုဖြစ်လာရင်တော့ အာဏာချိန်ခွင်လျှာက check and balance ဖြစ်လာပြီးတော့ ဘာပဲဖြစ်ဖြစ် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး တခြားငွေရေးကြေးရေးပေါ့ အားလုံး အထွေထွေအကျပ်အတည်းကနေ ပြန်ပြီးတော့ ဦးမော့လာနိုင်တဲ့လမ်းစတော့ ရွေးကောက်ပွဲကနေ ပေါ်လာနိုင်ပါတယ်။ ရွေးကောက်ပွဲ မရှိဘဲနဲ့ ဒီအတိုင်းသွားရင်းတော့ ဘယ်ကိစ္စမှ ကောင်းလာဖို့အကြောင်းမရှိဘူးလို့ ကျွန်တော်မြင်ပါတယ်” ဟု ၎င်းကပြောသည်။

နစကအစိုးရအနေဖြင့် အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်နေရေးအတွက် မဲစာရင်းအပါအဝင် အခြားကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းစဉ်များကို လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်အရ လက်ရှိတွင် မှတ်ပုံတင်လျှောက်ထားသည့် နိုင်ငံရေးပါတီပေါင်းမှာ (၇၀)ဝန်းကျင်ခန့်ရှိပြီး မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးသော ပါတီပေါင်းမှာ (၄၅)ပါတီထက်မနည်း ရှိကြောင်း သိရသည်။

zawgyi version
ေ႐ြးေကာက္ပြဲမရွိဘဲ လက္ရွိအတိုင္း ဆက္သြားေနပါက မည္သည့္ကိစၥမွ် ေကာင္းလာစရာအေၾကာင္းမရွိဟု PNLO ဦးေဆာင္နာယကေျပာ
ျမဴနစ္(NP News) - ဇူလိုင္ ၅

ျမန္မာႏိုင္ငံတြင္ ေ႐ြးေကာက္ပြဲမရွိဘဲ လက္ရွိအတိုင္းဆက္သြားေနပါက မည္သည့္ကိစၥမွ် ေကာင္းလာစရာအေၾကာင္းမရွိဟု ပအိုးဝ္အမ်ိဳးသားလႊတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ (PNLO)ဦးေဆာင္နာယက က ေျပာသည္။

လာမည့္ ၂၀၂၅ ခုႏွစ္အတြင္း ျဖစ္ေပၚလာဖြယ္ရွိသည့္ ေ႐ြးေကာက္ပြဲႏွင့္ပတ္ သက္၍ NP News က PNLO ဦးေဆာင္နာယကဗိုလ္မႉးႀကီး ခြန္ဥကၠာအား ဆက္သြယ္ေမးျမန္းရာတြင္ ၎က အထက္ပါကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္း ျဖစ္သည္။ ၂၀၂၅ ခုႏွစ္အတြင္း အေထြေထြေ႐ြးေကာက္ပြဲက်င္းပႏိုင္ရန္ ႀကိဳတင္ျပင္ဆင္ေနေၾကာင္း နစက ဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ၿပီးခဲ့ေသာ ရက္ပိုင္းအတြင္း၌ ထုတ္ေဖာ္ေျပာၾကားထားသည္။

“ေ႐ြးေကာက္ပြဲသာလွ်င္ အကူးအေျပာင္းတစ္ခုကို သယ္ေဆာင္သြားႏိုင္တာပဲ ျဖစ္ပါတယ္။ အခုလို (၆)လ (၆)လ သက္တမ္းတိုးေနတာနဲ႔သြားၿပီးေတာ့ သက္တမ္းမတိုးခ်င္ရင္လည္း ဖြဲ႕စည္းပုံ ႐ုပ္သိမ္းၿပီးေတာ့ အၿပီးအပိုင္အာဏာသိမ္းတဲ့ပုံစံမ်ိဳးျဖစ္သြားရင္ေတာ့လည္း တိုင္းျပည္အတြက္က ဘယ္လိုမွမေကာင္းႏိုင္ဘူး။ ဒါေၾကာင့္ ေ႐ြးေကာက္ပြဲဆိုတာက လက္ရွိ စစ္ေကာင္စီ(နစက)ရဲ႕ ထြက္ေပါက္ထက္ကို တိုင္းသူ ျပည္သားေတြရဲ႕ စီးပြားေရး၊ က်န္းမားေရး အစစအရာရာ ျပန္လည္ျပဳျပင္ ေျပာင္းလဲၿပီးေတာ့ ျပန္လည္ေဖာ္ေဆာင္ဖို႔ လုပ္ႏိုင္တဲ့အခြင့္အေရးက ေ႐ြးေကာက္ပြဲကပဲစၿပီးေတာ့ တံခါးပြင့္သြားမယ္လို႔ ကြၽန္ေတာ္ ယူဆတယ္” ဟု ဗိုလ္မႉးႀကီးခြန္ဥကၠာက ေျပာသည္။

