အမေရိကန်က အာရှတိုက်မှာ နေတိုးမဟာမိတ်အဖွဲ့လိုမျိုးအဖွဲ့ ဖွဲ့စည်းဖို့ ကြိုးပမ်းနေ

 2401

ဂျန်ဇက် (NP News) - ဇူလိုင် ၁

အမေရိကန်၊ တောင်ကိုရီးယား နဲ့ ဂျပန်နိုင်ငံတို့ဟာ နေတိုးမဟာမိတ်ပုံစံမျိုး အာရှတိုက်မှာ နေတိုးပုံစံမျိုးအဖွဲ့အစည်းတစ်ခုထပ်မံဖွဲ့စည်းတည်ထောင်ဖို့ ကြိုးပမ်းနေကြောင်း မြောက်ကိုရီးယားအစိုးရက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံက အမေရိကန်၊ တောင်ကိုရီးယား နဲ့ ဂျပန်နိုင်ငံတို့ဟာ ဒေသအတွင်းတည်ငြိမ်ရေးကို ခြိမ်းခြောက်နေကြောင်း၊ အဲဒီသုံးနိုင်ငံဟာ ရန်စတဲ့စစ်ရေးဆောင်ရွက်မှုမျိုး လုပ်ဆောင်နေကြောင်း ဝေဖန်ပြစ်တင်ထားပါတယ်။

အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့ဟာ Freedom Edge အမည်ရှိ စစ်ရေးလေ့ ကျင့်ခန်းကို ဇွန်လ ၂၇ ရက်ကနေ ၂၉ရက်နေ့အထိလုပ်ဆောင်ခဲ့ပြီး အဲဒီစစ်ရေးလေ့ကျင့်ခန်းအတွင်း အမေရိကန်နိုင်ငံရဲ့ USS Theodore Roosevelt အမည်ရှိ စစ်ရေးလေ့ကျင့်ခန်းအပါ အဝင် စစ်သင်္ဘောအများအပြားနဲ့ စစ်ရေးလေ့ကျင့်ခန်းတွေလုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်နိုင်ငံရဲ့အဓိက ရည်မှန်း ချက်ဟာ ကမ္ဘာကြီးကို သြဇာလွှမ်းမိုးဖို့ နဲ့ လွတ်လပ်တဲ့ နိုင်ငံတွေကို ဝန်းရံထိန်းချုပ်ဖို့ ကြိုးပမ်းနေကြောင်း ဝေဖန်ပြစ်တင်ထားပါတယ်။ အမေရိကန်နိုင်ငံရဲ့မူဝါဒတွေဟာ ကမ္ဘာ့လုံခြုံရေးပတ်ဝန်းကျင်ကို အနုတ်လက္ခဏာဆောင်တဲ့ အပြောင်းအလဲတွေဖြစ်လာစေခဲ့ကြောင်းမြောက်ကိုရီးယားအစိုးရကပြောပါတယ်။

Freedom Edge အမည်ရှိ စစ်ရေးလေ့ကျင့်ခန်းဟာ အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့ဟာ စစ်ရေးမဟာမိတ်အဖွဲ့ဖွဲ့စည်းဖို့ ကြိုးပမ်းနေတာဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရက ဝေဖန်ထားပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့စစ်လက်နက်ပစ္စည်းတွေ စမ်းသပ်မှုတွေကြောင့် အမေရိကန်၊ တောင်ကိုရီးယားနိုင်ငံတို့နဲ့ တင်းမာမှုတွေ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်းပိုမိုဖြစ်လာခဲ့ကြောင်းသိရပါတယ်။

zawgyi version
အေမရိကန္က အာရွတိုက္မွာ ေနတိုးမဟာမိတ္အဖြဲ႕လိုမ်ိဳးအဖြဲ႕ ဖြဲ႕စည္းဖို႔ ႀကိဳးပမ္းေန
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁

