လူတန်းစားခွဲခြားသည့် သန်းခေါင်စာရင်းကို သိမ်းပိုက်နယ်မြေတွင်း၌ MNDAA စတင်ကောက်ယူ

 6811

သုတကျော် (NP News) - ဇူလိုင် ၃

MNDAA က ၎င်းတို့ ထိန်းချုပ်ရာ အထူးဒေသ (၁) နယ်မြေအတွင်း သန်းခေါင်စာရင်း ကောက်ယူမှုများကို စတင်လုပ်ဆောင်နေပြီး လူတန်းစားခွဲခြားသည့် စနစ်ကို စတင်ပြုလုပ်ရန် စီစဉ်နေကြောင်း ထုတ်ပြန်ထားချက်အရ သိရသည်။

မူရင်းဒေသသား၊ ပြင်ပမှရောက်ရှိလာသူနှင့် အမြဲတမ်း ဒေသသား စသည်ဖြင့် ခွဲခြားရန်အတွက် MNDAA က စီစဉ်နေခြင်းဖြစ်ပြီး လက်ရှိတွင် လောက်ကိုင်မြို့၊ ကိုးကန့်ခရိုင်၊ သိန္နီခရိုင်၊ ကွတ်ခိုင်ခရိုင်၊ မုံးကိုးခရိုင်အတွင်း နေထိုင်သူများကို ဇွန်လ ၂၂ ရက်တွင် သန်းခေါင် စာရင်း စတင်ကောက်ယူနေပြီ ဖြစ်ကာ အဆိုပါလုပ်ငန်းစဉ်မှာ ဒီဇင်ဘာလ ၃၁ ရက်အထိ ဖြစ်ကြောင်း သိရသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် တစ်ဦးမျှ မကျန်စေရန်အတွက် စေ့စေ့စပ်စပ် ကောက်ယူသွားရန် MNDAA က ဆောင်ရွက်နေပြီး အထူးဒေသ ၁ အတွင်းသို့ ပြင်ပမှရောက်ရှိလာသူများ ခေတ္တနေထိုင်ရေး၊ ခရီးသွားလာရေးဆိုင်ရာကိစ္စရပ်များကို ၎င်းတို့၏ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ စည်းကမ်းချက်များအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဟုလည်း ဆိုထားသည်။ အထူးဒေသ(၁)၏ ဒေသသား မှတ်ပုံတင်ပြုလုပ်နိုင်သူများအနက် အထူးဒေသ(၁)ကိုးကန့်ခရိုင်အတွင်း နှစ်ပေါင်း ၂၀ နှင့်အထက် နေထိုင်သူများကို မူရင်းဒေသသားအဖြစ် အတည်ပြုသော ကြောင့် ဒေသသား မှတ်ပုံတင်အလိုအလျောက်ရရှိမည်ဖြစ်ကာ (၁၄) နှစ်အထက် နေထိုင်သော ပြင်ပမှရောက်ရှိလာသူများ အနေဖြင့် လျှောက် လွှာတင်ပါက အမြဲတမ်းဒေသသားအဖြစ် အတည်ပြုမည်ဖြစ်ကြောင်း သိရသည်။

အထူးဒေသအတွင်း မြေရာ၊ အိမ်စသည့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းဥစ္စာတန်ဖိုး တရုတ်ယွမ်ငွေ ၅ သိန်းနှင့်အထက် ပိုင်ဆိုင်ထားသူများ၊ မိမိဆန္ဒဖြင့် အဆိုပါဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်သော ပညာရှင်များနှင့် ပညာတတ်များ၊MNDAA အတွင်း စစ်မှုထမ်းချိန် သို့မဟုတ် အုပ်ချုပ်ရေး ကော်မတီဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ချိန် ၃ နှစ်နှင့်အထက် ပြည့်မီသော ပြင်ပမှ ရောက်လာသူများ၊ ၎င်းတို့ဒေသမှ နိုင်ငံရေး ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားသူများ၊ ရင်းနှီးမြုပ်နှံမှု ယွမ်ငွေ ငါးသိန်းနှင့်အထက်ရှိပြီး ဒေသအတွင်း ၈ နှစ်နှင့်အထက် တောက်လျှောက် နေထိုင်ခဲ့သော စီးပွားရေးလုပ်ငန်းရှင်နှင့် မိသားစုများအနေဖြင့် ၎င်းတို့၏ အချက်အလက်များကို စစ်ဆေး ပြီးနောက် စိတ်ချရသော သက်သေသုံးဦးမှ သက်သေပြုပေးပါက အိမ်ထောင်စုစာရင်းနှင့် ဒေသသား မှတ်ပုံတင်ပြုလုပ်နိုင်ပြီး အမြဲတမ်းဒေသသားအဖြစ် အတည်ပြုနိုင်မည်ဟု MNDAA က ဆိုထားသည်။

