ရီပတ်ဘလီကန်ပါတီအနေနဲ့ ဒီမိုကရက်တစ်ပါတီသမ္မတလောင်းအဖြစ် ဘယ်သူပဲရွေးချယ်ခံရတာဖြစ်စေ ယှဉ်ပြိုင်ဖို့ အဆင်သင့်ရှိနေဟု ဆို

 842

NP News (NP News) - ဇူလိုင် ၁

ရီပတ်ဘလီကန်ပါတီအနေနဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းအဖြစ် ရွေးချယ်ခံရသူ ဘယ်သူဖြစ်ဖြစ် ယှဉ်ပြိုင်ဖို့ အဆင်သင့်ရှိနေကြောင်း ရီပတ်ဘလီကန်ပါတီရဲ့သမ္မတလောင်းရွေးချယ်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖူးသူ နီကီဟာလေးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ စကားစစ်ထိုးပွဲမှာ အမေရိကန်သမ္မတဖြစ်သလို လာမယ့်ရွေးကောက်ပွဲမှာ အမေရိကန်သမ္မတလောင်းပါဝင်ယှဉ်ပြိုင်မယ့် ဂျိုးဘိုင်ဒန်ဟာပြိုင်ဘက် ဒေါ်နယ်ထရမ့်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ဒီမိုကရက်တစ်ပါတီဟာ ဂျိုးဘိုင်ဒန်နေရာမှာ ငယ်ရွယ်သူတစ်ဦးနဲ့အစားထိုးဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ဒီမိုကရက်တစ်ပါတီကို အားပေးထောက်ခံသူများက ဂျိုးဘိုင်ဒန်ကို အမေရိကန်သမ္မတလောင်းအဖြစ် ဆက်လက် ရွေးချယ်မယ်ဆိုရင် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီကို ကူညီထောက်ပံ့ပေးတော့မှာ မဟုတ်ကြောင်း သတိပေးပြောဆိုထားပါတယ်။

နီကီဟာလေးက "ဂျိုးဘိုင်ဒန်ဟာ အံ့အားသင့်စရာကောင်းအောင် အဆင်မပြေဖြစ်ခဲ့ရတယ်။ ဒေါ်နယ်ထရမ့် ကတော့ တောင့်တင်းခိုင်မာကြောင်း ပြသနိုင်ခဲ့တယ်။ ကျွန်မတို့ရဲ့ပြိုင်ဘက်တွေဟာ လက်ရှိအချိန်ကစတင်ပြီး ဇန်နဝါရီ ၂ဝ ရက်အထိ သူတို့လုပ်လိုတာတွေကို လုပ်ကြဖို့ စီစဉ်ကြလိမ့်မယ်။ အဲဒီအတွက်ကြောင့် ရီပတ်ဘလီကန် ပါတီကလည်း ပြင်ဆင်သင့်တာ ပြင်ဆင်ထားရမယ်" လို့ ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီးဟောင်းဖြစ်သူ နီကီဟာလေးက "ရီပတ်ဘလီကန်ပါတီဝင်တွေဟာ ပြင်ဆင်ထားရမယ်။ ဒီမိုကရက်တစ်ပါတီဟာ ဂျိုးဘိုင်ဒန်ကို သမ္မတလောင်းအဖြစ် ဆက်လက်ပါဝင်ခွင့်ပြုမယ်ဆိုရင်တော့ ဒီမိုကရက်တစ်ပါတိအတွက် ရှင်သန်ဖို့ နည်းလမ်းမရှိတော့ဘူး။ အဲဒီအတွက် အရာရာတိုင်းကို ပြင်ဆင်ထားရမယ်" လို့ ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီဟာ သမ္မတရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ ဂျိုးဘိုင်ဒန်ပဲဖြစ်ဖြစ်၊ အခြားသူတစ်ဦးဦးကို အစားထိုးရွေးချယ်တာပဲဖြစ်ဖြစ် အမေရိကန်နိုင်ငံကို ထိခိုက်နာကျင်အောင်လုပ်ဆောင်ဖို့ အလားလာများကြောင်း နီကီဟာလေးက ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

Zawgyi Version;
ရီပတ္ဘလီကန္ပါတီအေနနဲ႔ ဒီမိုကရက္တစ္ပါတီသမၼတေလာင္းအျဖစ္ ဘယ္သူပဲေ႐ြးခ်ယ္ခံရတာျဖစ္ေစ ယွဥ္ၿပိဳင္ဖို႔ အဆင္သင့္ရွိေနဟု ဆို
NP News (NP News) - ဇူလိုင္ ၁

