ဟန်ဂေရီဝန်ကြီးချုပ်က အီးယူပါလီမန်မဟာမိတ်သစ်ကို ထူထောင်ကြောင်းကြေညာ

 549

ALynn (NP News) - ဇူလိုင် ၁

ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်သည် သြစတြီးယားနှင့် ချက်သမ္မတနိုင်ငံတို့မှ လက်ယာယိမ်းပါတီများနှင့်ပူးပေါင်းကာ အီးယူပါလီမန်မဟာမိတ်သစ်ကို ထူထောင်ကြောင်း ကြေညာခဲ့သည်။

ဟန်ဂေရီက ခြောက်လအလှည့်ကျ အီးယူဥက္ကဋ္ဌရာထူးကို မထမ်းဆောင်မီ တစ်ရက်အလိုတွင် အဆိုပါကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းမဟာမိတ်သစ်သည် “ဥရောပ မျိုးချစ်များ”ဖြင့် ဖွဲ့စည်းထားသည်ဟုတင်စားထားပြီး ၎င်းအဖွဲ့တွင် အော်ဘန်ဦးဆောင်သော Fidesz ပါတီ၊ ၀န်ကြီးချုပ်ဟောင်း Andrej Babis က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသော ချက်သမ္မတ နိုင်ငံ၏ အကြီးဆုံးအတိုက်အခံ ANO ပါတီနှင့် ဩစတြီးယားအမျိုးသားကောင်စီအဖွဲ့ဝင် Herbert Kickl ဦးဆောင်သော FPO ပါတီတို့ပါဝင်နေသည်။

နောက်ဆုံးဥရောပပါလီမန်ရွေးကောက်ပွဲရလဒ်များအရ အစုအဖွဲ့၏မူဝါဒများကို ပြောင်းလဲရမည်ဖြစ်ပြိး လက်ရှိပါလီမန်အဖွဲ့များသည်လည်း မလွှဲမရှောင်သာ ခွဲထွက်ရမည်ဟု ဟန်ဂေရီ ခေါင်းဆောင်က အလေးပေးပြောကြားခဲ့သည်။ ဇွန်လ ၉ ရက်ရွေးကောက်ပွဲရလဒ်များအရ အဖွဲ့ဝင်နိုင်ငံ (၂၇)နိုင်ငံရှိ နိုင်ငံသားအများစုသည် လက်ယာ နှင့် ကွန်ဆာဗေးတစ်ပါတီများအား ပိုမိုထောက်ခံခဲ့ကြကြောင်း တွေ့ရှိရသည်။ ထို့ကြောင့်လည်း လက်ဝဲယိမ်းပါတီများဖြစ်ကြသော ဂျာမနီ၊ ပြင်သစ် နှင့် အီတလီရှိ အာဏာရညွန့်ပေါင်းအဖွဲ့များသည်လည်း ၎င်းတို့၏ အခွင့်အာဏာအချို့ကို လက်လွှတ်ခဲ့ရသည်။

အော်ဘန်၏ Fidesz ပါတီသည် EU ပါလီမန်တွင် (၁၁)နေရာအနိုင်ရခဲ့ပြီး FPO နှင့် ANO တို့က (၆)နေရာနှင့် (၇)နေရာစီ အသီးသီးရှိကြပြီး ပါတီသုံးခုစလုံးသည် ၎င်းတို့နိုင်ငံများ၏ ရွေးကောက်ပွဲများတွင် အင်အားအကောင်းဆုံးဖြစ်လာသည်။ လက်ရှိစည်းမျဉ်းများအရ ဥရောပပါလီမန်တွင် နိုင်ငံရေးအုပ်စုဖွဲ့ရန် အဖွဲ့ဝင် ၂၃ ဦးလိုအပ်ပြီး အဖွဲ့ဝင်နိုင်ငံများ၏ လေးပုံတစ်ပုံသည် မဟာမိတ်အဖွဲ့အတွင်း ကိုယ်စားပြုရမည်ဖြစ်သည်။ မကြာမီရက်ပိုင်းအတွင်း အခြားဥရောပပါတီများပါ ပူးပေါင်းပါဝင်လာမည်ဟု ပါတီသုံးရပ်မှ ခေါင်းဆောင်များက မျှော်လင့်ကြောင်း မီဒီယာများသို့ ပြောကြားခဲ့ပါသည်။