ပြင်ပမှရောက်ရှိလာသူများအနေဖြင့် စီးပွားရေးအရ သို့မဟုတ် အမျိုးအဆွေလည်ပတ်ခြင်း အရ ၁၅ ရက်ထက် ကျော်လွန်ပါက ယာယီနေထိုင်ခွင့် လက်မှတ်ပြုလုပ်ရမည် ဖြစ်ကာ ဒေသသားများ အခွန်ဆောင်ရန်၊ အသက် ၁၈ နှစ် ပြည့်ပြီးသော ကျား၊ မ ဒေသသားများ စစ်မှုထမ်းရန်အတွက်လည်း MNDAA က သတ်မှတ်ထားသည်ကို တွေ့မြင်ရသည်။ အမြဲတမ်းဒေသသား အဖြစ် လျှောက်လွှာတင်ရာတွင် နှစ်အချိန်ကန်သတ်မှုကို လျစ်လျူရှုမည့် မှတ်ချက်လည်းပါဝင်ပြီး ထိုသို့ အကျုံးဝင်သူများအနက် MNDAA အတွင်း စစ်မှုထမ်းချိန် သို့မဟုတ် အုပ်ချုပ်ရေး ကော်မတီဝန်ထမ်းအဖြစ် တာဝန်ထမ်း ဆောင်ချိန် ၃ နှစ်နှင့် အထက် ပြည့်မီသော ပြင်ပမှ ရောက်လာသူများအနက် တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရသူများ သို့မဟုတ် ဂုဏ်ထူးဘွဲ့ဆောင်ခဲ့သူများ၊ မိမိ ဆန္ဒဖြင့် အထူးဒေသပိုင်ပစ္စည်းများကို ဝယ်ယူသော ယွမ် ၅ သိန်း ပမာဏ ပြည့်မီသူများ အပါအဝင် ယွမ် ၅ သိန်းပမာဏ စီးပွားရေး၊ ပိုင်ဆိုင်မှုရှိသူများ၊ အထူးဒေသ၏ ဆောက်လုပ်ရေးအတွက် အလွန်ကြီးမားသော ကူညီပံ့ပိုးမှုရှိခဲ့သူများ ပါဝင်နေသည်ကိုလည်း ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။
MNDAA ၏ အဆိုပါထုတ်ပြန်ချက်အတွင်း ပြည်ထောင်စုမြန်မာနိုင်ငံ၊ အထူးဒေသ (၁) ဟု ခေါင်းစဉ်တပ်ကာ မည်သို့ပင် ထုတ်ပြန်စေကာမူ ငွေကြေးပမာဏကို တွက်ချက်ရာ တရုတ်ယွမ်ငွေကိုသာ သတ်မှတ်ထုတ်ပြန် ထားသည်ကိုလည်း တွေ့မြင်ရသည်။ 'သန်းခေါင် စာရင်း ကောက်နေတာကတော့ ဟုတ်ပါတယ်။ မနေ့က ရပ်ကွက်(၁)မှာကောက်တယ်။ ဒီဘက် ရပ်ကွက်ကိုတော့ မရောက်သေးဘူး။ လက်ရှိမှာ အလုပ်လုပ်လို့ကတော့ မကောင်းဘူး။ လူလည်း မရှိတော့ဘူးလေ။ လုံခြုံမှုအနေနဲ့ကတော့ ကျွန်မ တို့ကို ဘာမှတော့ မလုပ်ဘူး။ ရှိတယ်လို့ ပြောရမှာပေါ့။ ခက်တာက လူမစည်တော့ ဘာလုပ်ငန်းမှ လုပ်လို့မရဘူးဖြစ်နေတယ်' ဟု လောက်ကိုင်မြို့ခံတစ်ဦးက NP News ကိုပြောသည်။

