အစ္စရေးရဲ့တိုက်ခိုက်မှုတွေကနေ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကို ကာကွယ်ပေးသွားမယ်လို့ အီရန်အစိုးရ ကတိပြု

 1232

Pika (NP News) - ဇူလိုင် ၃

လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကို အစ္စရေးက ထိုးစစ်ဆင်မှုတွေလုပ်ဆောင်ခဲ့မယ်ဆိုရင် အီရန်အစိုးရဟာ ၎င်းရဲ့စစ်အင်အားအားလုံးကို ဟစ်ဘိုလာလက်နက် ကိုင်အဖွဲ့နောက်ကနေ ထောက်ပံ့ပေးသွားမယ်လို့ အီရန်အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် အရှေ့အလယ်ပိုင်းဒေသမှာ စစ်ပွဲတွေပေါ်ပေါက်လာမှာကို အီရန်နိုင်ငံက မလိုလားဘူးလို့ ၎င်းကထပ်မံပြောဆိုခဲ့ပါတယ်။

အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် အစ္စရေးနဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တို့ဟာ နယ်စပ်အနီးမှာ ဒုံးကျည်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကို နေ့စဉ်နီးပါးလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အီရန်အစိုးရဟာ ဒေသတွင်းစစ်ပွဲဖြစ်ပွားလာမှာကို မလိုလားဘူးလို့ နိုင်ငံရဲ့အဆင်အမြင့်ဆုံးဘာသာရေးခေါင်းဆောင် အယာတိုလာအလီခါမေနီရဲ့ နိုင်ငံခြားရေးရာအကြံပေး Kamal Kharrazi က Financial Times သတင်းစာနဲ့ အင်တာဗျူးမှာ ဇူလိုင် လ(၂)ရက်နေ့က ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် ဒီလိုမျိုးစစ်ပွဲတွေဖြစ်ပွားလာမှာကို တားဆီးဖို့အတွက် အစ္စရေးနိုင်ငံကို ဖိအားပေးဖို့ အမေရိကန်ကို ၎င်းကတိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ အစ္စရေးက ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်ခဲ့မယ်ဆိုရင် လက်ဘနွန်ပြည်သူတွေ၊ အာရပ်နိုင်ငံတွေနဲ့ axis အဖွဲ့ဝင်နိုင်ငံတွေဟာ အစ္စရေးကိုဆန့်ကျင်ဖို့အတွက် လက်ဘနွန်နိုင်ငံကို ထောက်ခံကြလိမ့်မယ်လို့ ၎င်းကပြောဆိုခဲ့ပါတယ်။

ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့အပေါ် တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အီရန်အစိုးရက အစ္စရေးကို တိုက်ရိုက်တိုက်ခိုက်မှုတွေ လုပ်ဆောင်မှာမဟုတ်ဘူးလို့လည်း ၎င်းကထပ်မံပြော ဆိုခဲ့ပါတယ်။ အဲဒီအစား အစ္စရေးကိုလက်တုံ့ပြန်ဖို့အတွက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကို အီရန်အစိုးရက အသုံးပြုသွားနိုင်ဖွယ်ရှိနေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

zawgyi version
အစၥေရးရဲ႕တိုက္ခိုက္မႈေတြကေန ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ကို ကာကြယ္ေပးသြားမယ္လို႔ အီရန္အစိုးရ ကတိျပဳ
Pika (NP News) - ဇူလိုင္ ၃

လက္ဘႏြန္အေျခစိုက္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ကို အစၥေရးက ထိုးစစ္ဆင္မႈေတြလုပ္ေဆာင္ခဲ့မယ္ဆိုရင္ အီရန္အစိုးရဟာ ၎ရဲ႕စစ္အင္အားအားလုံးကို ဟစ္ဘိုလာလက္နက္ ကိုင္အဖြဲ႕ေနာက္ကေန ေထာက္ပံ့ေပးသြားမယ္လို႔ အီရန္အႀကီးတန္းအရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ အေရွ႕အလယ္ပိုင္းေဒသမွာ စစ္ပြဲေတြေပၚေပါက္လာမွာကို အီရန္ႏိုင္ငံက မလိုလားဘူးလို႔ ၎ကထပ္မံေျပာဆိုခဲ့ပါတယ္။

အစၥေရး-ဟားမက္စစ္ပြဲစတင္ျဖစ္ပြားၿပီးေနာက္ အစၥေရးနဲ႔ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕တို႔ဟာ နယ္စပ္အနီးမွာ ဒုံးက်ည္ေတြနဲ႔ အျပန္အလွန္ပစ္ခတ္မႈေတြကို ေန႔စဥ္နီးပါးလုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ အီရန္အစိုးရဟာ ေဒသတြင္းစစ္ပြဲျဖစ္ပြားလာမွာကို မလိုလားဘူးလို႔ ႏိုင္ငံရဲ႕အဆင္အျမင့္ဆုံးဘာသာေရးေခါင္းေဆာင္ အယာတိုလာအလီခါေမနီရဲ႕ ႏိုင္ငံျခားေရးရာအႀကံေပး Kamal Kharrazi က Financial Times သတင္းစာနဲ႔ အင္တာဗ်ဴးမွာ ဇူလိုင္ လ(၂)ရက္ေန႔က ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ဒါ့ျပင္ ဒီလိုမ်ိဳးစစ္ပြဲေတြျဖစ္ပြားလာမွာကို တားဆီးဖို႔အတြက္ အစၥေရးႏိုင္ငံကို ဖိအားေပးဖို႔ အေမရိကန္ကို ၎ကတိုက္တြန္းခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါေပမဲ့ အစၥေရးက ထိုးစစ္ဆင္မႈေတြ လုပ္ေဆာင္ခဲ့မယ္ဆိုရင္ လက္ဘႏြန္ျပည္သူေတြ၊ အာရပ္ႏိုင္ငံေတြနဲ႔ axis အဖြဲ႕ဝင္ႏိုင္ငံေတြဟာ အစၥေရးကိုဆန႔္က်င္ဖို႔အတြက္ လက္ဘႏြန္ႏိုင္ငံကို ေထာက္ခံၾကလိမ့္မယ္လို႔ ၎ကေျပာဆိုခဲ့ပါတယ္။

ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕အေပၚ တိုက္ခိုက္မႈေတြကို တုံ႔ျပန္တဲ့အေနနဲ႔ အီရန္အစိုးရက အစၥေရးကို တိုက္႐ိုက္တိုက္ခိုက္မႈေတြ လုပ္ေဆာင္မွာမဟုတ္ဘူးလို႔လည္း ၎ကထပ္မံေျပာ ဆိုခဲ့ပါတယ္။ အဲဒီအစား အစၥေရးကိုလက္တုံ႔ျပန္ဖို႔အတြက္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ကို အီရန္အစိုးရက အသုံးျပဳသြားႏိုင္ဖြယ္ရွိေနတယ္လို႔လည္း ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.