ႏိုင္ငံအတြင္း၌ ေ႐ြးေကာက္ပြဲ ျပန္လည္က်င္းပျခင္းျဖင့္ လက္ရွိပဋိပကၡကေန ထြက္ေပါက္ရရွိႏိုင္ သည့္အေျခအေနရွိၿပီး ေ႐ြးေကာက္ပြဲသည္ နစကအတြက္ ထြက္ေပါက္ဟုေျပာဆို၍မရႏိုင္သလို တစ္ႏိုင္ငံလုံးအတြက္ ထြက္ေပါက္ျဖစ္ႏိုင္ေၾကာင္း ၎က ဆက္လက္ေျပာသည္။ ႏိုင္ငံအတြင္း၌ ေ႐ြးေကာက္ပြဲျဖစ္ပြားလာပါက အစိုးရအသစ္အပါအဝင္ လႊတ္ ေတာ္တို႔ ေပၚေပါက္လာမည္ျဖစ္ၿပီး အုပ္ခ်ဳပ္မႈအာဏာသည္လည္း ျပန႔္က်ဲသြားႏိုင္သြားေၾကာင္း PNLO ဦးေဆာင္နာယကက ဆိုသည္။

“ေ႐ြးေကာက္ပြဲေပၚလာရင္ေတာ့ ဘာပဲျဖစ္ျဖစ္ အာဏာခ်ိန္ခြင္လွ်ာကေတာ့ နည္းနည္းေလး ျပန႔္က်ဲ သြားႏိုင္တယ္။ ေလာေလာဆယ္ကေတာ့ အာဏာ ဗဟိုခ်က္က တစ္ခုတည္းမွာ ရွိေနတဲ့အခါက်ေတာ့ လုပ္ရကိုင္ရထိန္းရေက်ာင္းရတာခက္ေတာ့ ဘယ္ကိစၥကိုမွ ျပဳျပင္ေျပာင္းလဲလို႔မရဘူး ျဖစ္ေနတယ္။ ေ႐ြးေကာက္ပြဲေပၚလာရင္ေတာ့ အစိုးရသစ္ေပၚလာမယ္၊ လႊတ္ေတာ္ဆိုတာ ေပၚလာမယ္၊ ေနာက္ၿပီးေတာ့ ႏိုင္ငံေရးပါတီေတြရဲ႕အခန္းက႑က အေရးႀကီးလာမယ္၊ အဲဒီလိုျဖစ္လာရင္ေတာ့ အာဏာခ်ိန္ခြင္လွ်ာက check and balance ျဖစ္လာၿပီးေတာ့ ဘာပဲျဖစ္ျဖစ္ ပညာေရး၊ စီးပြားေရး၊ က်န္းမာေရး တျခားေငြေရးေၾကးေရးေပါ့ အားလုံး အေထြေထြအက်ပ္အတည္းကေန ျပန္ၿပီးေတာ့ ဦးေမာ့လာႏိုင္တဲ့လမ္းစေတာ့ ေ႐ြးေကာက္ပြဲကေန ေပၚလာႏိုင္ပါတယ္။ ေ႐ြးေကာက္ပြဲ မရွိဘဲနဲ႔ ဒီအတိုင္းသြားရင္းေတာ့ ဘယ္ကိစၥမွ ေကာင္းလာဖို႔အေၾကာင္းမရွိဘူးလို႔ ကြၽန္ေတာ္ျမင္ပါတယ္” ဟု ၎ကေျပာသည္။

နစကအစိုးရအေနျဖင့္ အေထြေထြေ႐ြးေကာက္ပြဲ က်င္းပႏိုင္ေနေရးအတြက္ မဲစာရင္းအပါအဝင္ အျခားႀကိဳတင္ျပင္ဆင္ရမည့္လုပ္ငန္းစဥ္မ်ားကို လုပ္ေဆာင္ေနလ်က္ရွိေၾကာင္း သိရသည္။ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္၏ ႏိုင္ငံေရးပါတီမ်ားမွတ္ပုံတင္ျခင္း ဥပေဒသစ္အရ လက္ရွိတြင္ မွတ္ပုံတင္ေလွ်ာက္ထားသည့္ ႏိုင္ငံေရးပါတီေပါင္းမွာ (၇၀)ဝန္းက်င္ခန႔္ရွိၿပီး မွတ္ပုံတင္ခြင့္ျပဳခ်က္ရရွိၿပီးေသာ ပါတီေပါင္းမွာ (၄၅)ပါတီထက္မနည္း ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.