လက်ရှိ အဆိုပါဒေသအတွင်း သန်းခေါင်စာရင်းကောက်ယူရာတွင် အကြောင်းမရှိ အကြောင်းရှာခြင်း၊ ပူးပေါင်းမှုမရှိခြင်း၊ အချက်အလက်အတုများ တင်ပြခြင်း၊ လိမ်လည်ခြင်း စသည်တို့ကို လုပ်ဆောင်ပါက အရေးယူမည်ဖြစ်ကြောင်းလည်း MNDAA က အသိပေးထားသည်။

zawgyi version
လူတန္းစားခြဲျခားသည့္ သန္းေခါင္စာရင္းကို သိမ္းပိုက္နယ္ေျမတြင္း၌ MNDAA စတင္ေကာက္ယူ
သုတေက်ာ္ (NP News) - ဇူလိုင္ ၃

MNDAA က ၎တို႔ ထိန္းခ်ဳပ္ရာ အထူးေဒသ (၁) နယ္ေျမအတြင္း သန္းေခါင္စာရင္း ေကာက္ယူမႈမ်ားကို စတင္လုပ္ေဆာင္ေနၿပီး လူတန္းစားခြဲျခားသည့္ စနစ္ကို စတင္ျပဳလုပ္ရန္ စီစဥ္ေနေၾကာင္း ထုတ္ျပန္ထားခ်က္အရ သိရသည္။

မူရင္းေဒသသား၊ ျပင္ပမွေရာက္ရွိလာသူႏွင့္ အၿမဲတမ္း ေဒသသား စသည္ျဖင့္ ခြဲျခားရန္အတြက္ MNDAA က စီစဥ္ေနျခင္းျဖစ္ၿပီး လက္ရွိတြင္ ေလာက္ကိုင္ၿမိဳ႕၊ ကိုးကန႔္ခ႐ိုင္၊ သိႏၷီခ႐ိုင္၊ ကြတ္ခိုင္ခ႐ိုင္၊ မုံးကိုးခ႐ိုင္အတြင္း ေနထိုင္သူမ်ားကို ဇြန္လ ၂၂ ရက္တြင္ သန္းေခါင္ စာရင္း စတင္ေကာက္ယူေနၿပီ ျဖစ္ကာ အဆိုပါလုပ္ငန္းစဥ္မွာ ဒီဇင္ဘာလ ၃၁ ရက္အထိ ျဖစ္ေၾကာင္း သိရသည္။

သန္းေခါင္စာရင္းေကာက္ယူရာတြင္ တစ္ဦးမွ် မက်န္ေစရန္အတြက္ ေစ့ေစ့စပ္စပ္ ေကာက္ယူသြားရန္ MNDAA က ေဆာင္႐ြက္ေနၿပီး အထူးေဒသ ၁ အတြင္းသို႔ ျပင္ပမွေရာက္ရွိလာသူမ်ား ေခတၱေနထိုင္ေရး၊ ခရီးသြားလာေရးဆိုင္ရာကိစၥရပ္မ်ားကို ၎တို႔၏ လူဝင္မႈ ႀကီးၾကပ္ေရးဆိုင္ရာ စည္းကမ္းခ်က္မ်ားအတိုင္း အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သြား မည္ဟုလည္း ဆိုထားသည္။ အထူးေဒသ(၁)၏ ေဒသသား မွတ္ပုံတင္ျပဳလုပ္ႏိုင္သူမ်ားအနက္ အထူးေဒသ(၁)ကိုးကန႔္ခ႐ိုင္အတြင္း ႏွစ္ေပါင္း ၂၀ ႏွင့္အထက္ ေနထိုင္သူမ်ားကို မူရင္းေဒသသားအျဖစ္ အတည္ျပဳေသာ ေၾကာင့္ ေဒသသား မွတ္ပုံတင္အလိုအေလ်ာက္ရရွိမည္ျဖစ္ကာ (၁၄) ႏွစ္အထက္ ေနထိုင္ေသာ ျပင္ပမွေရာက္ရွိလာသူမ်ား အေနျဖင့္ ေလွ်ာက္ လႊာတင္ပါက အၿမဲတမ္းေဒသသားအျဖစ္ အတည္ျပဳမည္ျဖစ္ေၾကာင္း သိရသည္။

