ရွေးကောက်ပွဲအတွင်အနိုင်ရခဲ့ပြီး လေဘာပါတီခေါင်းဆောင် ဗြိတိန်ဝန်ကြီးချုပ်အသစ်ဖြစ်လာမည်

 952

ဂျန်ဇက် (NP News) - ဇူလိုင် ၅

ဇူလိုင် ၅ ရက်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် လေဘာပါတီခေါင်းဆောင် ဆာကီရစ်စတာမာသည် ဗြိတိန်နိုင်ငံ၏ ဝန်ကြီးချုပ်အသစ်ဖြစ်လာဖွယ်ရှိနေကြောင်း သိရသည်။

လေဘာပါတီသည် ပြီးခဲ့သောရက်ပိုင်းက ကျင်းပခဲ့သော လွှတ်တော်ရွေးကောက်ပွဲတွင် ကွန်ဆာဗေးတစ်ပါတီကို အပြတ်အသတ်အနိုင်ရခဲ့ပြီး လွှတ်တော်အတွင်း ၄၁ဝ ကျော် အနိုင်ရခဲ့ကာအဓိကပြိုင်ဘက်ကွန်ဆာ ဗေးတစ်ပါတီ က လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၁၄ ဦးသာ အနိုင်ရခဲ့ကြောင်း သိရသည်။

ဗြိတိန်အာဏာရပါတီဖြစ်သော ကွန်ဆာဗေးတစ်ပါတီအနေဖြင့်ပြိုင်ဘက် လေဘာပါတီကို ရှုံးနိမ်ခဲ့ကြောင်း ဗြိတိန် ဝန်ကြီးချုပ် ဆူနက်ကိုယ်တိုင် ဝန်ခံပြောဆိုလိုက်ကြောင်း သိရသည်။ ဗြိတိန်ဝန်ကြီးချုပ်ဆူနက် က " လေဘာပါတီ ဟာ ဗြိတိန်နိုင်ငံမှာ ကျင်းပခဲ့တဲ့အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါတယ်။ အဲဒီနိုင်ပွဲနဲ့ပတ်သက်ပြီး လေဘာပါတီခေါင်းဆောင် ဆာကီရစ်စတာမာအတွက် ဂုဏ်ယူပါတယ်။ ကျွန်တော်ဟာ ရှုံးနိမ့်မှုအတွက်လည်း တာဝန်ယူသွားမှာပါ။ အာဏာလွှဲပြောင်းပေးမှုတွေကို ငြိမ်းချမ်းစွာလုပ်ဆောင်သွားမှာပါ၊ နိုင်ငံတည်ငြိမ်ရေးနဲ့ နိုင်ငံ အနာဂတ်အတွက် ယုံကြည်မှုရှိစွာ အားလုံးအလုပ်လုပ်ရမှာဖြစ်တယ်" ဟု ပြောသည်။

လေဘာပါတီနိုင်ပွဲသည် ဗြိတိန်နိုင်ငံကို ၁၄ နှစ်ကျော်ကြာအုပ်ချုပ်နေခဲ့သော ကွန်ဆာဗေးတစ်ပါတီ ဦးဆောင်သော အစိုးရအဖွဲ့ကို အပြောင်းအလဲလုပ်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ ကီရစ်စတာမာက အပြောင်းအလဲများသည် လက်ရှိ အချိန်မှစတင်ပြီဖြစ်ကြောင်း ပြောသည်။ အာဏာရ ကွန်ဆာဗေးတစ်ပါတီထိပ်တန်းခေါင်းဆောင်များလည်း ရွေးကောက်ပွဲတွင် အရှုံးနှင့်ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
ဗြိတိန်နိုင်ငံသည် ၂၀၁၆ ခုနှစ်က Brexit မှ ခွဲထွက်ခဲ့ပြီးနောက်ပိုင်း ကွန်ဆာဗေးတစ်ပါတီက ဝန်ကြီးချုပ် အနည်းဆုံး ၅ ဦးအထိ အပြောင်းအလဲလုပ်ဆောင်ခဲ့ရကာ နိုင်ငံအတွင်း ပြည်သူများ၏ ရှင်သန်နေထိုင်မှုစရိတ်ကြီးမြှင့်ခြင်း၊ နိုင်ငံမတည်ငြိမ်ခြင်း စသောကိစ္စရပ်များကို အဓိကထားရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

Zawgyi Version;
ေ႐ြးေကာက္ပြဲအတြင္အႏိုင္ရခဲ့ၿပီး ေလဘာပါတီေခါင္းေဆာင္ ၿဗိတိန္ဝန္ႀကီးခ်ဳပ္အသစ္ျဖစ္လာမည္
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၅