ရီပတ္ဘလီကန္ပါတီအေနနဲ႔ ဒီမိုကရက္တစ္ပါတီ သမၼတေလာင္းအျဖစ္ ေ႐ြးခ်ယ္ခံရသူ ဘယ္သူျဖစ္ျဖစ္ ယွဥ္ၿပိဳင္ဖို႔ အဆင္သင့္ရွိေနေၾကာင္း ရီပတ္ဘလီကန္ပါတီရဲ႕သမၼတေလာင္းေ႐ြးခ်ယ္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ဖူးသူ နီကီဟာေလးက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္းက က်င္းပခဲ့တဲ့ စကားစစ္ထိုးပြဲမွာ အေမရိကန္သမၼတျဖစ္သလို လာမယ့္ေ႐ြးေကာက္ပြဲမွာ အေမရိကန္သမၼတေလာင္းပါဝင္ယွဥ္ၿပိဳင္မယ့္ ဂ်ိဳးဘိုင္ဒန္ဟာၿပိဳင္ဘက္ ေဒၚနယ္ထရမ့္ကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဒီမိုကရက္တစ္ပါတီဟာ ဂ်ိဳးဘိုင္ဒန္ေနရာမွာ ငယ္႐ြယ္သူတစ္ဦးနဲ႔အစားထိုးဖို႔ စီစဥ္ေနေၾကာင္း သိရပါတယ္။

ဒီမိုကရက္တစ္ပါတီကို အားေပးေထာက္ခံသူမ်ားက ဂ်ိဳးဘိုင္ဒန္ကို အေမရိကန္သမၼတေလာင္းအျဖစ္ ဆက္လက္ ေ႐ြးခ်ယ္မယ္ဆိုရင္ သမၼတေ႐ြးေကာက္ပြဲမွာ ဒီမိုကရက္တစ္ပါတီကို ကူညီေထာက္ပံ့ေပးေတာ့မွာ မဟုတ္ေၾကာင္း သတိေပးေျပာဆိုထားပါတယ္။

နီကီဟာေလးက "ဂ်ိဳးဘိုင္ဒန္ဟာ အံ့အားသင့္စရာေကာင္းေအာင္ အဆင္မေျပျဖစ္ခဲ့ရတယ္။ ေဒၚနယ္ထရမ့္ ကေတာ့ ေတာင့္တင္းခိုင္မာေၾကာင္း ျပသႏိုင္ခဲ့တယ္။ ကြၽန္မတို႔ရဲ႕ၿပိဳင္ဘက္ေတြဟာ လက္ရွိအခ်ိန္ကစတင္ၿပီး ဇန္နဝါရီ ၂ဝ ရက္အထိ သူတို႔လုပ္လိုတာေတြကို လုပ္ၾကဖို႔ စီစဥ္ၾကလိမ့္မယ္။ အဲဒီအတြက္ေၾကာင့္ ရီပတ္ဘလီကန္ ပါတီကလည္း ျပင္ဆင္သင့္တာ ျပင္ဆင္ထားရမယ္" လို႔ ေျပာပါတယ္။

ကုလသမဂၢဆိုင္ရာအေမရိကန္သံအမတ္ႀကီးေဟာင္းျဖစ္သူ နီကီဟာေလးက "ရီပတ္ဘလီကန္ပါတီဝင္ေတြဟာ ျပင္ဆင္ထားရမယ္။ ဒီမိုကရက္တစ္ပါတီဟာ ဂ်ိဳးဘိုင္ဒန္ကို သမၼတေလာင္းအျဖစ္ ဆက္လက္ပါဝင္ခြင့္ျပဳမယ္ဆိုရင္ေတာ့ ဒီမိုကရက္တစ္ပါတိအတြက္ ရွင္သန္ဖို႔ နည္းလမ္းမရွိေတာ့ဘူး။ အဲဒီအတြက္ အရာရာတိုင္းကို ျပင္ဆင္ထားရမယ္" လို႔ ေျပာပါတယ္။

ဒီမိုကရက္တစ္ပါတီဟာ သမၼတေ႐ြးေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ဖို႔ ဂ်ိဳးဘိုင္ဒန္ပဲျဖစ္ျဖစ္၊ အျခားသူတစ္ဦးဦးကို အစားထိုးေ႐ြးခ်ယ္တာပဲျဖစ္ျဖစ္ အေမရိကန္ႏိုင္ငံကို ထိခိုက္နာက်င္ေအာင္လုပ္ေဆာင္ဖို႔ အလားလာမ်ားေၾကာင္း နီကီဟာေလးက ေဝဖန္ျပစ္တင္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.