အထူးေဒသအတြင္း ေျမရာ၊ အိမ္စသည့္ မေ႐ႊ႕ေျပာင္းႏိုင္ေသာ ပစၥည္းဥစၥာတန္ဖိုး တ႐ုတ္ယြမ္ေငြ ၅ သိန္းႏွင့္အထက္ ပိုင္ဆိုင္ထားသူမ်ား၊ မိမိဆႏၵျဖင့္ အဆိုပါေဒသရွိ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားတြင္ ပူးေပါင္းပါဝင္ေသာ ပညာရွင္မ်ားႏွင့္ ပညာတတ္မ်ား၊MNDAA အတြင္း စစ္မႈထမ္းခ်ိန္ သို႔မဟုတ္ အုပ္ခ်ဳပ္ေရး ေကာ္မတီဝန္ထမ္းအျဖစ္ တာဝန္ထမ္းေဆာင္ခ်ိန္ ၃ ႏွစ္ႏွင့္အထက္ ျပည့္မီေသာ ျပင္ပမွ ေရာက္လာသူမ်ား၊ ၎တို႔ေဒသမွ ႏိုင္ငံေရး ဒုကၡသည္အျဖစ္ အသိအမွတ္ျပဳထားသူမ်ား၊ ရင္းႏွီးျမဳပ္ႏွံမႈ ယြမ္ေငြ ငါးသိန္းႏွင့္အထက္ရွိၿပီး ေဒသအတြင္း ၈ ႏွစ္ႏွင့္အထက္ ေတာက္ေလွ်ာက္ ေနထိုင္ခဲ့ေသာ စီးပြားေရးလုပ္ငန္းရွင္ႏွင့္ မိသားစုမ်ားအေနျဖင့္ ၎တို႔၏ အခ်က္အလက္မ်ားကို စစ္ေဆး ၿပီးေနာက္ စိတ္ခ်ရေသာ သက္ေသသုံးဦးမွ သက္ေသျပဳေပးပါက အိမ္ေထာင္စုစာရင္းႏွင့္ ေဒသသား မွတ္ပုံတင္ျပဳလုပ္ႏိုင္ၿပီး အၿမဲတမ္းေဒသသားအျဖစ္ အတည္ျပဳႏိုင္မည္ဟု MNDAA က ဆိုထားသည္။