ဟန်ဂေရီသည် ဥရောပသမဂ္ဂကောင်စီ၏ ဥက္ကဋ္ဌရာထူးကို ဇူလိုင်လ ၁ ရက်တွင် စတင်တာဝန် ယူမည်ဖြစ်ပြီး ယခုနှစ်ကုန်အထိ တာဝန်ယူမည်ဖြစ်သည်။ အဆိုပါကာလအတွင်း ဟန်ဂေရီ သံတမန်များသည် ဘရပ်ဆဲလ်တွင် အစည်းအဝေးများကို ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ပြီး အီးယူ၏ နိုင်ငံရေးအစီအစဉ်များကို ပုံဖော်မည်ဖြစ်သည်။ အော်ဘန်သည် အီးယူနှင့်ဆန့်ကျင် ဘက်မူဝါဒများကို လိုက်စားသည့်အတွက် ပြင်းထန်သောဝေဖန်မှုများနှင့်ရင်ဆိုင်နေရသည်။ ၂၀၂၂ ခုနှစ် ယူကရိန်း ပဋိပက္ခစတင်ချိန်ကတည်းက ဟန်ဂေရီသည် ကိယက်ဗ်ကို လက်နက်များပေးအပ်ရန် ငြင်းဆိုခဲ့ပြီး သံတမန်နည်းလမ်းဖြင့်ဖြေရှင်းရန်တောင်းဆိုခဲ့ကာ ရုရှားနှင့် စီးပွားရေးအရ ဆက်ဆံမှုများ ဆက်လက်ထားရှိခဲ့သည်။

zawgyi version
ဟန္ေဂရီဝန္ႀကီးခ်ဳပ္က အီးယူပါလီမန္မဟာမိတ္သစ္ကို ထူေထာင္ေၾကာင္းေၾကညာ
ALynn (NP News) - ဇူလိုင္ ၁

ဟန္ေဂရီဝန္ႀကီးခ်ဳပ္ ဗစ္တာေအာ္ဘန္သည္ ၾသစႀတီးယားႏွင့္ ခ်က္သမၼတႏိုင္ငံတို႔မွ လက္ယာယိမ္းပါတီမ်ားႏွင့္ပူးေပါင္းကာ အီးယူပါလီမန္မဟာမိတ္သစ္ကို ထူေထာင္ေၾကာင္း ေၾကညာခဲ့သည္။

ဟန္ေဂရီက ေျခာက္လအလွည့္က် အီးယူဥကၠ႒ရာထူးကို မထမ္းေဆာင္မီ တစ္ရက္အလိုတြင္ အဆိုပါေၾကညာခ်က္ထြက္ေပၚလာျခင္းျဖစ္သည္။ ၎မဟာမိတ္သစ္သည္ “ဥေရာပ မ်ိဳးခ်စ္မ်ား”ျဖင့္ ဖြဲ႕စည္းထားသည္ဟုတင္စားထားၿပီး ၎အဖြဲ႕တြင္ ေအာ္ဘန္ဦးေဆာင္ေသာ Fidesz ပါတီ၊ ၀န္ႀကီးခ်ဳပ္ေဟာင္း Andrej Babis က ဥကၠ႒အျဖစ္ တာဝန္ယူထားေသာ ခ်က္သမၼတ ႏိုင္ငံ၏ အႀကီးဆုံးအတိုက္အခံ ANO ပါတီႏွင့္ ဩစႀတီးယားအမ်ိဳးသားေကာင္စီအဖြဲ႕ဝင္ Herbert Kickl ဦးေဆာင္ေသာ FPO ပါတီတို႔ပါဝင္ေနသည္။