အေမရိကန္၊ ေတာင္ကိုရီးယား နဲ႔ ဂ်ပန္ႏိုင္ငံတို႔ဟာ ေနတိုးမဟာမိတ္ပုံစံမ်ိဳး အာရွတိုက္မွာ ေနတိုးပုံစံမ်ိဳးအဖြဲ႕အစည္းတစ္ခုထပ္မံဖြဲ႕စည္းတည္ေထာင္ဖို႔ ႀကိဳးပမ္းေနေၾကာင္း ေျမာက္ကိုရီးယားအစိုးရက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံက အေမရိကန္၊ ေတာင္ကိုရီးယား နဲ႔ ဂ်ပန္ႏိုင္ငံတို႔ဟာ ေဒသအတြင္းတည္ၿငိမ္ေရးကို ၿခိမ္းေျခာက္ေနေၾကာင္း၊ အဲဒီသုံးႏိုင္ငံဟာ ရန္စတဲ့စစ္ေရးေဆာင္႐ြက္မႈမ်ိဳး လုပ္ေဆာင္ေနေၾကာင္း ေဝဖန္ျပစ္တင္ထားပါတယ္။

အေမရိကန္၊ ဂ်ပန္၊ ေတာင္ကိုရီးယားႏိုင္ငံတို႔ဟာ Freedom Edge အမည္ရွိ စစ္ေရးေလ့ က်င့္ခန္းကို ဇြန္လ ၂၇ ရက္ကေန ၂၉ရက္ေန႔အထိလုပ္ေဆာင္ခဲ့ၿပီး အဲဒီစစ္ေရးေလ့က်င့္ခန္းအတြင္း အေမရိကန္ႏိုင္ငံရဲ႕ USS Theodore Roosevelt အမည္ရွိ စစ္ေရးေလ့က်င့္ခန္းအပါ အဝင္ စစ္သေဘၤာအမ်ားအျပားနဲ႔ စစ္ေရးေလ့က်င့္ခန္းေတြလုပ္ေဆာင္ခဲ့ေၾကာင္းသိရပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက အေမရိကန္ႏိုင္ငံရဲ႕အဓိက ရည္မွန္း ခ်က္ဟာ ကမာၻႀကီးကို ၾသဇာလႊမ္းမိုးဖို႔ နဲ႔ လြတ္လပ္တဲ့ ႏိုင္ငံေတြကို ဝန္းရံထိန္းခ်ဳပ္ဖို႔ ႀကိဳးပမ္းေနေၾကာင္း ေဝဖန္ျပစ္တင္ထားပါတယ္။ အေမရိကန္ႏိုင္ငံရဲ႕မူဝါဒေတြဟာ ကမာၻ႔လုံၿခဳံေရးပတ္ဝန္းက်င္ကို အႏုတ္လကၡဏာေဆာင္တဲ့ အေျပာင္းအလဲေတြျဖစ္လာေစခဲ့ေၾကာင္းေျမာက္ကိုရီးယားအစိုးရကေျပာပါတယ္။

Freedom Edge အမည္ရွိ စစ္ေရးေလ့က်င့္ခန္းဟာ အေမရိကန္၊ ဂ်ပန္၊ ေတာင္ကိုရီးယားႏိုင္ငံတို႔ဟာ စစ္ေရးမဟာမိတ္အဖြဲ႕ဖြဲ႕စည္းဖို႔ ႀကိဳးပမ္းေနတာျဖစ္ေၾကာင္း ေျမာက္ကိုရီးယားအစိုးရက ေဝဖန္ထားပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕စစ္လက္နက္ပစၥည္းေတြ စမ္းသပ္မႈေတြေၾကာင့္ အေမရိကန္၊ ေတာင္ကိုရီးယားႏိုင္ငံတို႔နဲ႔ တင္းမာမႈေတြ ၿပီးခဲ့တဲ့ႏွစ္ပိုင္းအတြင္းပိုမိုျဖစ္လာခဲ့ေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.