ဇူလိုင္ ၅ ရက္တြင္ က်င္းပခဲ့ေသာ ေ႐ြးေကာက္ပြဲတြင္ အႏိုင္ရခဲ့ၿပီးေနာက္ ေလဘာပါတီေခါင္းေဆာင္ ဆာကီရစ္စတာမာသည္ ၿဗိတိန္ႏိုင္ငံ၏ ဝန္ႀကီးခ်ဳပ္အသစ္ျဖစ္လာဖြယ္ရွိေနေၾကာင္း သိရသည္။

ေလဘာပါတီသည္ ၿပီးခဲ့ေသာရက္ပိုင္းက က်င္းပခဲ့ေသာ လႊတ္ေတာ္ေ႐ြးေကာက္ပြဲတြင္ ကြန္ဆာေဗးတစ္ပါတီကို အျပတ္အသတ္အႏိုင္ရခဲ့ၿပီး လႊတ္ေတာ္အတြင္း ၄၁ဝ ေက်ာ္ အႏိုင္ရခဲ့ကာအဓိကၿပိဳင္ဘက္ကြန္ဆာ ေဗးတစ္ပါတီ က လႊတ္ေတာ္ကိုယ္စားလွယ္ေပါင္း ၁၁၄ ဦးသာ အႏိုင္ရခဲ့ေၾကာင္း သိရသည္။

ၿဗိတိန္အာဏာရပါတီျဖစ္ေသာ ကြန္ဆာေဗးတစ္ပါတီအေနျဖင့္ၿပိဳင္ဘက္ ေလဘာပါတီကို ရႈံးနိမ္ခဲ့ေၾကာင္း ၿဗိတိန္ ဝန္ႀကီးခ်ဳပ္ ဆူနက္ကိုယ္တိုင္ ဝန္ခံေျပာဆိုလိုက္ေၾကာင္း သိရသည္။ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ဆူနက္ က " ေလဘာပါတီ ဟာ ၿဗိတိန္ႏိုင္ငံမွာ က်င္းပခဲ့တဲ့အေထြေထြေ႐ြးေကာက္ပြဲမွာ အႏိုင္ရခဲ့ပါတယ္။ အဲဒီႏိုင္ပြဲနဲ႔ပတ္သက္ၿပီး ေလဘာပါတီေခါင္းေဆာင္ ဆာကီရစ္စတာမာအတြက္ ဂုဏ္ယူပါတယ္။ ကြၽန္ေတာ္ဟာ ရႈံးနိမ့္မႈအတြက္လည္း တာဝန္ယူသြားမွာပါ။ အာဏာလႊဲေျပာင္းေပးမႈေတြကို ၿငိမ္းခ်မ္းစြာလုပ္ေဆာင္သြားမွာပါ၊ ႏိုင္ငံတည္ၿငိမ္ေရးနဲ႔ ႏိုင္ငံ အနာဂတ္အတြက္ ယုံၾကည္မႈရွိစြာ အားလုံးအလုပ္လုပ္ရမွာျဖစ္တယ္" ဟု ေျပာသည္။

ေလဘာပါတီႏိုင္ပြဲသည္ ၿဗိတိန္ႏိုင္ငံကို ၁၄ ႏွစ္ေက်ာ္ၾကာအုပ္ခ်ဳပ္ေနခဲ့ေသာ ကြန္ဆာေဗးတစ္ပါတီ ဦးေဆာင္ေသာ အစိုးရအဖြဲ႕ကို အေျပာင္းအလဲလုပ္ေဆာင္ႏိုင္ခဲ့ျခင္းျဖစ္သည္။ ကီရစ္စတာမာက အေျပာင္းအလဲမ်ားသည္ လက္ရွိ အခ်ိန္မွစတင္ၿပီျဖစ္ေၾကာင္း ေျပာသည္။ အာဏာရ ကြန္ဆာေဗးတစ္ပါတီထိပ္တန္းေခါင္းေဆာင္မ်ားလည္း ေ႐ြးေကာက္ပြဲတြင္ အရႈံးႏွင့္ရင္ဆိုင္ခဲ့ရေၾကာင္း သိရသည္။
ၿဗိတိန္ႏိုင္ငံသည္ ၂၀၁၆ ခုႏွစ္က Brexit မွ ခြဲထြက္ခဲ့ၿပီးေနာက္ပိုင္း ကြန္ဆာေဗးတစ္ပါတီက ဝန္ႀကီးခ်ဳပ္ အနည္းဆုံး ၅ ဦးအထိ အေျပာင္းအလဲလုပ္ေဆာင္ခဲ့ရကာ ႏိုင္ငံအတြင္း ျပည္သူမ်ား၏ ရွင္သန္ေနထိုင္မႈစရိတ္ႀကီးျမႇင့္ျခင္း၊ ႏိုင္ငံမတည္ၿငိမ္ျခင္း စေသာကိစၥရပ္မ်ားကို အဓိကထားရင္ဆိုင္ခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.