ေနာက္ဆုံးဥေရာပပါလီမန္ေ႐ြးေကာက္ပြဲရလဒ္မ်ားအရ အစုအဖြဲ႕၏မူဝါဒမ်ားကို ေျပာင္းလဲရမည္ျဖစ္ၿပိး လက္ရွိပါလီမန္အဖြဲ႕မ်ားသည္လည္း မလႊဲမေရွာင္သာ ခြဲထြက္ရမည္ဟု ဟန္ေဂရီ ေခါင္းေဆာင္က အေလးေပးေျပာၾကားခဲ့သည္။ ဇြန္လ ၉ ရက္ေ႐ြးေကာက္ပြဲရလဒ္မ်ားအရ အဖြဲ႕ဝင္ႏိုင္ငံ (၂၇)ႏိုင္ငံရွိ ႏိုင္ငံသားအမ်ားစုသည္ လက္ယာ ႏွင့္ ကြန္ဆာေဗးတစ္ပါတီမ်ားအား ပိုမိုေထာက္ခံခဲ့ၾကေၾကာင္း ေတြ႕ရွိရသည္။ ထို႔ေၾကာင့္လည္း လက္ဝဲယိမ္းပါတီမ်ားျဖစ္ၾကေသာ ဂ်ာမနီ၊ ျပင္သစ္ ႏွင့္ အီတလီရွိ အာဏာရၫြန႔္ေပါင္းအဖြဲ႕မ်ားသည္လည္း ၎တို႔၏ အခြင့္အာဏာအခ်ိဳ႕ကို လက္လႊတ္ခဲ့ရသည္။

ေအာ္ဘန္၏ Fidesz ပါတီသည္ EU ပါလီမန္တြင္ (၁၁)ေနရာအႏိုင္ရခဲ့ၿပီး FPO ႏွင့္ ANO တို႔က (၆)ေနရာႏွင့္ (၇)ေနရာစီ အသီးသီးရွိၾကၿပီး ပါတီသုံးခုစလုံးသည္ ၎တို႔ႏိုင္ငံမ်ား၏ ေ႐ြးေကာက္ပြဲမ်ားတြင္ အင္အားအေကာင္းဆုံးျဖစ္လာသည္။ လက္ရွိစည္းမ်ဥ္းမ်ားအရ ဥေရာပပါလီမန္တြင္ ႏိုင္ငံေရးအုပ္စုဖြဲ႕ရန္ အဖြဲ႕ဝင္ ၂၃ ဦးလိုအပ္ၿပီး အဖြဲ႕ဝင္ႏိုင္ငံမ်ား၏ ေလးပုံတစ္ပုံသည္ မဟာမိတ္အဖြဲ႕အတြင္း ကိုယ္စားျပဳရမည္ျဖစ္သည္။ မၾကာမီရက္ပိုင္းအတြင္း အျခားဥေရာပပါတီမ်ားပါ ပူးေပါင္းပါဝင္လာမည္ဟု ပါတီသုံးရပ္မွ ေခါင္းေဆာင္မ်ားက ေမွ်ာ္လင့္ေၾကာင္း မီဒီယာမ်ားသို႔ ေျပာၾကားခဲ့ပါသည္။

ဟန္ေဂရီသည္ ဥေရာပသမဂၢေကာင္စီ၏ ဥကၠ႒ရာထူးကို ဇူလိုင္လ ၁ ရက္တြင္ စတင္တာဝန္ ယူမည္ျဖစ္ၿပီး ယခုႏွစ္ကုန္အထိ တာဝန္ယူမည္ျဖစ္သည္။ အဆိုပါကာလအတြင္း ဟန္ေဂရီ သံတမန္မ်ားသည္ ဘရပ္ဆဲလ္တြင္ အစည္းအေဝးမ်ားကို ဥကၠ႒အျဖစ္ေဆာင္႐ြက္ၿပီး အီးယူ၏ ႏိုင္ငံေရးအစီအစဥ္မ်ားကို ပုံေဖာ္မည္ျဖစ္သည္။ ေအာ္ဘန္သည္ အီးယူႏွင့္ဆန႔္က်င္ ဘက္မူဝါဒမ်ားကို လိုက္စားသည့္အတြက္ ျပင္းထန္ေသာေဝဖန္မႈမ်ားႏွင့္ရင္ဆိုင္ေနရသည္။ ၂၀၂၂ ခုႏွစ္ ယူကရိန္း ပဋိပကၡစတင္ခ်ိန္ကတည္းက ဟန္ေဂရီသည္ ကိယက္ဗ္ကို လက္နက္မ်ားေပးအပ္ရန္ ျငင္းဆိုခဲ့ၿပီး သံတမန္နည္းလမ္းျဖင့္ေျဖရွင္းရန္ေတာင္းဆိုခဲ့ကာ ႐ုရွားႏွင့္ စီးပြားေရးအရ ဆက္ဆံမႈမ်ား ဆက္လက္ထားရွိခဲ့သည္။

Related news

© 2021. All rights reserved.