ျပင္ပမွေရာက္ရွိလာသူမ်ားအေနျဖင့္ စီးပြားေရးအရ သို႔မဟုတ္ အမ်ိဳးအေဆြလည္ပတ္ျခင္း အရ ၁၅ ရက္ထက္ ေက်ာ္လြန္ပါက ယာယီေနထိုင္ခြင့္ လက္မွတ္ျပဳလုပ္ရမည္ ျဖစ္ကာ ေဒသသားမ်ား အခြန္ေဆာင္ရန္၊ အသက္ ၁၈ ႏွစ္ ျပည့္ၿပီးေသာ က်ား၊ မ ေဒသသားမ်ား စစ္မႈထမ္းရန္အတြက္လည္း MNDAA က သတ္မွတ္ထားသည္ကို ေတြ႕ျမင္ရသည္။ အၿမဲတမ္းေဒသသား အျဖစ္ ေလွ်ာက္လႊာတင္ရာတြင္ ႏွစ္အခ်ိန္ကန္သတ္မႈကို လ်စ္လ်ဴရႈမည့္ မွတ္ခ်က္လည္းပါဝင္ၿပီး ထိုသို႔ အက်ဳံးဝင္သူမ်ားအနက္ MNDAA အတြင္း စစ္မႈထမ္းခ်ိန္ သို႔မဟုတ္ အုပ္ခ်ဳပ္ေရး ေကာ္မတီဝန္ထမ္းအျဖစ္ တာဝန္ထမ္း ေဆာင္ခ်ိန္ ၃ ႏွစ္ႏွင့္ အထက္ ျပည့္မီေသာ ျပင္ပမွ ေရာက္လာသူမ်ားအနက္ တိုက္ပြဲတြင္ ထိခိုက္ဒဏ္ရာရသူမ်ား သို႔မဟုတ္ ဂုဏ္ထူးဘြဲ႕ေဆာင္ခဲ့သူမ်ား၊ မိမိ ဆႏၵျဖင့္ အထူးေဒသပိုင္ပစၥည္းမ်ားကို ဝယ္ယူေသာ ယြမ္ ၅ သိန္း ပမာဏ ျပည့္မီသူမ်ား အပါအဝင္ ယြမ္ ၅ သိန္းပမာဏ စီးပြားေရး၊ ပိုင္ဆိုင္မႈရွိသူမ်ား၊ အထူးေဒသ၏ ေဆာက္လုပ္ေရးအတြက္ အလြန္ႀကီးမားေသာ ကူညီပံ့ပိုးမႈရွိခဲ့သူမ်ား ပါဝင္ေနသည္ကိုလည္း ၎တို႔၏ ထုတ္ျပန္ခ်က္အရ သိရသည္။
MNDAA ၏ အဆိုပါထုတ္ျပန္ခ်က္အတြင္း ျပည္ေထာင္စုျမန္မာႏိုင္ငံ၊ အထူးေဒသ (၁) ဟု ေခါင္းစဥ္တပ္ကာ မည္သို႔ပင္ ထုတ္ျပန္ေစကာမူ ေငြေၾကးပမာဏကို တြက္ခ်က္ရာ တ႐ုတ္ယြမ္ေငြကိုသာ သတ္မွတ္ထုတ္ျပန္ ထားသည္ကိုလည္း ေတြ႕ျမင္ရသည္။ 'သန္းေခါင္ စာရင္း ေကာက္ေနတာကေတာ့ ဟုတ္ပါတယ္။ မေန႔က ရပ္ကြက္(၁)မွာေကာက္တယ္။ ဒီဘက္ ရပ္ကြက္ကိုေတာ့ မေရာက္ေသးဘူး။ လက္ရွိမွာ အလုပ္လုပ္လို႔ကေတာ့ မေကာင္းဘူး။ လူလည္း မရွိေတာ့ဘူးေလ။ လုံၿခဳံမႈအေနနဲ႔ကေတာ့ ကြၽန္မ တို႔ကို ဘာမွေတာ့ မလုပ္ဘူး။ ရွိတယ္လို႔ ေျပာရမွာေပါ့။ ခက္တာက လူမစည္ေတာ့ ဘာလုပ္ငန္းမွ လုပ္လို႔မရဘူးျဖစ္ေနတယ္' ဟု ေလာက္ကိုင္ၿမိဳ႕ခံတစ္ဦးက NP News ကိုေျပာသည္။

လက္ရွိ အဆိုပါေဒသအတြင္း သန္းေခါင္စာရင္းေကာက္ယူရာတြင္ အေၾကာင္းမရွိ အေၾကာင္းရွာျခင္း၊ ပူးေပါင္းမႈမရွိျခင္း၊ အခ်က္အလက္အတုမ်ား တင္ျပျခင္း၊ လိမ္လည္ျခင္း စသည္တို႔ကို လုပ္ေဆာင္ပါက အေရးယူမည္ျဖစ္ေၾကာင္းလည္း MNDAA က အသိေပးထားသည္။

Related news

© 2021. All rights reserved.