နစကအဖွဲ့ဝင်များနှင့် အကြံပေးအဖွဲ့ဝင်များကို နိုင်ငံရေးပင်စင်ပေးအပ်မည်ဟုသိရ

 1954

မြူနစ် (NP News) - ဇူလိုင် ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် အကြံပေးအဖွဲ့ဝင်များကို နိုင်ငံရေးပင်စင် ပေးအပ်သွားမည်ဖြစ်ကြောင်း ကောင်စီဝင်များနှင့်နီးစပ်သူအချို့ထံမှ သိရသည်။ ထိုသို့ နိုင်ငံရေးပင်စင် ပေးအပ်မည့်အထဲတွင် နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ အကြံ ပေးအဖွဲ့ဝင်များလည်း ပါဝင်ကြောင်း သိရသည်။

“နိုင်ငံရေးပင်စင်ဆိုတာ နိုင်ငံရေးရာထူးရှိတဲ့သူတိုင်း ရတယ်လေ။ အရင်တုန်းက လွှတ်တော်ကိုယ်စားလှယ်တွေလည်း ရတယ်။ အခုထွက်ပေါ်လာတဲ့ နိုင်ငံရေးပင်စင်က ဟိုတစ်လောက ဆုံးသွားတဲ့ နစကအကြံပေးအဖွဲ့ဝင် ဦးမောင်းဟာပေါ့၊ သူ့မိသားစုအတွက် စဉ်စားရင်းနဲ့မှ ဖြစ်လာတာလို့ထင်တယ်။ တာဝန်အပြည့်ထမ်းဆောင်ပြီးတဲ့သူတိုင်းရမယ်။ ဒါပေမဲ့ မရသေးဘူး။ စာပဲထွက်သေးတာပေါ့”ဟု နစက၏အကြံပေးအဖွဲ့ဝင်များနှင့်နီးစပ်သူက NP News ကို ပြောသည်။ နစကအဖွဲ့ဝင်၊ အကြံပေးအဖွဲ့ဝင် နှင့် နစကဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင်များကို နိုင်ငံရေးပင်စင်ပေးအပ်သွားမည်ဖြစ်သော်လည်း မည်သည့်ပမာဏပေးသွားမည်ဆိုသည်ကို လတ်တလောတွင် သိရှိရခြင်း မရှိသေးပေ။

အထက်ပါပုဂ္ဂိုလ်များသည် အခြားသော ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနည်းတူ သက်တမ်းကာလအပြည့် တာဝန်ကို ကျေပွန်စွာထမ်းဆောင်ပါက ရရှိသည့် လစဉ်ချီးမြှင့်ငွေကို အခြေခံကာ ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်သည့် တစ်လုံးတစ်ခဲတည်းသော နိုင်ငံရေးပင်စင် ချီးမြှင့်ငွေကို ခံစားခွင့်ရှိကြောင်း သိရသည်။ ထို့ပြင် သက်တမ်းကာလမပြည့်မီကွယ်လွန်ပါကလည်း ၎င်းတို့ရရှိသည့် လစဉ်ချီးမြှင့်ငွေကိုအခြေခံ၍ အစိုးရအဖွဲ့ကသတ်မှတ်သည့် တစ်လုံးတစ်ခဲတည်းသော မိသားစုနိုင်ငံရေးပင်စင်ချီးမြှင့်ငွေကို ခံစားခွင့်ရှိကြောင်းလည်း ထပ်မံသိရှိရသည်။

အဆိုပါပုဂ္ဂိုလ်များသည် နိုင်ငံရေးပင်စင် တစ်ရပ်ထက်ပို၍ ခံစားခွင့်ရှိသူဖြစ်ပါက ယင်းတို့အနက်မှ မိမိနှစ်သက်ရာတစ်မျိုးတည်းကိုသာ ခံစားခွင့်ရှိကြောင်းသိရသည်။ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် အဖွဲ့ဝင် (၁၈)ဦးဖြင့် ဖွဲ့စည်းထားပြီး နစက၏ အကြံပေးအဖွဲ့ကို အဖွဲ့ဝင်ပေါင်း (၉)ဦးဖြင့် ဖွဲ့စည်းထားသည်။

zawgyi version
နစကအဖြဲ႕ဝင္မ်ားႏွင့္ အႀကံေပးအဖြဲ႕ဝင္မ်ားကို ႏိုင္ငံေရးပင္စင္ေပးအပ္မည္ဟုသိရ
ျမဴနစ္ (NP News) - ဇူလိုင္ ၅

ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဝင္မ်ားႏွင့္ အႀကံေပးအဖြဲ႕ဝင္မ်ားကို ႏိုင္ငံေရးပင္စင္ ေပးအပ္သြားမည္ျဖစ္ေၾကာင္း ေကာင္စီဝင္မ်ားႏွင့္နီးစပ္သူအခ်ိဳ႕ထံမွ သိရသည္။ ထိုသို႔ ႏိုင္ငံေရးပင္စင္ ေပးအပ္မည့္အထဲတြင္ နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၏ အႀကံ ေပးအဖြဲ႕ဝင္မ်ားလည္း ပါဝင္ေၾကာင္း သိရသည္။

“ႏိုင္ငံေရးပင္စင္ဆိုတာ ႏိုင္ငံေရးရာထူးရွိတဲ့သူတိုင္း ရတယ္ေလ။ အရင္တုန္းက လႊတ္ေတာ္ကိုယ္စားလွယ္ေတြလည္း ရတယ္။ အခုထြက္ေပၚလာတဲ့ ႏိုင္ငံေရးပင္စင္က ဟိုတစ္ေလာက ဆုံးသြားတဲ့ နစကအႀကံေပးအဖြဲ႕ဝင္ ဦးေမာင္းဟာေပါ့၊ သူ႔မိသားစုအတြက္ စဥ္စားရင္းနဲ႔မွ ျဖစ္လာတာလို႔ထင္တယ္။ တာဝန္အျပည့္ထမ္းေဆာင္ၿပီးတဲ့သူတိုင္းရမယ္။ ဒါေပမဲ့ မရေသးဘူး။ စာပဲထြက္ေသးတာေပါ့”ဟု နစက၏အႀကံေပးအဖြဲ႕ဝင္မ်ားႏွင့္နီးစပ္သူက NP News ကို ေျပာသည္။ နစကအဖြဲ႕ဝင္၊ အႀကံေပးအဖြဲ႕ဝင္ ႏွင့္ နစကဥကၠ႒၏ အႀကံေပးအဖြဲ႕ဝင္မ်ားကို ႏိုင္ငံေရးပင္စင္ေပးအပ္သြားမည္ျဖစ္ေသာ္လည္း မည္သည့္ပမာဏေပးသြားမည္ဆိုသည္ကို လတ္တေလာတြင္ သိရွိရျခင္း မရွိေသးေပ။

အထက္ပါပုဂၢိဳလ္မ်ားသည္ အျခားေသာ ျပည္ေထာင္စုအဆင့္ပုဂၢိဳလ္မ်ားနည္းတူ သက္တမ္းကာလအျပည့္ တာဝန္ကို ေက်ပြန္စြာထမ္းေဆာင္ပါက ရရွိသည့္ လစဥ္ခ်ီးျမႇင့္ေငြကို အေျခခံကာ ျပည္ေထာင္စုအစိုးရအဖြဲ႕က သတ္မွတ္သည့္ တစ္လုံးတစ္ခဲတည္းေသာ ႏိုင္ငံေရးပင္စင္ ခ်ီးျမႇင့္ေငြကို ခံစားခြင့္ရွိေၾကာင္း သိရသည္။ ထို႔ျပင္ သက္တမ္းကာလမျပည့္မီကြယ္လြန္ပါကလည္း ၎တို႔ရရွိသည့္ လစဥ္ခ်ီးျမႇင့္ေငြကိုအေျခခံ၍ အစိုးရအဖြဲ႕ကသတ္မွတ္သည့္ တစ္လုံးတစ္ခဲတည္းေသာ မိသားစုႏိုင္ငံေရးပင္စင္ခ်ီးျမႇင့္ေငြကို ခံစားခြင့္ရွိေၾကာင္းလည္း ထပ္မံသိရွိရသည္။

အဆိုပါပုဂၢိဳလ္မ်ားသည္ ႏိုင္ငံေရးပင္စင္ တစ္ရပ္ထက္ပို၍ ခံစားခြင့္ရွိသူျဖစ္ပါက ယင္းတို႔အနက္မွ မိမိႏွစ္သက္ရာတစ္မ်ိဳးတည္းကိုသာ ခံစားခြင့္ရွိေၾကာင္းသိရသည္။ ႏိုင္ငံ ေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီကို ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္အပါအဝင္ အဖြဲ႕ဝင္ (၁၈)ဦးျဖင့္ ဖြဲ႕စည္းထားၿပီး နစက၏ အႀကံေပးအဖြဲ႕ကို အဖြဲ႕ဝင္ေပါင္း (၉)ဦးျဖင့္ ဖြဲ႕စည္းထားသည္။

Related news

© 2021. All rights reserved.